Latest Posts



ညှို့အားပြင်းလွန်းတဲ့ အဖုအထစ်ကောက်ကြောင်းအလှတို့နဲ့ ပြည့်စုံတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပင်ကိုယ်အလှတရားတွေကို လူမှုကွန်ယက်မှာ ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးမို့ ပရိသတ်တွေက အမြဲစောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။







Unicode

ညိုှ့အားပြင်းလွန်းတဲ့ အဖုအထစ်ကောက်ကြောင်းအလှတို့နဲ့ ပြည့်စုံတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပင်ကိုယ်အလှတရားတွေကို လူမှုကွန်ယက်မှာ ရဲရဲဝံံ့ဝံ့နဲ့ ယုံကြည်မှုရှိစွာ ချပြတတ်သူတစ်ဦးမို့ ပရိသတ်တွေက အမြဲစောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။

သူမကို သဲသဲလှုပ်ချစ်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သင်ဇာကတော့ လတ်တလောမှာလည်း သူမကိုချစ်လွန်းလို့ တော်ရုံလူမလုပ်နိုင်တာတွေကို စွန့်စားပြီး လုပ်ပြလိုက်တဲ့ ပရိသတ်တစ်ဦးအကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သင်ဇာ့ရဲ့ ပရိသတ်တွေ အားပေးကြမ်းချက်ကတော့ အရမ်းကို အံ့အားသင့်စရာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ကို ချစ်လွန်းလို့ လက်ဖျံမှာ သေရာပါအမှတ်အသား ရေးထိုးခဲ့တဲ့အမျိုးသားပရိသတ် တစ်ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာ့ရဲ့ ပရိသတ်ကတော့ “မမသင်ဇာကို ကိုယ်ချစ်သလိုချစ်နိုင်မှ ကိုယ့်ဘဝထဲဝင်ခဲ့ပါ ချစ်တယ် Artist by KoZarni” ဆိုပြီး သင်ဇာ့ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့တာပါ။ သင်ဇာကလည်း “အရမ်းပျော်ပါတယ် 🥰🥰🥰” ဆိုပြီး ပရိသတ်ရဲ့ မေတ္တာကို အသိအမှတ်ပြုတဲ့အကြောင်း ပြန်ပြောထားပါသေးတယ်။သွေးစတွေတောင် မြင်နေရတယ်နော် ကြမ်းချက်…။

သရုပ်ဆောင်ပိုင်းမှာ သူမသရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို သေချာလေ့လာပြင်ဆင်ပြီး ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း အချစ်ကြမ်းတဲ့ ပရိသတ်တစ်ဦးကြောင့် ပျော်နေတဲ့ သင်ဇာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Source:Thinzar Wint Kyaw’s Facebook;Credit-original