Latest Posts
UNICODE
မိတ္ထီလာမြို့က စိန်နန်းတော်ရွှေဆိုင်ရဲ့ ဈေးရောင်းပွဲတော်ကို တက်ရောက်ခဲ့တဲ့ မေမြင့်မိုရ်
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးပေးနေပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက် ရှိတာကို တွေ့ရပါတယ်။
မနေ့က သြဂုတ်လ(၇) ရက်နေ့မှာတော့ မေမြင့်မိုရ်က မိတ္ထီလာမြို့က စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ ပရိုမိုးရှင်းပွဲကြီးကို အောင်မင်းခန့်နဲ့ အတူတူ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။မေမြင့်မိုရ်က ဗေဒါရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေးလို လှပနေတာကို တွေ့ရပါတယ်။ းပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
မင်းသမီးချောလေး မေမြင့်မိုရ်က အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးနေပြီး အခုလက်ရှိမှာလည်း “ခေါ်င်္သ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မေမြင့်မိုရ်ကတော့ ဘယ်လိုလေး နေနေ ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit - original