Latest Posts

ချစ်သူသက်တမ်းကြာလာတာနဲ့ အမျှရန်မဖြစ်တော့ဘူးဆိုတဲ့ ဝါဆိုမိုးဦး

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့အားပေးမှုကိုလက်ခံရရှိထားပြီး အခုဆိုရင် သီချင်းတွေလည်းဆို သရုပ်ဆောင်လည်းလုပ်နေတဲ့ ဝါဆိုမိုးဦးကတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးသိပြီးသားပါ။

အခုသူနဲ့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။


ဝါဆိုမိုးဦးက “ အမှန်တိုင်းပြောရရင်ဝါဆိုတို့အတွဲကအရမ်းအေးတယ် ။ အဲ့လိုမျိုးဘယ်လိုပြောရမလဲ ချွဲတဲတဲနေတက်တဲ့ အထဲမှာမပါဘူးအေးတယ် ။

အရမ်းအေးအေးဆေးဆေးနေတက်တယ်။ ခရီးတွေတော့အရမ်းသွားတယ် စိတ်ညစ်လာပြီ အလုပ်လည်းအားတယ်ဆို ခရီးသွားပြီ ခရီးသွားပြီဆို သူငယ်ချင်းတွေရော မိသားစုတွေရော ပါတယ။် အဲ့ဒါမျိုးလေးတွေတော့ရှိတယ် အရမ်းအေးဆေးတယ်။ Relationship က သုံးနှစ်လည်းကျော်ပီဆိုတော့ ရန်လဲသိပ်မဖြစ်တော့ဘူး။

အရင်ကတော့ သူမှန်တယ် ငါမှန်တယ် ဆိုတဲ့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ပြသာနာတက်တယ။် ခုတော့အေးအေးဆေးဆေးဖြစ်သွားပြီ ။ဘယ်လိုပြောရမလဲ ရန်ဖြစ်ရတာ မောလာပီပေါ့ သူစိတ်ညစ်နေရင်ကိုယ်လျှော်လိုက်တယ် ကိုယ်စိတ်ညစ်နေရင် သူလျှော်လိုက်တယ် အဲဒါနဲ့ပဲမြဲနေတာပေါ့နော် နားလည်မှု့ထက်သဝန်တိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ပေါ့ သူရှောင်ကိုယ်ရှောင် ဆိုတော့ သဝန်တိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အဲ့လောက်ထိ ရန်မဖြစ်ဘူး။

MTV ရိုက်လည်းနားလည်ပေးတယ် အနုပညာသမားအချင်းချင်း အလုပ်တူတော့ သဝန်တိုတာချည်းနဲ့ ပတ်သက်လို့ ရန်မဖြစ်ဘူး ကိုယ်မှန်တယ် သူမှန်တယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့တာ ရန်ဖြစ်ကြရတာ။

သဝန်တိုတက်တယ် နှစ်ယောက်စလုံး သဝန်မတိုအောင်နေတယ် သူလည်းမရူပ်တက်ဘူး ကိုယ်လဲမရူပ်တက်ဘူး ဆိုတော့အေးဆေးပဲ Rapper ဆိုတော့ မိန်းခလေးတွေဘာတွေနဲ့လည်း သိပ်မတွဲရဘူး ဝါဆိုကသာ သရုပ်ဆောင်ဆိုတော့ မင်းသားတွေဘာတွေနဲ့ တွဲရတာရှိတယ်။

အဓိကက သူကnight-out တို့ ဘာတွေလည်း မထွက်တော့ဘူး ဝါဆိုနဲ့တွဲတဲ့အချိန် သူအသက်ကြီးပြီးငြိမ်သွားတဲ့အချိန်လည်း ပါမှာပေါ့ ဝါဆိုကတော့ကဲလို့ကောင်းတုန်းအချိန်လေ ဒါပေမယ့် သူကံကောင်းတယ်လို့ ပြောလို့ရမယ် ဝါဆိုကကဲတာပြုတာ ဟိုသွားဒီသွား ဝါသနာမပါတဲ့သူဆိုတော့ သူလည်းစိတ်ချမ်းသာရတာပေါ့ ၉နှစ်တောင်ကွာတယ်ဆိုတော့ သူကလည်းတည်ငြိမ်လာတဲ့အရွယ်ဖြစ်လာတယ်။
ဝါဆိုကလည်း အစထဲက အေးအေးဆေးဆေးပဲ နေတက်တာဆိုတော့Relation Ship တွေနဲ့ပတ်သက်ပြီးတော့လည်း အများကြီးထားရတာသဘောမကျဘူးဆိုတော့ Relation Ship တစ်ခုထားရင် အဲ့တစ်ယောက်နဲ့ တည်တည်မြဲမြဲပဲ ထားချင်တာဆိုတော့ အဲ့ဒ်ါကြောင့်Relation Ship

တစ်ခုခိုင်မြဲနေတာလည်း ပါတာပေါ့ ဝါဆိုက လုံးဝမချွဲတက်ဘူး အိမ်မှာလည်း မချွဲတက်ဘူး ပွင့်ပွင့်လင်းလင်းစကား ပြောတယ် ပွင့်ပွင့်လင်းလင်း နေတယ် စိတ်ထဲရှိရင်ရှိသလို သောင်းကျန်းတယ် ဒါပေမယ့် တော်ရုံ ကိုယ့်ကြောင့် သူများ စိတ်ဆင်းရဲအောင် မလုပ်ဘူး။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Credit \\  original