Latest Posts

ျဖစ္စဥ္ျခင္းမတူလို႔ အမႈေက်ေအးေပးမွာမဟုတ္ဘူးဆိုတဲ့ သင္းသင္း


သင္းသင္းနဲ႔ ေဝဠဳေက်ာ္ရဲ႕အမႈဟာဆုိရင္နွစ္နဲ႔ခ်ီၾကာလာခဲ့ျပီျဖစ္သလို ရံုးခ်ိန္းတစ္ခုျပီးတစ္ခုခ်ိန္းျပီး အမွႈသြားအမႈလာကလည္းေတာ္ေတာ္ေလးကုိအရွိန္ရေနျပီးအမႈကအေတာ္ခရီးေရာက္ေနျပီလို႔ဆိုရမွာပါ။ ပရိသတ္ေတြေစာင့္ၾကည့္ေနရတဲ့အမႈျပိဳင္ေတြျဖစ္တဲ့ သင္းသင္းနဲ႔ ေဝဠဳေက်ာ္အမႈအျပင္ အစၥဏီနဲ႔ စူးရွထက္တို႔ရဲ႕အမႈေတြမွာ စူးရွထက္ကေတာ့ အစၥဏီဘက္ကေတာင္းပန္လို႔ အမႈကုိေက်ေအးေပးလိုက္ပါျပီ။ အဲဒီလိုေက်ေအးေပးလိုက္တာနဲ႔ပတ္သက္ျပီး သင္းသင္းေရာ ေက်ေအးေပးဖို႔ရွိမလားလို႔ ပရိသတ္ေတြသိခ်င္ေနၾကပါတယ္။ အဲဒါနဲ႔ပတ္သက္ျပီး သင္းသင္းက 8days TV နဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားထားခဲ့ပါတယ္။


သင္းသင္းက ဟိုတေလာက account hack ခံလိုက္ရတဲ့အေၾကာင္း “အစ္မ account ကုိ ခုိးယူလုိက္တာပါ။ Hack တဲ့အဆင့္အထိေတာ့ သူတို႔မွာအဆင့္မရွိေသးပါဘူး။ အေကာင့္ကေတာ့ 31 ရက္ေန႔ညကျဖစ္သြားတယ္။ အစ္မလည္းသိပ္နားမလည္ေတာ့ေနာက္တစ္ေန႔မနက္မွျပၾကည့္ရတယ္။ နာမည္ေတာ့ထည့္မေျပာေတာ့ပါဘူး။ ခိုးယူတဲ့လူကိုအစ္မသိပါတယ္။ အစ္မလည္းအစ္မရဲ႕ အေကာင့္ေလးမွာ အလုပ္ကိစၥနဲ႔ပတ္သက္ျပီးေျပာထားတဲ့လူေတြရွိတယ္။ အဲဒါကုိ ဘေလာ့လုိက္လားေပါ့။ေမးၾကတယ္။ အဲဒါကုိ ဒီကေနပဲေျပာခ်င္ပါတယ္။ ဘေလာ့လိုက္တာမဟုတ္ပါဘူး”လို႔ ေျပာျပထားပါတယ္။
အေကာင့္ထဲမွာ ေရေဘးအလွဴအတြက္ အလွဴရွင္ေတြဆက္သြယ္ထားတာပါသြားလို႔စိတ္မေကာင္းဘူးလို႔ “ထိခိုက္မႈရွိတာကေတာ့ ေတာ္ေတာ္မ်ားမ်ား ကိုယ့္ရဲ႕ account ေလးမွာ Friend ေတြအမ်ားၾကီးရွိလာတယ္။ ေရေဘးနဲ႔ပတ္သက္ျပီးအလွဴရွင္ေတြေပါ့ေနာ္။ ဆက္သြယ္ထားတာေတြရွိတယ္။ အစ္မကနွစ္တိုင္းလိုမ်ိဳး သဘာဝေဘးအႏၱရာယ္ေတြအတြက္အလွဴေတြလုပ္ေလ့ရွိေတာ့ အလွဴရွင္ေတြပါသြားတဲ့အတြက္ စိတ္ေတာ့မေကာင္းပါဘူး။ ျပန္ဖြင့္ဖို႔ကုိ စိတ္ထဲမွာမရွိေတာ့ဘူး။ ျပန္ဖြင့္မွအဆင္ေျပမွာဆိုေတာ့ ဖြင့္ေတာ့ဖြင့္ရမွာပါပဲ”လို႔ ေျပာထားပါတယ္။

