Latest Posts

H1N1 ေၾကာင့္ လူနွစ္ဦးထပ္မံေသဆံုးၿပီး စုစုေပါင္းေသဆံုးသူ ၈၃ ဦးရွိလာ


Zawgyicodeျဖင့္ဖတ္ရန္

ရာသီတုပ္ေကြး H1N1 ေၾကာင့္ လူႏွစ္ဦးထပ္မံေသဆံုးၿပီး တစ္ႏိုင္ငံလံုး၌ စုစုေပါင္းေသဆံုး သူ ၈၃ ဦးရွိလာေၾကာင္း က်န္း မာေရးႏွင့္အားကစားဝန္ႀကီးဌာန က ဩဂုတ္ ၁ ရက္တြင္ ထုတ္ျပန္ သည္။ဇူလိုင္ ၃၁ ရက္အထိ ေသ ဆံုးသူ ၈၁ ဦးရွိရာမွ ဩဂုတ္ ၁ ရက္တြင္ ႏွစ္ဦးထပ္မံေသဆံုး သျဖင့္ ၈၃ ဦးရွိလာသည္။

၂၀၁၇ တြင္ ျမန္မာႏိုင္ငံ၌ H1N1 ရာသီတုပ္ေကြးေရာဂါျဖစ္ ပြားသူ ၄၀၆ ဦးရွိၿပီး ေသဆံုးသူ ၃၈ ဦးရွိခဲ့သည္။ ယခုႏွစ္တြင္ ဩ ဂုတ္ ၁ ရက္အထိ ျဖစ္ပြားသူ ၄၃၉ ဦးရွိၿပီး ေသဆံုးသူ ၈၃ ဦးရွိသည္။ ထို႔ေၾကာင့္ ၂၀၁၇ ႏွင့္ႏႈိင္းယွဥ္ လွ်င္ ယခုအခ်ိန္ထိ ေသဆံုးသူ ႏွစ္ဆေက်ာ္ေနသည္။

ဇူလိုင္ ၃၁ ရက္မွ ဩဂုတ္ ၁ ရက္အထိ တစ္ရက္အတြင္းမေကြး တိုင္းမွတစ္ဦး၊ စစ္ကိုင္းတိုင္းမွ တစ္ဦး ထပ္မံေသဆံုးျခင္းျဖစ္ သည္။ လက္ရွိတြင္ ခ်င္းျပည္နယ္ ႏွင့္ ရွမ္းအေရွ႕ပိုင္းမွလြဲ၍ က်န္ တိုင္းႏွင့္ျပည္နယ္မ်ား၌ ယင္း ေရာဂါျဖစ္ပြားေနသည္

။ရန္ကုန္တိုင္းသည္ H1N1 ျဖစ္ပြားမႈႏွင့္ေသဆုံးမႈ အမ်ားဆုံး တိုင္းေဒသႀကီးျဖစ္ၿပီး ေသဆုံးသူ ၆၂ ဦးရွိသည္။ ထို႔ေၾကာင့္ လူဦး ေရထူထပ္သည့္ ရန္ကုန္တိုင္းအ တြင္း ေနထိုင္သူမ်ားအေနျဖင့္ ဂ႐ုစိုက္ေနထိုင္ရန္ ဆရာဝန္မ်ား က အႀကံျပဳထားသည္။

‘‘အေရးႀကီးဆုံးက ေရာဂါ ေစာင့္ၾကည့္ေလ့လာေရးလုပ္ငန္း စဥ္ကို အဲဒါကအခုလည္းတိုးတက္ ေနတယ္။ အဲဒီတိုးတက္တဲ့ဟာကို ဆက္လက္ၿပီးေတာ့ ထိန္းၿပီးလုပ္ သြားဖို႔လိုတယ္။

ေနာက္ကာကြယ္ ေဆးကို ကူးစက္ႏုိင္ေျချမင့္မား တဲ့ အုပ္စုေတြမွာထိုးဖို႔၊ ေနာက္ တစ္ခါ ေဆး႐ုံေတြမွာ ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ေရးလုပ္ဖို႔နဲ႔ ပို႔ ေဆာင္ေရးစနစ္မွာဆိုရင္လည္း ဘတ္စ္ကားေတြ၊ ရထားေတြမွာ ေလဝင္ ေလထြက္ေကာင္း ေအာင္၊ သန္႔ရွင္းမႈ႐ွိေအာင္လုပ္ ေပးတာတို႔အျပင္ ျပည္သူေတြ ကလည္း ႏွာေခ်၊ ေခ်ာင္းဆိုးရင္ ကိုယ္ကေန တျခားသူကုိ မကူး ေအာင္လို႔ အုပ္ၿပီးဆိုးတာမ်ိဳးေတြ၊

