Latest Posts

ညိုချောတွေက ပိုညှို့အားပြင်းတယ်ဆိုတာကို သက်သေပြလိုက်တဲ့ မိုးဟေကို








Unicode

ညိုတဲ့သူတွေ လှရင် ဘယ်သူ့မှ လိုက်မမှီနိုင်ဘူးဆိုတာကို သက်သေပြထားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မိုးဟေကိုကတော့ တစိမ့်စိမ့်ကြည့်လေ ပိုပိုလှလာသူလေးလို့ ပရိသတ်တွေအားလုံးက လက်ခံထားကြတာပါ။

လတ်တလောမှာတော့ မိုးဟေကိုက အနက်ရောင်ဖက်ရှင်နဲ့ ညှို့အားပြင်းနေတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမကိုယ်သူမ ယုံကြည်မှုရှိစွာနဲ့ လှချင်တိုင်း လှနေတဲ့ မင်းသမီးချောလေး မိုးဟေကိုရဲ့ပုံရိပ်တွေကတော့ အရမ်းကိုဂေါ်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ညှို့အားပြင်းပြင်းအကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မိုးဟေကိုရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ “𝙲𝚘𝚗𝚏𝚒𝚍𝚎𝚗𝚌𝚎 𝙷𝚊𝚜 𝙽𝚘 𝙲𝚘𝚖𝚙𝚎𝚝𝚒𝚝𝚒𝚘𝚗 🎬” ဆိုပြီး ယုံကြည်မှုရှိလွန်းစွာ လှနေတဲ့ သူမရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မဂ္ဂဇင်းတွေရဲ့ကာဗာထက်မှာ အဂေါ်ဆုံးဖက်ရှင်တွေနဲ့ နေရာယူထားနိုင်တဲ့ မိုးဟေကိုကတော့ အခုထိကို မိမိုက်နေဆဲမို့ ပရိသတ်တွေက ပိုပိုပြီး ကြွေနေကြရတာပါနော်။

မင်းသမီးတစ်ဦးအနေနဲ့ အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိနေပြီဖြစ်တဲ့ မိုးဟေကိုကတော့ လက်ရှိမှာ ထုတ်လုပ်သူတစ်ဦးအနေနဲ့ပါ အနုပညာနယ်ပယ်ထဲ ခြေဆန့်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မိုးဟေကိုကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလို အောင်မြင်မှုတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုနဲ့ မင်းသမီးချောလေး ဖွေးဖွေးနဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ

ရုံတင်ပြသတော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီးဂေါ်လာတဲ့ မင်းသမီးချောလေး မိုးဟေကိုကို ကြွေတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-Myint Myat;Source;Moe Hay Ko’s Facebook;𝙋𝙝𝙤𝙩𝙤 – 𝘼𝙪𝙣𝙜 𝙆𝙮𝙖𝙬 𝙏𝙪𝙣