ကမ္းေျခမွာ အားလံုးကုိ မုန္းတယ္ဆိုျပီး ေအာ္ထားတဲ့ Tiktok video ေလးအေၾကာင္းကုိ သင္းသင္းက “ကမ္းေျခေရာက္ေတာ့ အဲဒီေန႔က ဘာရယ္လို႔မဟုတ္ပါဘူး။ ကုိယ္လည္း စိတ္္ထဲမွာရွိတဲ့အတိုင္း ေအာ္လိုက္တာ။ ေဘးက ညီမေလးက သူ Tiktok ေလးရုိက္ေပးမယ္ဆိုေတာ့ ရုိက္လိုက္တာ။တစ္ခါတစ္ေလ ဒီလိုပါပဲ။ လႊတ္ခ်လုိက္တာ ဘာရယ္လို႔မဟုတ္ပါဘူး”လို႔ ေျဖၾကားထားပါတယ္။စူးရွထက္တို႔အမႈက ေက်ေအးသြားျပီဆိုေတာ့ အမႈေက်ေအးဖို႔ရွိလားဆိုတဲ့ေမးခြန္းေတြကုိလည္း သင္းသင္းက “ေမးၾကတဲ့လူေတြကုိလည္း နားလည္ပါတယ္။ ဘာလို႔နားလည္လဲဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္စိတ္ဓာတ္ခ်င္းမတူေတာ့ သူတို႔က ေဘးကၾကည့္ေတာ့လည္း ေတာင္းဆိုတဲ့အေပၚကုိ အျပစ္မေျပာပါဘူး။ ျဖစ္စဥ္ခ်င္းျဖစ္ပံုခ်င္းကမတူၾကဘူးေလ။ တစ္ေယာက္နဲ႔တစ္ေယာက္က မတူၾကေတာ့ စိတ္ခံစားခ်က္ခ်င္းကလည္း တူခ်င္မွတူမွာဆိုေတာ့ သူတို႔ဘက္ကၾကည့္ရင္လည္းနွစ္ဦးနွစ္ဖက္အတြက္ျဖစ္ေကာင္းျဖစ္မွာေပါ့ေလ။ အစ္မဘက္ကၾကည့္ရင္လည္း နွစ္ဦးနွစ္ဖက္က ျဖစ္စဥ္မတူဘူးေလ။ ျဖစ္လာဖို႔ကနည္းပါတယ္”လို႔ ေျဖၾကားသြားပါတယ္။
Credit  -original

UNICODE

ဖြစ်စဉ်ခြင်းမတူလို့ အမှုကျေအေးပေးမှာမဟုတ်ဘူးဆိုတဲ့ သင်းသင်း
သင်းသင်းနဲ့ ဝေဠုကျော်ရဲ့အမှုဟာဆိုရင်နှစ်နဲ့ချီကြာလာခဲ့ပြီဖြစ်သလို ရုံးချိန်းတစ်ခုပြီးတစ်ခုချိန်းပြီး အမှှုသွားအမှုလာကလည်းတော်တော်လေးကိုအရှိန်ရနေပြီးအမှုကအတော်ခရီးရောက်နေပြီလို့ဆိုရမှာပါ။ ပရိသတ်တွေစောင့်ကြည့်နေရတဲ့အမှုပြိုင်တွေဖြစ်တဲ့ သင်းသင်းနဲ့ ဝေဠုကျော်အမှုအပြင် အစ္စဏီနဲ့ စူးရှထက်တို့ရဲ့အမှုတွေမှာ စူးရှထက်ကတော့ အစ္စဏီဘက်ကတောင်းပန်လို့ အမှုကိုကျေအေးပေးလိုက်ပါပြီ။ အဲဒီလိုကျေအေးပေးလိုက်တာနဲ့ပတ်သက်ပြီး သင်းသင်းရော ကျေအေးပေးဖို့ရှိမလားလို့ ပရိသတ်တွေသိချင်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သင်းသင်းက 8days TV နဲ့ အင်တာဗျူးမှာ ဖြေကြားထားခဲ့ပါတယ်။

