Latest Posts
လာမယ့် ၂၀၂၀ မှာ မြဝတီရုပ်မြင်သံကြား သတင်းကြေငြာသူအဖြစ် တာဝန်ထမ်းဆောင်တော့မယ်ဆိုတဲ့ ယဉ်လတ်
Unicode
အက်ရှင်မင်းသမီးလေးလို့ လူသိများတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ယဉ်လတ် ဟာဆိုရင် သရုပ်ဆောင် ပီပြင်ပြီးကျရာ ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် သူမကိုအားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ယဉ်လတ် ကို သတင်းကြေငြာသူအသွင်နဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ယဉ်လတ်က ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးထားသူပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။ယဉ်လတ်က သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလေ့ရှိပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေက ချစ်နေကြတာပါ။ဒီတစ်ခါမှာတော့ ယဉ်လတ် က သူမကို လာမယ့် ၂၀၂၀ မှာ မြဝတီရုပ်မြင်သံကြား သတင်းကြေငြာသူတစ်ဦးအဖြစ် မြင်တွေ့ရမယ်လို့ ခုလိုပြောထားပါတယ်။ယဉ်လတ် က ” မြဝတီရုပ်မြင်သံကြား ပရိသတ်များရှင်… ၂၀၂၀ခုနှစ် ကနေစတင်ပြီး ကျွန်မကို မြဝတီHD အတွက် TV ဖန်သားပြင်ပေါ်မှာ ယခုလို မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်ရှင်… ” ဆိုပြီးပြောထားပါတယ်။ ယဉ်လတ် က “မေမေ အပျိုတုန်းက… မြဝတီ 1st batch အတွက်… အင်တာဗျူး ဖြေခဲ့တဲ့နေရာလေးမှာ… သမီး ဒီတာဝန်ကိုထမ်းဆောင်နိုင်ခဲ့ပြီ မေမေ… 😊”ဆိုပြီးပြောထားပါသေးတယ်။သရုပ်ဆောင် ယဉ်လတ်ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit-Momolay