Latest Posts

“မေမေနဲ့ တစ်ထေရာတည်းတူတဲ့ နှုတ်ခမ်းလှလှလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ရဲ့ချစ်သမီးချောလေး Treasure”


အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုများစွာနဲ့ နေရာတစ်နေရာ ရရှိပြီး ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က ဂီတလမ်းကြောင်းပေါ်မှာ သူမရဲ့သီချင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှု ရရှိထားသလို ရုပ်ရှင်လောကမှာလည်း ဇာတ်ကားကောင်းတွေ ရိုက်ကူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အခုချိန်မှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးဦးလေးက အရမ်းကို ချစ်ဖို့ကောင်းတာကြောင့် အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။


စန္ဒီမြင့်လွင်ကတော့ သူမရဲ့ချစ်သမီးလေးကို “Treasure” လေးလို့ ချစ်စနိုးနဲ့ နာမည်လေးပေးထားတာ ဖြစ်ပါတယ်။

ပါးနီတာရဲလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက မေမေနဲ့ တစ်ထေရာတည်းတူတဲ့ နှုတ်ခမ်းလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပဲဖြစ်ပါတယ်။


အခုလည်း စန္ဒီမြင့်လွင်က အိပ်ယာထဲမှာ အိပ်မောကျနေတဲ့ ချစ်သမီးလေးကို တစိမ့်စိမ့်ကြည့်ရင်း အချစ်တွေပိုနေရတာပဲ ဖြစ်ပါတယ်။


စန္ဒီမြင့်လွင်က ” Sleeping Time ” ဆိုပြီး အိပ်ပျော်နေတဲ့ ချစ်သမီးလေး Treasure ရဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ တွေ့ရပါတယ်။


ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကို အသည်းယားချင်စရာကောင်းတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။


Credit  \\  original