သင်းသင်းက ဟိုတလောက account hack ခံလိုက်ရတဲ့အကြောင်း “အစ်မ account ကို ခိုးယူလိုက်တာပါ။ Hack တဲ့အဆင့်အထိတော့ သူတို့မှာအဆင့်မရှိသေးပါဘူး။ အကောင့်ကတော့ 31 ရက်နေ့ညကဖြစ်သွားတယ်။ အစ်မလည်းသိပ်နားမလည်တော့နောက်တစ်နေ့မနက်မှပြကြည့်ရတယ်။ နာမည်တော့ထည့်မပြောတော့ပါဘူး။ ခိုးယူတဲ့လူကိုအစ်မသိပါတယ်။ အစ်မလည်းအစ်မရဲ့ အကောင့်လေးမှာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့လူတွေရှိတယ်။ အဲဒါကို ဘလော့လိုက်လားပေါ့။မေးကြတယ်။ အဲဒါကို ဒီကနေပဲပြောချင်ပါတယ်။ ဘလော့လိုက်တာမဟုတ်ပါဘူး”လို့ ပြောပြထားပါတယ်။

အကောင့်ထဲမှာ ရေဘေးအလှူအတွက် အလှူရှင်တွေဆက်သွယ်ထားတာပါသွားလို့စိတ်မကောင်းဘူးလို့ “ထိခိုက်မှုရှိတာကတော့ တော်တော်များများ ကိုယ့်ရဲ့ account လေးမှာ Friend တွေအများကြီးရှိလာတယ်။ ရေဘေးနဲ့ပတ်သက်ပြီးအလှူရှင်တွေပေါ့နော်။ ဆက်သွယ်ထားတာတွေရှိတယ်။ အစ်မကနှစ်တိုင်းလိုမျိုး သဘာဝဘေးအန္တရာယ်တွေအတွက်အလှူတွေလုပ်လေ့ရှိတော့ အလှူရှင်တွေပါသွားတဲ့အတွက် စိတ်တော့မကောင်းပါဘူး။ ပြန်ဖွင့်ဖို့ကို စိတ်ထဲမှာမရှိတော့ဘူး။ ပြန်ဖွင့်မှအဆင်ပြေမှာဆိုတော့ ဖွင့်တော့ဖွင့်ရမှာပါပဲ”လို့ ပြောထားပါတယ်။

ကမ်းခြေမှာ အားလုံးကို မုန်းတယ်ဆိုပြီး အော်ထားတဲ့ Tiktok video လေးအကြောင်းကို သင်းသင်းက “ကမ်းခြေရောက်တော့ အဲဒီနေ့က ဘာရယ်လို့မဟုတ်ပါဘူး။ ကိုယ်လည်း စိတ်ထဲမှာရှိတဲ့အတိုင်း အော်လိုက်တာ။ ဘေးက ညီမလေးက သူ Tiktok လေးရိုက်ပေးမယ်ဆိုတော့ ရိုက်လိုက်တာ။တစ်ခါတစ်လေ ဒီလိုပါပဲ။ လွှတ်ချလိုက်တာ ဘာရယ်လို့မဟုတ်ပါဘူး”လို့ ဖြေကြားထားပါတယ်။

စူးရှထက်တို့အမှုက ကျေအေးသွားပြီဆိုတော့ အမှုကျေအေးဖို့ရှိလားဆိုတဲ့မေးခွန်းတွေကိုလည်း သင်းသင်းက “မေးကြတဲ့လူတွေကိုလည်း နားလည်ပါတယ်။ ဘာလို့နားလည်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ချင်းမတူတော့ သူတို့က ဘေးကကြည့်တော့လည်း တောင်းဆိုတဲ့အပေါ်ကို အပြစ်မပြောပါဘူး။ ဖြစ်စဉ်ချင်းဖြစ်ပုံချင်းကမတူကြဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်က မတူကြတော့ စိတ်ခံစားချက်ချင်းကလည်း တူချင်မှတူမှာဆိုတော့ သူတို့ဘက်ကကြည့်ရင်လည်းနှစ်ဦးနှစ်ဖက်အတွက်ဖြစ်ကောင်းဖြစ်မှာပေါ့လေ။ အစ်မဘက်ကကြည့်ရင်လည်း နှစ်ဦးနှစ်ဖက်က ဖြစ်စဉ်မတူဘူးလေ။ ဖြစ်လာဖို့ကနည်းပါတယ်”လို့ ဖြေကြားသွားပါတယ်။Credit  -original