Latest Posts

အခုခေတ်ကရုပ်ချောရင် သီချင်းက ပေါက်သွားတယ်ဆိုတဲ့ မိုးမိုး

ပရိသတ်တွေရဲ့ ရင်ထဲကို အလွမ်းသီချင်းအေးအေးလေးတွေနဲ့ ဖမ်းစားနိုင်တဲ့ အဆိုတော် မိုးမိုးက ဒီဘက်ခေတ် အနုပညာ(အဆို)လောက အကြောင်း ဘယ်လိုတွေ ဖြစ်ပျက်နေလဲဆိုတာကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

အခုခေတ် သီချင်းတစ်ပုဒ်ပေါက်ဖို့ အတွက်က “အခုလက်ရှိ မြန်မာပြည် ပရိသတ်အနေထားအရ ကျွန်တော် ဂီတအလုပ်လုပ်ရတာတွေက ခက်ခဲပါတယ် တစ်ခါတစ်လေကျတော့ ကျွန်တော် ဘယ်သူ့ကိုမှ တိုက်ခိုက်ပြီး စော်ကားတာမဟုတ်ပါဘူး ရုပ်ချောနေရင် သီချင်းကပေါက်သွားရော အဲ့လိုကရှိသေးတာကို

အဲ့တော့ ရုပ်မချောအောင် နေတဲ့အခါကျတော့ သီချင်းက မပေါက်ဘူး အမှန်တိုင်းပြောတာလေ ဘာလို့ဆိုတော့ ကျွန်တော်အရင်တုန်းက ငယ်ငယ်သေးသေးလေး လေ

အဲ့တုန်းကဆို သီချင်းတွေက စော်တွေကြိုက်တယ်ပေါ့နော် အခုကျတော့ လုပ်ရတာ အရမ်းခက်လာတယ် အလကားစတာပါ သီချင်းလုပ်တဲ့နေရာမှာနေနေ သူတို့ လိုချင်တဲ့ဟာရှိတယ် သူတို့လိုချင်တဲ့ pointတွေကို လိုက်ဖမ်းရတာပါ



အဲ့တာကိည မဖမ်းနိုင်ဘူးဆိုရင် သီချင်းက ပေါက်ဖို့ခက်တယ် ကိုယ့်စိတ်မှန်းထက် လုပ်ရမှာထက် သူတို့ဘာလိုချင်တာလဲဆိုတဲ့ trendနောက်လိုက်ပြီး ရေးတာကတော့

ပေါက်နိုင်ချေ ပိုများတယ် ဒါပေမယ့် အဲ့ဒီခါကျ သီချင်းတစ်ပုဒ်က ပေါက်ဖို့လွယ်သလို ပျောက်ဖို့လည်း လွယ်သွားတယ် အခုခေတ်က အဲ့လိုဖြစ်နေတာပါ”လို့ ဒီဘက်ခေတ် ဂီတလမ်းကြောင်းမှာ ဖြစ်ပျက်နေတာလေးတွေ ပြောကြားသွားခဲ့ပါတယ်။


ဒီဘက်ခေတ် လူငယ်တွေ အောင်မြင်ဖို့ လွယ်သလို ပျောက်ကွယ်ဖို့လည်း လွယ်တယ်ဆိုတဲ့ အပေါ်မှာ သူ့အနေနဲ့

“အဲ့ဒါက သူတို့အရည်အချင်းကြောင့် မဟုတ်ပါဘူး ခေတ်ကြောင့် ဖြစ်တာပါ ခေတ်ကြီးကိုက အပြောင်းလဲ မြန်တဲ့ခေတ်ဆိုတော့လေ ဆိုကြပါစို့ အခု Facebookသုံးနရင်း မသုံးချင်တော့ဘူး ဘယ်ရောက်သွားလဲဆိုတော့ Instagramရောက်သွားရော Instagramမဟုတ်တော့ရင် You tubeကို ရောက်သွားပြန်ရော

အဲ့ခါမှ Instagramမှာ ဘယ်သူအောင်မြင်နေပြီဆိုပြီး ဖြစ်လာရင် အဲ့ဘက်ပြန်ရောက်သွားပြန်ရော အဲ့တော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုက ရက်ပိုင်းပဲဖြစ်နေတာပေါ့ သီချင်းတစ်ပုဒ်ရဲ့ အောင်မြင်မှုကလည်း ရက်ပိုင်းပဲ ဖြစ်သွားတဲ့အခါကျတော့ ခေတ်ကြောင့်ဖြစ်တာပါ



