ျပင္းအား (၆.၇)ရွိ ငလၽွင္တခုလွုပ္ခတ္နိုင္တဲ့ ငလ်င္ျပတ္ေရြ႕ေၾကာႀကီးတစ္ခုကို ထိုင္း-ျမန္မာနယ္စပ္မွာ ေတြ႕ရွိ
ျပင္းအား (၆.၇)ရွိ ငလၽွင္တခုလွုပ္ခတ္နိုင္တဲ့ ငလ်င္ျပတ္ေရြ႕ေၾကာႀကီးတစ္ခုကို ထိုင္း-ျမန္မာနယ္စပ္မွာ ေတြ႕ရွိထိုင္းနိုင္ငံ ခ်င္းမိုင္ခရိုင္ Wiang Haeng ေဒသဟာ ေနာင္လာမယ့္ ႏွစ္(၅၀)အတြင္း ျပင္းအား (၆.၇)ရွိ ငလၽွင္တခုလွုပ္ခတ္မယ့္ ဗဟိုခ်က္မ ျဖစ္လာနိုင္တယ္လို႔
ထိုင္း-ျမန္မာနယ္စပ္နားမွာ ရွင္သန္လွုပ္ရွားေနတဲ့ ေျမေအာက္ ျပတ္ေရြ႕ေၾကာႀကီးတခုကို သိပၸံပညာရွင္ေတြ ေတြ႕ရွိ ခဲ့ၿပီးေနာက္ ခုလို ထုတ္ေဖၚေျပာဆို လိုက္တာျဖစ္ပါတယ္။Wiang Haeng ေဒသမွာ ျပတ္ေရြ႕ေၾကာသစ္တခု ေတြ႕ရွိထားေၾကာင္း ထိုင္းနိုင္ငံ တြင္းထြက္သယံဇာတ တူးေဖၚေရးဌာနက ေၾကညာခဲ့ ပါတယ္။ ျပတ္ေရြ႕ေၾကာကိုWiang Haeng လို႔အမည္ေပးထားပါတယ္။ ဒါဟာ ထိုင္းနိုင္ငံမွာ ၁၆ ခုေျမာက္ရွာေတြ႕တဲ့ ျပတ္ေရြ႕ေၾကာလည္း ျဖစ္ပါတယ္။Wiang Haeng ျပတ္ေရြ႕ေၾကာေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္(၂၀၀၀)ကာလတုန္းက ျပင္းအား(၆.၇)ရွိတဲ့ ငလၽွင္ႀကီးတခု လွုပ္ခဲ့တယ္ဆိုတာကို တာဝန္ရွိသူေတြ မႏွစ္က ေလ့လာေတြ႕ရွိခဲ့ပါတယ္။
ဒီျပတ္ေရြ႕ေၾကာရဲ့အရွည္ဟာ ကီလိုမီတာ(၁၀၀)ဝန္က်င္ရွိၿပီး ခ်င္းမိုင္ခရိုင္ Samoeng ေဒသကို ျဖတ္သြားေၾကာင္း တြင္းထြက္သယံဇာတဌာနရဲ့ ဒါရိုက္တာ တဦးျဖစ္တဲ့ Suwith Kosuwan ကေျပာပါတယ္။ထိုင္းနိုင္ငံမွာ ရွင္သန္လွုပ္ရွားေနဆဲ ေနာက္ထပ္ ျပတ္ေရြ႕ေၾကာေတြ ရွိေနေသးတယ္လို႔ အဲဒီဌာန တာဝန္ရွိသူေတြက ေျပာၿပီး၊ ဆက္လက္ ရွာေဖြေနဆဲပဲလို႔ ဆိုပါတယ္။
ထိုင္းနိုင္ငံ ေျမာက္ပိုင္းမွာ အခုလို ျပတ္ေရြ႕ေၾကာ ေတြ႕ထားတာနဲ႔ပတ္သက္လို႔ မၾကာခင္ကာလမွာ ျပင္းအား(၇) ေလာက္ရွိတဲ့ ငလၽွင္ႀကီးလွုပ္မွာကို သိပၸံပညာရွင္ေတြကစိုးရိမ္ပူပန္ ေနၾကပါတယ္။ ငလၽွင္နဲ႔ပတ္သက္လို႔ ေနာက္ထပ္ စိုးရိမ္မွုနဲ႔ ေစာင့္ၾကည့္ ေနရတာကေတာ့ Sri Sawat နဲ႔ နယ္စပ္ ဘုရားသုံးဆူ ျပတ္ေရြ႕ေၾကာေတြပဲ ျဖစ္ၿပီးအဲဒီေဒသမွာ ထိုင္းနိုင္ငံရဲ့ အႀကီးဆုံး ေရကာတာရွိေနပါတယ္။
Source_VOACredit – dailyhotnew
Unicode
