Latest Posts

ရင်က အပြုံးလေးတွေပြန်အသက်ဝင်လာပြီ ဖြစ်တဲ့ ထက်ထက်မိုးဦး




နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတိုင်းမှာ သူမနေရာယူခဲ့ပြီး ၊ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ကြီးခဲ့သူပါ။ သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် လည်း သူမကို ချစ်တဲ့ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦး ရဲ့အလှပုံရိပ်ကလေး ကို ဖော်ပြပေးလိုက်ပါတယ်နော်။



ထက်ထက်မိုးဦးက နှစ်အတော်ကြာဇာတ်ကားတွေ လက်ခံရိုက်ကူးမှုမရှိခဲ့သလို ပရိသတ်တွေနဲ့ ကင်းကွာနေခဲ့ရာမှ ခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲတက်များမှာ တွေ့ရတတ်ပါတယ်။



ထက်ထက်မိုးဦး က အနုပညာအလုပ်တွေ ကို ပြန်လည်လုပ်တော့မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများနဲ့ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။



လတ်တလောမှာတော့ ဇာတ်လမ်းတွဲများပြန်ရိုက်ဖို့လုပ်နေသလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း ရွှေထူးအစ်မနေရာက သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 "ပုဆိုးလေးနဲ့အရမ်းပဲမိုက်တယ် ကိုကိုရယ်" သီချင်းလေးနဲ့ Tik Tok ရိုက်ထားတဲ့ ဖြိုးမြတ်အောင်video file

ဒီတစ်ခါမှာတော့ ထက်ထက်မိုးဦး က ရွှေဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး သူမရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ထက်ထက်မိုးဦး က အရင်ကလို အပြုံးလေးတွေနဲ့ အရမ်းကို လှပနေတာပါ။



သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;အနုပညာရှင်များ