ဒိုင်ဗင်ထိုးဖို့ အချိန် ၃စက္ကန့်နောက်ကျသွားလို့ သေကံမ ရောက်ခဲ့တဲ့ အမျိုးသား
နယူးဇီလန်နိုင်ငံမှာအလွန်သာယာပီးး လှပလှတဲ့ ရှုခင်းတွေ အများကြီးရှိသလို လာရောက်လည်ပတ်သူတွေနဲ့ လည်း ပြည့်နှက်နေတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီတစ်ခါ ဖော်ပြပေးမှာကတော့ နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြစ် တစ်ခု အတွင်းမှာ အမျိုးသား တစ်ဦးဟာ လှေပေါ်ကနေ ရေကူးဖို့ ပြင်ဆင်နေတုန်းမှာပဲ ငါးမန်း တစ်ကောင်ဟာ ရေထဲကနေ ရုတ် တရက်ထွက်လာပီး လှေအမြီးပိုင်းကို မေးရိုးနဲ့ ခဲထားတာလည်း ဖြစ်ပါတယ်။
“ ကျွန်တော် ရေ ကူးဖို့ လှေပေါ်ကနေ ခုန်ဆင်းဖို့ လုပ်နေတုန်းမှာပဲ ရုတ်တရတ် ငါးမန်းက ရေပေါ်ကနေ ပေါ်လာပြီး လှေနောက်ပိုင်း ကို ရုတ်တရက် ကိုက်ပြီး ပြန်ထွက်သွားတော့တာပါပဲ။ တစ်ကယ်လို့ ကျွန်တော်သာ အချိန်နည်းနည်းလေး စောပြီး ခုန်ဆင်းလိုက်မယ်ဆိုရင် ကျနော့ ဘဝကတော့ တစ်ကယ်ကို မတွေးရဲစရာပါပဲ။ ပြီးတော့ ဒီလို ငါးမန်းဟာ တစ်ကယ်ကို လျင်မြန်ပြီး သားကောင်တွေကို အမဲ ဖြတ်တဲ့နေရာမှာလည်း အလွန်တော်တဲ့ အကောင်တွေ ပါပဲ လို့ “
အဆိုပါ အမျိုးသားက ပြောကြားထားပါတယ်။ နယူးဇီလန်နိုင်ငံမှာ မြစ်တွေနဲ့ ပင်လယ်ထဲမှာ ယခုလို ငါးမန်းတွေ ရုတ်တရက် တိုက်ခိုက်တာ အလွန် ဖြစ်တောင့် ဖြစ်ခဲလှတယ်လို့ လည်း သိရပါတယ်။ ယခု ကိစ္စအပြီးမှာတော့ ဒေသဆိုင်ရာ အာဏာ ပိုင်တွေက ခရီးသွား ပြည်သူတွေ ကို ငါးမန်းအန္တရာယ် နဲ့ ပတ်သက်ပြီး သတ်ပေးချက် ထုတ်ပြန်ခဲ့တယ်လို့ လည်း သိရပါတယ်။
Source : UPI\Credit-original
Unicode
နယူးဇီလန်နိုင်ငံမှာအလွန်သာယာပီးး လှပလှတဲ့ ရှုခင်းတွေ အများကြီးရှိသလို လာရောက်လည်ပတ်သူတွေနဲ့ လည်း ပြည့်နှက်နေတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီတစ်ခါ ဖော်ပြပေးမှာကတော့ နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြစ် တစ်ခု အတွင်းမှာ အမျိုးသား တစ်ဦးဟာ လှေပေါ်ကနေ ရေကူးဖို့ ပြင်ဆင်နေတုန်းမှာပဲ ငါးမန်း တစ်ကောင်ဟာ ရေထဲကနေ ရုတ် တရက်ထွက်လာပီး လှေအမြီးပိုင်းကို မေးရိုးနဲ့ ခဲထားတာလည်း ဖြစ်ပါတယ်။
“ ကျွန်တော် ရေ ကူးဖို့ လှေပေါ်ကနေ ခုန်ဆင်းဖို့ လုပ်နေတုန်းမှာပဲ ရုတ်တရတ် ငါးမန်းက ရေပေါ်ကနေ ပေါ်လာပြီး လှေနောက်ပိုင်း ကို ရုတ်တရက် ကိုက်ပြီး ပြန်ထွက်သွားတော့တာပါပဲ။ တစ်ကယ်လို့ ကျွန်တော်သာ အချိန်နည်းနည်းလေး စောပြီး ခုန်ဆင်းလိုက်မယ်ဆိုရင် ကျနော့ ဘဝကတော့ တစ်ကယ်ကို မတွေးရဲစရာပါပဲ။ ပြီးတော့ ဒီလို ငါးမန်းဟာ တစ်ကယ်ကို လျင်မြန်ပြီး သားကောင်တွေကို အမဲ ဖြတ်တဲ့နေရာမှာလည်း အလွန်တော်တဲ့ အကောင်တွေ ပါပဲ လို့ “
အဆိုပါ အမျိုးသားက ပြောကြားထားပါတယ်။ နယူးဇီလန်နိုင်ငံမှာ မြစ်တွေနဲ့ ပင်လယ်ထဲမှာ ယခုလို ငါးမန်းတွေ ရုတ်တရက် တိုက်ခိုက်တာ အလွန် ဖြစ်တောင့် ဖြစ်ခဲလှတယ်လို့ လည်း သိရပါတယ်။ ယခု ကိစ္စအပြီးမှာတော့ ဒေသဆိုင်ရာ အာဏာ ပိုင်တွေက ခရီးသွား ပြည်သူတွေ ကို ငါးမန်းအန္တရာယ် နဲ့ ပတ်သက်ပြီး သတ်ပေးချက် ထုတ်ပြန်ခဲ့တယ်လို့ လည်း သိရပါတယ်Source : UPI\Credit-original