ပြင်းအား (၆.၇)ရှိ ငလျှင်တခုလှုပ်ခတ်နိုင်တဲ့ ငလျင်ပြတ်ရွေ့ကြောကြီးတစ်ခုကို ထိုင်း-မြန်မာနယ်စပ်မှာ တွေ့ရှိထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Wiang Haeng ဒေသဟာ နောင်လာမယ့် နှစ်(၅၀)အတွင်း ပြင်းအား (၆.၇)ရှိ ငလျှင်တခုလှုပ်ခတ်မယ့် ဗဟိုချက်မ ဖြစ်လာနိုင်တယ်လို့
ထိုင်း-မြန်မာနယ်စပ်နားမှာ ရှင်သန်လှုပ်ရှားနေတဲ့ မြေအောက် ပြတ်ရွေ့ကြောကြီးတခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိ ခဲ့ပြီးနောက် ခုလို ထုတ်ဖေါ်ပြောဆို လိုက်တာဖြစ်ပါတယ်။Wiang Haeng ဒေသမှာ ပြတ်ရွေ့ကြောသစ်တခု တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံ တွင်းထွက်သယံဇာတ တူးဖေါ်ရေးဌာနက ကြေညာခဲ့ ပါတယ်။ ပြတ်ရွေ့ကြောကိုWiang Haeng လို့အမည်ပေးထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ၁၆ ခုမြောက်ရှာတွေ့တဲ့ ပြတ်ရွေ့ကြောလည်း ဖြစ်ပါတယ်။
Wiang Haeng ပြတ်ရွေ့ကြောကြောင့် လွန်ခဲ့တဲ့ နှစ်(၂၀၀၀)ကာလတုန်းက ပြင်းအား(၆.၇)ရှိတဲ့ ငလျှင်ကြီးတခု လှုပ်ခဲ့တယ်ဆိုတာကို တာဝန်ရှိသူတွေ မနှစ်က လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒီပြတ်ရွေ့ကြောရဲ့အရှည်ဟာ ကီလိုမီတာ(၁၀၀)ဝန်ကျင်ရှိပြီး ချင်းမိုင်ခရိုင် Samoeng ဒေသကို ဖြတ်သွားကြောင်း တွင်းထွက်သယံဇာတဌာနရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Suwith Kosuwan ကပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရှင်သန်လှုပ်ရှားနေဆဲ နောက်ထပ် ပြတ်ရွေ့ကြောတွေ ရှိနေသေးတယ်လို့ အဲဒီဌာန တာဝန်ရှိသူတွေက ပြောပြီး၊ ဆက်လက် ရှာဖွေနေဆဲပဲလို့ ဆိုပါတယ်။ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အခုလို ပြတ်ရွေ့ကြော တွေ့ထားတာနဲ့ပတ်သက်လို့ မကြာခင်ကာလမှာ ပြင်းအား(၇) လောက်ရှိတဲ့ ငလျှင်ကြီးလှုပ်မှာကို သိပ္ပံပညာရှင်တွေကစိုးရိမ်ပူပန် နေကြပါတယ်။ ငလျှင်နဲ့ပတ်သက်လို့ နောက်ထပ် စိုးရိမ်မှုနဲ့ စောင့်ကြည့် နေရတာကတော့ Sri Sawat နဲ့ နယ်စပ် ဘုရားသုံးဆူ ပြတ်ရွေ့ကြောတွေပဲ ဖြစ်ပြီးအဲဒီဒေသမှာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေကာတာရှိနေပါတယ်။Source_VOACredit – dailyhotnew