သူတို့ရဲ့ အနုပညာကြောင့်နဲ့တော့ မဆိုင်ပါဘူး တစ်ခုတော့ရှိတယ် အနုပညာကို ဒီတိုင်း သီချင်းတွေ ဆက်တိုက် ခနခနဖန်တီးနေဖို့တော့ လိုတာပေါ့ အဲ့လို ဆက်တိုက် ဖန်တီးနိုင်တဲ့လူက ပိုပြီးတော့ ပရိတ်သတ်ရဲ့ မျက်စိရှေ့မှာ အကြာကြီး မြင်ရတဲ့ သဘောဖြစ်နေတာပေါ့ အဲ့လို ခနခနဖန်တီးဖို့ဆိုရင်လည်း ကိုယ်ကိုယ်တိုင်က

ပိုက်ဆံတွေ အရမ်းရှိပြီး အောင်မြင်နေရင်လည်း တစ်မျိုး ဖြစ်နိုင်ချေ ရှိတယ် အဲ့လိုမှ မဟုတ်ရင် မိဘက ထောက်ပံ့ပေးနိုင်မှသာ ဖြစ်မှာလေ ဘာလို့ဆို MTVတစ်ပုဒ်ရိုက်ရင်တောင် မနည်းဘူး ကုန်တယ်လေ” ဆိုပြီး ခေတ်အနေအထား အကြောင်းပြောပြသွားခဲ့ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ “အခုလက်ရှိကတော့ ကျွန်တော် tourတွေသွားနေတာ tourထွက်တာက အခု ၄၃မြို့ပြီးသွားပြီ ၉မြို့ကျန်တယ် အဲ့ဒါပြီးရင် မြစ်ကြီးနားတစ်ခေါက်သွားမယ် ပြီးရင် စိုင်းစိုင်းပွဲဆိုမယ် ပြီးရင် သင်္ကြန်ပေါ့ သင်္ကြန်ပြီးရင်တော့ ၂လလောက်နေရင် အခွေသစ်ထွက်မှာပါ စိုင်းစိုင်းနဲ့သီချင်းလုပ်ဖို့က moodဖမ်းရတာမလွယ်ဘူး

သူအရမ်း motivatedဖြစ်တဲ့အချိန်မှာ ကိုယ်တွေက လိုက်မဖမ်းနိုင်ရင် အဲ့သီချင်းဖြစ်ဖို့က ကြာသွားပြန်ရော အဲတော့ ကိုယ်က motivatedဖြစ်တော့လည်း သူ့ရဲ့ moodဝင်တဲ့အချိန်ကို စောင့်ရပြန်ရော သူရောကိုယ်ရော တကယ့်ကို စိတ်ပါလက်ပါဖြစ်နေတယ်ဆိုရင် ဖန်တီးလိုက်ပြီဆိုရင် ၅မိနစ်တောင် မကြာဘူး အဲ့တော့ အဲ့လိုအချိန်ကို ဖန်တီးဖို့ နှစ်ယောက်ပြန်တွေ့ရမှာပေါ့နော်

သူနဲ့ဖန်တီးရတဲ့အချိန်မှာတော့ သီချင်းတွေက သူများတွေနဲ့တော့ မတူဘူး လုပ်ပြီဟေ့ဆိုတာနဲ့ ချက်ချင်းပြီးတယ် အခုသီချင်းလုပ်ဖို့တော့ ကြိုးစားနေပါတယ် ပုံစံတစ်မျိုးဖြစ်ပါလိမ့်မယ် အချစ်သီချင်းပါပဲ”လို့ နောက်ထွက်မယ့် သီချင်းအကြောင်းကို ပြောပြသွားပါတယ်။

“ဒီနှစ်မှာတော့ သင်္ကြန်ကို နည်းနည်းလေး လျှော့ကဲပါ ဘာလို့ဆို နောက်နှစ်မှာ ရက်ထပ်နှစ်ဆိုတော့ တစ်ရက်ပိုကဲလို့ ရပြီလေ

အခုက အပူဒဏ်ကို ဂရုစိုက်ကြပါ ကျန်တဲ့ ရန်တွေ လည်း ဂရုစိုက်ကြပါ” ပရိတ်သတ်တွေအတွက် နှစ်သစ် ဆုတောင်းပေးခဲ့ရင်းနဲ့ ဂရုစိုက်ကြဖို့ မှာသွားခဲ့ပါတယ်။
Credit  \\  original