မိဘႏွစ္ပါးလုံးက ေက်ာက္ကပ္မလႉသျဖင့္ အသက္အႏၱရာယ္ရင္ဆိုင္ေနရသည့္ အိႏၵိယမိန္းကေလး
Zawgyicode
မိန္းကေလးျဖစ္ေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ မိဘႏွစ္ပါးအပါအဝင္ ေက်ာက္ကပ္လႉဒန္းသူ မရွိတာေၾကာင့္ အိႏၵိယနိုင္ငံက အသက္ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တဦးဟာ အသက္ေဘးနဲ႕ ရင္ဆိုင္ေနရတယ္လို႔ OC သတင္းမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေဖာ္ျပပါတယ္။
ဒီမိန္းကေလးဟာ ရွိတ္ပူရာၿမိဳ႕ အက္ဗ္ဂီ႐ြာမွာေနထိုင္တဲ့ ကန္ခ်န္ ကူမာရီဆိုသူပါ။ သူမဟာ ျပင္းထန္တဲ့ ေက်ာက္ကပ္ေရာဂါကို ခံစားေနရၿပီး အစားထိုးကုသဖို႔အတြက္လည္း အလႉရွင္မဲ့ ျဖစ္လို႔ ေနပါတယ္။သူ႕မိဘေတြက သူ႕အတြက္လႉဒါန္းရင္ သူမအသက္ရွင္နိုင္မႈက ျမင့္တက္လာနိုင္ေပမယ့္ ကန္ခ်န္ဟာ မိန္းကေလးျဖစ္ေနတာေၾကာင့္ သူတို႔အေနနဲ႕ ဒီလိုအႏၱရာယ္မ်ားတဲ့ စြန႔္စားမႈကို မလုပ္လိုဘူးလို႔ သူ႕ဖခင္ျဖစ္သူက ေျပာပါ တယ္။
ကန္ခ်န္ဟာ ၿပီးခဲ့တဲ့ႏွစ္လက ဒီေရာဂါကို စတင္ခံစားခဲ့ရတာပါ။ စစ္ေဆးမႈေတြ မ်ားစြာျပဳလုပ္ၿပီးခ်ိန္မွာေတာ့ သူမရဲ႕ေက်ာက္ကပ္ႏွစ္ခုစလုံးဟာ အလုပ္မလုပ္ေတာ့တာကို ေတြ႕ခဲ့ရၿပီး သူမအသက္ရွင္ဖို႔အတြက္ တခုတည္းေသာ ေ႐ြးခ်ယ္စရာက ေက်ာက္ကပ္အစားထိုး ကုသဖို႔ပါပဲ။
“ဘယ္သူက သူ႕ကိုေက်ာက္ကပ္လႉေပးမွာလဲ။ သူက မိန္းကေလးေလ” လို႔ ဖခင္ျဖစ္သူက ေျပာတယ္လို႔ ေဒသတြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ သူ႕အေဖလို သူ႕အေမကလည္း သူမအတြက္ လႉဒါန္းေပးဖို႔ စိတ္ဝင္စားပုံမရဘူးလို႔ သတင္းမွာ ထပ္မံေဖာ္ျပထားပါတယ္။
မိဘေတြကိုယ္တိုင္လႉဒါန္းဖို႔ စိတ္ဝင္စားျခင္းမရွိတဲ့ ကန္ခ်န္ရဲ႕ ျဖစ္ရပ္ဟာ မၾကာေသးခင္က ကမၻာ့သတင္းမီဒီယာေတြထက္ကို ေရာက္ရွိသြားခဲ့ၿပီး အားလုံးကို တုန္လႈပ္သြားေစခဲ့ပါတယ္။
ဒါေပမယ့္ သူ႕အဖိုးျဖစ္သူကေတာ့ သူတို႔တမိသားစုလုံးဟာ ကန္ခ်န႔္အေဖရဲ႕ လုပ္အားခကို မွီခိုေနရၿပီး ေက်ာက္ကပ္တလုံးလႉးဒါန္းလိုက္လို႔ သူတခုခုျဖစ္သြားရင္ တမိသားစုလုံး ဒုကၡေရာက္သြားမယ္လို႔ ေျပာပါတယ္။
