Latest Posts

နောက်(၂)ရက်အတွင်းမုတ်သုံလေ အားကောင်းကာ မိုးထစ်ချုန်းရွာသွန်းမည်


မုတ်သုံလေအားကောင်းနေခြင်းကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အလိုက် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်သလို၊ နေရာကွက်ကြားမိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။


သြဂုတ်လ(၃)ရက်နဲ့ (၄)ရက်နေ့မှာတော့ မြန်မာနိုင်ငံအတွင်းမုတ်သုံလေအားကောင်းနေပြီး တိုင်းဒေသကြီးပြည်နယ်အလိုက် မိုးတစ်ကြိမ်ကနေ နှစ်ကြိမ်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေသညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ(၂)ရက်နေ့ ညနေပိုင်းကထုတ်ပြန်ကြေညားထားပါတယ်။

မနက်ဖြန်နံနက်ပိုင်းအထိ သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အလိုက် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်သလို၊ နေရာကွက်ကြားမိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျရောက်စဉ်ပင်လယ်ရေမျက်နှာပြင်ဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်အနီးတစ်ဝိုက်မှာတော့ နောက်(၂)ရက်အတွင်း နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ရှိတယ်လို့ မိုးဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Credit \\  original