Latest Posts

သူ့ပရိသတ်တွေအတွက် အရင်လိုလှအောင်ပြန်လုပ်တော့မယ်ဆိုတဲ့ ထက်ထက်မိုးဦး


တချိန်က ကြော်ငြာဘုရင်မ ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ ယခုနောက်ပိုင်းမှာတော့ အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်နေတာကိုတော့ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

ထက်ထက်မိုးဦးကတော့ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ မင်းသမီး တယောက်ဖြစ်တာကြောင့် သူ့နောက်မှာတော့ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေကတော့ အခိုင်အမာ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထက်ထက်မိုးဦး တယောက် ပရိသတ်တွေအတွက် ရုပ်ရှင်တွေ ပြန်ရိုက်ဖို့ရှိနေပြီး အရင်လို လှအောင်ပြန်လုပ်တော့မယ်လို့ ပြောကြားသွား ခဲ့ပါတယ်။



နာမည်ကြီးမင်းသမီး ထက်ကထ်မိုးဦးကတော့ လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “လက်ရှိမှာတော့ နယ်တွေကို သွားပြီးတော့ ပွဲလေးတွေ တက်ဖြစ်နေတယ်။

အဲ့ဒါပြီးရင်တော့ နောက်လလောက်ကြရင် ရုပ်ရှင်ကားကြီး တကားရိုက်ဖို့ ရှိပါတယ်။ ထက်ဗိုက်ခွဲထားတာ ၁ လခွဲလောက်တော့ ရှိပြီပေါ့နော်။ နည်းနည်းတော့ နာနေသေးတယ်။ အခုတောင် တနေကုန်ပင်ပန်းပြီး အနာက နာနေတာကို မနည်းအောင့်ထားရတာ။


ဝိတ်ချဖို့ အစီအစဉ်ရော ရှိလားဆိုတဲ့ အပေါ်မှာတော့ “အခုဒီမှာ ဗိုက်ခွဲထားတာ အနာက သိပ်မကြပ်သေးလို့ပေါ့နော်။ အနာကောင်းသွားရင်တော့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ကိုတော့ ချဖို့ စဉ်းစားထားပါတယ်။ ထမင်းလည်း လျော့စားရမှာပေါ့။ ပရိသတ်တွေအတွက် အဲ့လိုမျိုးတော့ စီစဉ်ထားပါတယ်။


ဘယ်လိုကာရိုက်တာတွေကို လုပ်ပြချင်သေးလဲဆိုတဲ့ မေးခွန်းကိုတော့ “ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာကိုပဲ လက်ခံပြီးရိုက်တာကတော့ အားလုံးအတွက် သင့်တော်မယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုလာငှားတဲ့ပေါ်မှာ မူတည်ပြီးတော့ အကောင်းဆုံးလုပ်ရမှာပေါ့”



ပရိသတ်တွေအတွက် အမှတ်တရ စကားနဲ့ ပတ်သက်ပြီး “ထက်ကြိုးစားနေပါတယ်။ ပရိသတ်တွေအတွက်ပေါ့။ အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း ထပ်ပြီးတော့ ထက် ကြိုးစားသွားပါဦးမယ်” ဆိုပြီးတော့ သူ့ကို သတိရနေသေးတဲ့ ပရိသတ်တွေအတွက် ပြောကြားသွား ခဲ့ပါတယ်။Credit-original