တာဝန်အပြည့်ဝမယူပဲ တာဝန်မဲ့စကားပြောသွားသော ရပ်ကွက်ရာအိမ်မှုးရဲ့လုပ်ရပ်
တာဝန်အပြည့်ဝမယူပဲ တာဝန်မဲ့စကားပြောသွားသော
ရပ်ကွက်ရာအိမ်မှုးရဲ့လုပ်ရပ်
*******************

ရွှေပြည်သာမြို့ အမှတ် ၉ ရက်ကွက် မြေတိုင်း၂ ပန်းခြံ ၁၁နေ ရာအိမ်မှူး ကိုဝင်းနိုင်ဆိုသူသည် ၄င်းရာအိမ်မှူးတာဝန်ယူထားသော ပန်းခြံ၁၁အတွင်းနေ
အသက် ၂၅ နစ်အရွယ် မုဆိုးမလေးတယောက်၏ ၄ နစ်အရွယ်သားငယ်လေးအား ဆိုင်ကယ်နှင့် ဝင်တိုက်မိရာ ကလေးငယ်၏ လက်တဖက်မှာ ပုံပါအတိုင်း လက်ချောင်းငယ် နှစ်ချောင်းမှာ ပျက်တောက်သွားခဲ့ပီး ကျန်လက်ချောင်းများမှာလည်း ထိခိုက်စုတ်ပြတ်သွားခဲ့ပါသည် ။

်ယင်းဖြစ်ရပ်နှင့်ပတ်သက်ပီး ဆိုင်ကယ်နှင့်ဝင်တိုက်မိသူ
ရာအိမ်မှူးမှာ ကလေး၏မိခင်ထံသွားရောက်ပီး ငွေ၅သိန်း လျော်ပေးမယ်ဟု ပြောကြားခဲ့သည်။
ယင်းနောက် နင်တို့မကျေနပ်ရင် ကြိုက်တဲ့နေရာတိုင်
ငါက မသကာ ထောင်သုံးလအပြင် ပိုမကျဘူးး
ငါ့နောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရှိတယ်ဆိုတာ နင်တို့သဘောပေါက်ပါ လို့ ပြောဆိုခဲ့ပါသည်။
ယင်းသို့ မိမိကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့
ကလေးငယ်တဦးရဲ့တာဝန်ကို အပြည့်ဝတာဝန်မယူနိုင်တဲ့အပြင် ခုလို အတင့်ရဲပြောဆိုလာမှုမှာ ရပ်ကွက်အပိုင်ခေါင်းဆောင်တယောက်ရဲ့ လက်လွတ်စပယ် ခြိမ်းခြောက်ပြောဆိုနေသလို ဖြစ်နေပါသည်။
ဒါ့အပြင် ကလေးငယ်ဆေးရုံတက်နေစဉ်ကာလအတွင်း
မုဆိုးမမိခင်နှင့်လက်ပြတ်ခံသားငယ်လေးအား တကြိမ်သာ လာရောက်ကြည့်ရှုပီး ယနေ့အချိန်ထိတိုင်
ငွေသား၅သိန်းမပေးသေးပါ။
အမှန်တကယ် ကလေးမိခင်မုဆိုးမလေးမှာ ဆင်းရဲချို့တဲ့ရှာသူပါ။
ယနေ့အချိန်ထိ ကုန်ကျစရိတ်စုစုပေါင်းမှာ ၈သိန်းနီးနီးကုန်ကျခဲ့ပါသည်။
ထိုကုန်ကျငွေများမှာလည်း ပတ်ဝန်းကျင်မှ ချေးဌားပီးကုသနေခြင်းအပေါ်
တာဝန်ယူမှုမရှိသည့်အတွက် တာဝန်မဲ့ရာအိမ်မှူး၏လုပ်ရပ်အား တာဝန်သိပြည်သူတယောက်အနေဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။်
credit-ဘုန်းမြတ်
copy -MZT