ေက်ာက္ကပ္အလႉရွင္မပါေသးဘဲ အစားထိုးကုသမႈတခုတည္းနဲ႕တင္ ေဒၚလာ ၁၀၀၀၀၀ ေလာက္ကုန္က်ဖိဳ႕ ရွိေနတာကလဲ သူတို႔အတြက္ အခက္အခဲျဖစ္ေစတယ္လို႔ေျပာပါတယ္။
အဖိုးျဖစ္သူေျပာသလိုပဲ ကန္ခ်န္တို႔မိသားစုဟာ အမွန္တကယ္ဆင္းရဲႏြမ္းပါးတာမွန္ေပမယ့္ သူ႕မိဘေတြဟာ ေနာက္ထပ္အလႉရွင္တဦးကို ရွာေဖြျခင္း ဒါမွမဟုတ္ အစိုးရကို အသိေပးအေၾကာင္းၾကားျခင္းမ်ိဳး လုံးဝမလုပ္ခဲ့ဘူးလို႔ ေဒသတြင္းသတင္းေတြကေဖာ္ျပပါတယ္။
ေဒသတြင္းမွာ အစိုးရအကူအညီနဲ႕ ဒီလိုမ်ိဳး ေက်ာက္ကပ္အစားထိုး ကုသမႈမ်ားစြာျပဳလုပ္ခဲ့ၿပီး ျဖစ္ေပမယ့္ ကန္ခ်န္ရဲ႕ မိဘေတြကေတာ့ တျခားတနည္းနဲ႕ အကူအညီေတာင္းမယ့္အစား သူတို႔သမီးကို အိမ္ျပန္ေခၚေဆာင္သြားခဲ့တယ္လို႔ မီဒီယာေတြမွာ ေရးသားထားၾကပါတယ္။
ကန္ခ်န္ရဲ႕ ျဖစ္ရပ္ဟာ အိႏၵိယနိုင္ငံတြင္းက က်ားမ ခြဲျခားမႈအေျခအေနကို ထပ္မံမီးေမာင္းထိုး ျပေနၿပီး သူတို႔ေနတဲ့ ဘီဟာျပည္နယ္မွာဆိုရင္ သင့္ေတာ္တဲ့ အမ်ိဳးသားအလႉရွင္မ်ားစြာရွိေပမယ့္ အမ်ိဳးသမီးေတြအတြက္ ေက်ာက္ကပ္အစားထိုးကုသနိုင္မႈဟာ လြန္စြာနည္းပါးေနေသးတယ္လို႔ သိရပါတယ္။
Credit DVB Burmese News
Unicode
မိန်းကလေးဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘနှစ်ပါးအပါအဝင် ကျောက်ကပ်လှူဒန်းသူ မရှိတာကြောင့် အိန္ဒိယနိုင်ငံက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးဟာ အသက်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ OC သတင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖော်ပြပါတယ်။ ဒီမိန်းကလေးဟာ ရှိတ်ပူရာမြို့ အက်ဗ်ဂီရွာမှာနေထိုင်တဲ့ ကန်ချန် ကူမာရီဆိုသူပါ။ သူမဟာ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရပြီး အစားထိုးကုသဖို့အတွက်လည်း အလှူရှင်မဲ့ ဖြစ်လို့ နေပါတယ်။သူ့မိဘတွေက သူ့အတွက်လှူဒါန်းရင် သူမအသက်ရှင်နိုင်မှုက မြင့်တက်လာနိုင်ပေမယ့် ကန်ချန်ဟာ မိန်းကလေးဖြစ်နေတာကြောင့် သူတို့အနေနဲ့ ဒီလိုအန္တရာယ်များတဲ့ စွန့်စားမှုကို မလုပ်လိုဘူးလို့ သူ့ဖခင်ဖြစ်သူက ပြောပါ တယ်။