လက္မၾကာခဏေဆးတာမ်ိဳးေတြ စတဲ့ေရာဂါကာကြယ္ေရးနည္း လမ္းေတြကိုအသုံးျပဳဖို႔အေရးႀကီးပါတယ္’’ ဟု ကမၻာ့က်န္းမာေရးအ ဖြဲ႕ (WHO)မွ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေန ကိုယ္စားလွယ္ ေဒါက္တာ စတီဗင္ေပါလ္ေဂ်ာ့ခ်္က အႀကံျပဳ သည္။
Credit 7DaysDailyNews

Unicode

ရာသီတုပ်ကွေး H1N1 ကြောင့် လူနှစ်ဦးထပ်မံသေဆုံးပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံး သူ ၈၃ ဦးရှိလာကြောင်း ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန က ဩဂုတ် ၁ ရက်တွင် ထုတ်ပြန် သည်။ဇူလိုင် ၃၁ ရက်အထိ သေ ဆုံးသူ ၈၁ ဦးရှိရာမှ ဩဂုတ် ၁ ရက်တွင် နှစ်ဦးထပ်မံသေဆုံး သဖြင့် ၈၃ ဦးရှိလာသည်။ ၂၀၁၇ တွင် မြန်မာနိုင်ငံ၌ H1N1 ရာသီတုပ်ကွေးရောဂါဖြစ် ပွားသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦးရှိခဲ့သည်။ ယခုနှစ်တွင် ဩ ဂုတ် ၁ ရက်အထိ ဖြစ်ပွားသူ ၄၃၉ ဦးရှိပြီး သေဆုံးသူ ၈၃ ဦးရှိသည်။ ထို့ကြောင့် ၂၀၁၇ နှင့်နှိုင်းယှဉ် လျှင် ယခုအချိန်ထိ သေဆုံးသူ နှစ်ဆကျော်နေသည်။

ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁ ရက်အထိ တစ်ရက်အတွင်းမကွေး တိုင်းမှတစ်ဦး၊ စစ်ကိုင်းတိုင်းမှ တစ်ဦး ထပ်မံသေဆုံးခြင်းဖြစ် သည်။ လက်ရှိတွင် ချင်းပြည်နယ် နှင့် ရှမ်းအရှေ့ပိုင်းမှလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ်များ၌ ယင်း ရောဂါဖြစ်ပွားနေသည်။ရန်ကုန်တိုင်းသည် H1N1 ဖြစ်ပွားမှုနှင့်သေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်ပြီး သေဆုံးသူ ၆၂ ဦးရှိသည်။ ထို့ကြောင့် လူဦး ရေထူထပ်သည့် ရန်ကုန်တိုင်းအ တွင်း နေထိုင်သူများအနေဖြင့် ဂရုစိုက်နေထိုင်ရန် ဆရာဝန်များ က အကြံပြုထားသည်။

‘‘အရေးကြီးဆုံးက ရောဂါ စောင့်ကြည့်လေ့လာရေးလုပ်ငန်း စဉ်ကို အဲဒါကအခုလည်းတိုးတက် နေတယ်။ အဲဒီတိုးတက်တဲ့ဟာကို ဆက်လက်ပြီးတော့ ထိန်းပြီးလုပ် သွားဖို့လိုတယ်။ နောက်ကာကွယ် ဆေးကို ကူးစက်နိုင်ခြေမြင့်မား တဲ့ အုပ်စုတွေမှာထိုးဖို့၊ နောက် တစ်ခါ ဆေးရုံတွေမှာ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ဖို့နဲ့ ပို့ ဆောင်ရေးစနစ်မှာဆိုရင်လည်း ဘတ်စ်ကားတွေ၊ ရထားတွေမှာ လေဝင် လေထွက်ကောင်း အောင်၊ သန့်ရှင်းမှုရှိအောင်လုပ် ပေးတာတို့အပြင် ပြည်သူတွေ ကလည်း နှာချေ၊ ချောင်းဆိုးရင် ကိုယ်ကနေ တခြားသူကို မကူး အောင်လို့ အုပ်ပြီးဆိုးတာမျိုးတွေ၊ လက်မကြာခဏဆေးတာမျိုးတွေ စတဲ့ရောဂါကာကွယ်ရေးနည်း လမ်းတွေကိုအသုံးပြုဖို့အရေးကြီးပါတယ်’’ ဟု ကမ်ဘာ့ကျန်းမာရေးအ ဖွဲ့ (WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ စတီဗင်ပေါလ်ဂျော့ချ်က အကြံပြု သည်။
Credit 7DaysDailyNews