ေမေမအူဝဲကိုယ္တိုင္ ေက်ာင္းလိုက္ပို႔ေပးလို႔ေပ်ာ္ေနၾကတဲ့ သုသုနဲ႕ဖိုးဓီေလးတို႔ရဲ႕ ဗီဒီယိုေလး
အႏုပညာအလုပ္ေတြကိုသာမကပဲ သားသမီးေတြရဲ႕ေဝယ်ာဝစၥေတြပါကိုပါ တစ္ခ်က္မွညည္းၫူျခင္းမရွိဘဲ လုပ္ကိုင္ေနသူကေတာ့ ျပည္သူခ်စ္မင္းသမီးေခ်ာေလး အိႏၵျာေက်ာ္ဇင္ပဲ ျဖစ္ပါတယ္။ သူမဟာ ကေလးေတြအေပၚကို မ်က္စိေအာက္က အေပ်ာက္မခံနိုင္ေအာင္ကို ဂ႐ုစိုက္လြန္းသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ကေလးႏွစ္ေယာက္အေမလို႔ ထင္ရက္စရာမရွိေလာက္ေအာင္ကို ႏုပ်ိဳလြန္းတာေၾကာင့္လည္း အားလုံးက အတိုင္းထက္အလြန္ အားေပးခ်စ္ခင္ေနၾကတာလည္း ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ကေတာ့ အူဝဲရဲ႕ႏွစ္လို႔ေျပာရေလာက္ေအာင္ သူမရိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားစြာ ႐ုံတင္ေနဆဲပဲ ျဖစ္ပါတယ္။ အူဝဲကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကေတာ့ သူမရဲ႕ရိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားထဲမွ အကယ္ဒမီစာရင္းဝင္နိုင္တဲ့ ဇာတ္ကားမ်ားကို ႀကိဳတင္ခန႔္မွန္းေနၾကၿပီပဲ ျဖစ္ပါတယ္။ လတ္တေလာမွာလည္း သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားႀကီးေတြလည္း ႐ုံတင္ျပသလ်က္ရွိေနတာပဲ ျဖစ္ပါတယ္။
အူဝဲရဲ႕ မနက္တိုင္းမပ်က္မကြက္ လုပ္ေဆာင္ေနၾကအလုပ္တစ္ခုလည္း ရွိပါေသးတယ္။ ဒါကေတာ့ ခ်စ္ရတဲ့ သားနဲ႕သမီးကို မနက္တိုင္း ေက်ာင္းလိုက္ပို႔ေပးတာပါ။ ကေလးေတြကလည္း ေမေမနဲ႕အတူ ေက်ာင္းအတူသြားရတဲ့အတြက္ ေပ်ာ္႐ႊင္ေနၾကတာပါ။ အခုတစ္ေခါက္မွာလည္း ေမေမကိုယ္တိုင္ ေက်ာင္းလိုက္ပို႔ေပးလို႔ ေပ်ာ္ေနၾကတဲ့ သုသုနဲ႕ဖိုးဓီေလးတို႔ရဲ႕ ဗီဒီယိုေလးကို အူဝဲရဲ႕ Facebook myday ေလးမွာတင္ထားတာပဲ ျဖစ္ၿပီး ပရိသတ္ႀကီးလည္း ၾကည့္ရႈနိုင္ေအာင္ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။
Source – Eaindra Kyaw Zin;Credit-“Myanmarload
Unicode
အနုပညာအလုပ်တွေကိုသာမကပဲ သားသမီးတွေရဲ့ဝေယျာဝစ္စတွေပါကိုပါ တစ်ချက်မှညည်းညူခြင်းမရှိဘဲ လုပ်ကိုင်နေသူကတော့ ပြည်သူချစ်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးတွေအပေါ်ကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ဂရုစိုက်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုလွန်းတာကြောင့်လည်း အားလုံးက အတိုင်းထက်အလွန် အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကတော့ အူဝဲရဲ့နှစ်လို့ပြောရလောက်အောင် သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများစွာ ရုံတင်နေဆဲပဲ ဖြစ်ပါတယ်။ အူဝဲကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများထဲမှ အကယ်ဒမီစာရင်းဝင်နိုင်တဲ့ ဇာတ်ကားများကို ကြိုတင်ခန့်မှန်းနေကြပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးတွေလည်း ရုံတင်ပြသလျက်ရှိနေတာပဲ ဖြစ်ပါတယ်။
အူဝဲရဲ့ မနက်တိုင်းမပျက်မကွက် လုပ်ဆောင်နေကြအလုပ်တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ချစ်ရတဲ့ သားနဲ့သမီးကို မနက်တိုင်း ကျောင်းလိုက်ပို့ပေးတာပါ။ ကလေးတွေကလည်း မေမေနဲ့အတူ ကျောင်းအတူသွားရတဲ့အတွက် ပျော်ရွှင်နေကြတာပါ။ အခုတစ်ခေါက်မှာလည်း မေမေကိုယ်တိုင် ကျောင်းလိုက်ပို့ပေးလို့ ပျော်နေကြတဲ့ သုသုနဲ့ဖိုးဓီလေးတို့ရဲ့ ဗီဒီယိုလေးကို အူဝဲရဲ့ Facebook myday လေးမှာတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။Source – Eaindra Kyaw Zin;Credit-“Myanmarload