ကန်ချန်ဟာ ပြီးခဲ့တဲ့နှစ်လက ဒီရောဂါကို စတင်ခံစားခဲ့ရတာပါ။ စစ်ဆေးမှုတွေ များစွာပြုလုပ်ပြီးချိန်မှာတော့ သူမရဲ့ကျောက်ကပ်နှစ်ခုစလုံးဟာ အလုပ်မလုပ်တော့တာကို တွေ့ခဲ့ရပြီး သူမအသက်ရှင်ဖို့အတွက် တခုတည်းသော ရွေးချယ်စရာက ကျောက်ကပ်အစားထိုး ကုသဖို့ပါပဲ။ “ဘယ်သူက သူ့ကိုကျောက်ကပ်လှူပေးမှာလဲ။ သူက မိန်းကလေးလေ” လို့ ဖခင်ဖြစ်သူက ပြောတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သူ့အဖေလို သူ့အမေကလည်း သူမအတွက် လှူဒါန်းပေးဖို့ စိတ်ဝင်စားပုံမရဘူးလို့ သတင်းမှာ ထပ်မံဖော်ပြထားပါတယ်။
မိဘတွေကိုယ်တိုင်လှူဒါန်းဖို့ စိတ်ဝင်စားခြင်းမရှိတဲ့ ကန်ချန်ရဲ့ ဖြစ်ရပ်ဟာ မကြာသေးခင်က ကမ်ဘာ့သတင်းမီဒီယာတွေထက်ကို ရောက်ရှိသွားခဲ့ပြီး အားလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖိုးဖြစ်သူကတော့ သူတို့တမိသားစုလုံးဟာ ကန်ချန့်အဖေရဲ့ လုပ်အားခကို မှီခိုနေရပြီး ကျောက်ကပ်တလုံးလှူးဒါန်းလိုက်လို့ သူတခုခုဖြစ်သွားရင် တမိသားစုလုံး ဒုက္ခရောက်သွားမယ်လို့ ပြောပါတယ်။
ကျောက်ကပ်အလှူရှင်မပါသေးဘဲ အစားထိုးကုသမှုတခုတည်းနဲ့တင် ဒေါ်လာ ၁၀၀၀၀၀ လောက်ကုန်ကျဖို့ ရှိနေတာကလဲ သူတို့အတွက် အခက်အခဲဖြစ်စေတယ်လို့ပြောပါတယ်။ အဖိုးဖြစ်သူပြောသလိုပဲ ကန်ချန်တို့မိသားစုဟာ အမှန်တကယ်ဆင်းရဲနွမ်းပါးတာမှန်ပေမယ့် သူ့မိဘတွေဟာ နောက်ထပ်အလှူရှင်တဦးကို ရှာဖွေခြင်း ဒါမှမဟုတ် အစိုးရကို အသိပေးအကြောင်းကြားခြင်းမျိုး လုံးဝမလုပ်ခဲ့ဘူးလို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ဒေသတွင်းမှာ အစိုးရအကူအညီနဲ့ ဒီလိုမျိုး ကျောက်ကပ်အစားထိုး ကုသမှုများစွာပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ကန်ချန်ရဲ့ မိဘတွေကတော့ တခြားတနည်းနဲ့ အကူအညီတောင်းမယ့်အစား သူတို့သမီးကို အိမ်ပြန်ခေါ်ဆောင်သွားခဲ့တယ်လို့ မီဒီယာတွေမှာ ရေးသားထားကြပါတယ်။ ကန်ချန်ရဲ့ ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံတွင်းက ကျားမ ခွဲခြားမှုအခြေအနေကို ထပ်မံမီးမောင်းထိုး ပြနေပြီး သူတို့နေတဲ့ ဘီဟာပြည်နယ်မှာဆိုရင် သင့်တော်တဲ့ အမျိုးသားအလှူရှင်များစွာရှိပေမယ့် အမျိုးသမီးတွေအတွက် ကျောက်ကပ်အစားထိုးကုသနိုင်မှုဟာ လွန်စွာနည်းပါးနေသေးတယ်လို့ သိရပါတယ်။
Credit DVB Burmese News