မိန္းမျဖစ္သူကို ဖဲေပါင္႐ုိက္တဲ့အမ်ိဳးသား ဖဲ႐ႈံးေတာ့ သူ႕ကတိအတုိင္း ႏွစ္ႀကိမ္တုိင္ အဓမၼက်င့္ေစခဲ့
အိႏၵိယႏုိင္ငံ၊ အူတာပရာဒက္ရွ္ျပည္နယ္၊ Jaunpur မွာ ေနထုိင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ဖဲ႐ုိက္ဖုိ႔ေငြမရွိေတာ့ သူ႕မိန္းမကို ဖဲေပါင္႐ုိက္ခဲ့ေၾကာင္း သိရပါတယ္။ အဲဒီလုိ ဖဲေပါင္႐ုိက္ေတာ့လည္း သူပဲ ဆက္႐ႈံးခဲ့တာမုိ႔ သူ႕ကတိအတုိင္း ဖဲႏုိင္သူေတြကို မိန္းမနဲ႔ ေပ်ာ္ပါးခြင့္ေပးခဲ့ပါတယ္။
မိန္းမျဖစ္သူက ျငင္းဆန္ေနလုိ႔၊ သူရဲ႕ ေဘာ္ဒါေတြက ဖဲဝုိင္းမွာ လင္ျဖစ္သူထားခဲ့တဲ့ ကတိအတုိင္း ႏွစ္ႀကိမ္ဆီ အဓမၼက်င့္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္၊ တစ္ႀကိမ္ဆီသာ အရာေရာက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ အဆိုပါ အမ်ိဳးသမီးမွာ ထြက္ေျပးသြားခဲ့ေၾကာင္း ဆုိပါတယ္။
ဇနီးျဖစ္သူဟာ အဓမၼက်င့္ခံရၿပီးေနာက္၊ သူမရဲ႕ ဦးေလးအိမ္ကို ထြက္ေျပးခဲ့ပါတယ္။ အဲဒီေနာက္ ဖဲသမားလင္က ေနာက္က လုိက္သြားၿပီး၊ ဒီကိစၥကုိ ဘယ္သူ႕ကိုမွ မေျပာဖုိ႔နဲ႔ သူ ေနာက္ ဒီလုိမျဖစ္ေစရဘူးလုိ႔ ကတိေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲဒါနဲ႔ သူ႕မိန္းမလည္း အိမ္ျပန္ လုိက္လာပါသတဲ့။
ဒါေပမယ့္ အိမ္မေရာက္ခင္ လမ္းေဘးမွာပဲ သူ႕ေဘာ္ဒါေတြက အသင့္ေစာင့္ဆုိင္းေနၿပီး၊ ေနာက္ထပ္ တစ္ႀကိမ္ဆီ အုပ္စုဖြဲ႕ အဓမၼက်င့္ခဲ့ေၾကာင္း သိရပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ဇနီးက ရဲစခန္းကို သြားေရာက္တုိင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ရဲက အေရးအရာမလုပ္တာနဲ႔ ျပည္နယ္တရား႐ုံးကို သြားတုိင္ခဲ့ပါတယ္။
ျပည္နယ္တရား႐ုံးက ပထမသတင္းေပးတုိင္ခ်က္ကုိ အတည္ျပဳအမႈဖြင့္ေပးခဲ့ၿပီး၊ ရဲတပ္ဖြဲ႕ကို ဆင့္ေခၚကာ အေရးယူရန္ကိစၥေတြ ညႊန္ၾကားခဲ့ေၾကာင္း သိရပါတယ္။ အခင္းျဖစ္စဥ္မွာ ပါဝင္သူေတြရဲ႕နာမည္ကို အတည္ျပဳမထားေသးပါဘူး။ ေနာက္ လူဘယ္ႏွစ္ေယာက္ စြဲခ်က္တင္ခံထားရတယ္ဆုိတာ မသိရေသးပါဘူး။Credit -original
ယူနီကုဒ်ဖြင့်ဖတ်ရန်-
အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်၊ Jaunpur မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဖဲရိုက်ဖို့ငွေမရှိတော့ သူ့မိန်းမကို ဖဲပေါင်ရိုက်ခဲ့ကြောင်း သိရပါတယ်။ အဲဒီလို ဖဲပေါင်ရိုက်တော့လည်း သူပဲ ဆက်ရှုံးခဲ့တာမို့ သူ့ကတိအတိုင်း ဖဲနိုင်သူတွေကို မိန်းမနဲ့ ပျော်ပါးခွင့်ပေးခဲ့ပါတယ်။
မိန်းမဖြစ်သူက ငြင်းဆန်နေလို့၊ သူရဲ့ ဘော်ဒါတွေက ဖဲဝိုင်းမှာ လင်ဖြစ်သူထားခဲ့တဲ့ ကတိအတိုင်း နှစ်ကြိမ်ဆီ အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ပေမယ့်၊ တစ်ကြိမ်ဆီသာ အရာရောက်ခဲ့ကြောင်း၊ အဲဒီနောက် အဆိုပါ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ကြောင်း ဆိုပါတယ်။
ဇနီးဖြစ်သူဟာ အဓမ္မကျင့်ခံရပြီးနောက်၊ သူမရဲ့ ဦးလေးအိမ်ကို ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက် ဖဲသမားလင်က နောက်က လိုက်သွားပြီး၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ သူ နောက် ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ သူ့မိန်းမလည်း အိမ်ပြန် လိုက်လာပါသတဲ့။
ဒါပေမယ့် အိမ်မရောက်ခင် လမ်းဘေးမှာပဲ သူ့ဘော်ဒါတွေက အသင့်စောင့်ဆိုင်းနေပြီး၊ နောက်ထပ် တစ်ကြိမ်ဆီ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဇနီးက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲက အရေးအရာမလုပ်တာနဲ့ ပြည်နယ်တရားရုံးကို သွားတိုင်ခဲ့ပါတယ်။
ပြည်နယ်တရားရုံးက ပထမသတင်းပေးတိုင်ချက်ကို အတည်ပြုအမှုဖွင့်ပေးခဲ့ပြီး၊ ရဲတပ်ဖွဲ့ကို ဆင့်ခေါ်ကာ အရေးယူရန်ကိစ္စတွေ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်စဉ်မှာ ပါဝင်သူတွေရဲ့နာမည်ကို အတည်ပြုမထားသေးပါဘူး။ နောက် လူဘယ်နှစ်ယောက် စွဲချက်တင်ခံထားရတယ်ဆိုတာ မသိရသေးပါဘူး။Credit -original