အိပ္မရတဲ့ ညေပါင္းေတြက လႊတ္ေျမာက္ပါေစလို႔ ဆုေတာင္းခဲ့တဲ့ အိုင္းရင္းဇင္မာျမင့္
အခ်စ္သီခ်င္းေတြနဲ႕ ပရိသတ္ေတြၾကားမွာ နာမည္ၾကီးခဲ့တဲ့ အဆိုေတာ္မေလး အိုင္းရင္းဇင္မာျမင့္ဟာ ယခုေနာက္ပိုင္းမွာေတာ့ အခ်စ္နဲ႕ ပတ္သက္တဲ့ သူမရဲ႕ ခံစားခ်က္ေတြကို ေရးျပလာတက္ပါတယ္။သူမက သီခ်င္းေတြမွာတင္ အဆိုေကာင္းတာမဟုတ္ဘဲ မွတ္စုေရးသားရာမွာလဲ ထိမိတဲ့စကားလံုးေတြ စာသားေတြေၾကာင့္ သူမရဲ႕ စာသားေတြက အနက္အဓိပၸာယ္ ျပည့္စံုလို႔ေနပါတယ္။
ယခုအခါသူေရးသားခဲ့တာကေတာ့ ညဘက္ေတြမွာ အထီးက်န္ဆန္သလို ခံစားရၿပီး သူမအေနနဲ႕ ဒီ ခံစားခ်က္ေတြက လြတ္ေျမာက္ျခင္တယ္ဆိုၿပီး ေရးသားခဲ့တာျဖစ္ပါတယ္။သူေရးသားခဲ့တာေတြကေတာ့ “ ရံဖန္ရံခါ မဟုတ္ေသာ အထီးက်န္ျခင္း ဒီညေရာ ဘယ္လိုမ်ားအိပ္ရမလဲေတြးေနမိတယ္။
အခုအခ်ိန္အေတာင္းတဆံုးက အဲ့ခံစားခ်က္ေတြကေနလြတ္ေျမာက္ခြင့္ရယ္ပါ လူတစ္ဦး တစ္ေယာက္ကို သတိရေနတာမ်ိဴးမဟုတ္ပဲ ကိုယ့္ကိုကို အားငယ္ေနတာမ်ိဴး တိတ္ဆိတ္ေနတာမ်ိဴး စိတ္ေတြပ်ံ႕ေနတာမ်ိဴးပါေလ ေကာင္းေသာညပါ❣️” လို႔ ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္မွာေရးသားခဲ့ပါတယ္။
အဲ့ဒီေနာက္ သူမရဲ႕ စာသားေတြေၾကာင့္ ပရိသတ္ေတြက စိတ္ပူခဲ့ၾကၿပီး သူမကို ခြန္အားျဖစ္ေစမယ့္စကား၊ က်န္းမာေရးဂရုစိုက္ဖို႔ေတြနဲ႕ ၊ စိတ္ကို အေကာင္းဆံုးျပန္လည္ျပဳျပင္ႏိုင္ဖို႔ေတြအတြက္ စိတ္ခြန္အားေပးတဲ့ ကြန္းမန္႕ေတြ ေရးသားေဖာ္ျပလာပါတယ္။ အဲ့ဒီေရးသားလာတဲ့ ပရိသတ္ေတြကို သူမ တကယ့္ရင္ထဲကခံစားခ်က္ေတြကို ထပ္မံရင္ဖြင့္လာခဲ့ပါတယ္။
သူမေျပာခဲ့တာကေတာ့ “ ရင္ဘက္ေတြေအာင့္ ေခါင္းေတြမူး ဘာေတြျဖစ္ေနမွန္းမသိပါဘူး Irene တကယ္အရမ္း ပဲအားငယ္ေနတယ္ရွင္၊ စိတ္ထဲမေပ်ာ္လို႔ငိုခ်လိုက္မိတယ္၊ အခုတေလာ အရမ္းအားငယ္တာပဲ” လို႔ ဆိုၿပီး ထပ္မံေရးသားခဲ့ပါတယ္။ဖတ္ရႈ႕ေပးၾကတဲ့ မိုမိုေလးခ်စ္ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။Credit-May Phyo(MML);Source – Irene Zin Mar Myint
Unicode
အချစ်သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ အဆိုတော်မလေး အိုင်းရင်းဇင်မာမြင့်ဟာ ယခုနောက်ပိုင်းမှာတော့ အချစ်နဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို ရေးပြလာတက်ပါတယ်။သူမက သီချင်းတွေမှာတင် အဆိုကောင်းတာမဟုတ်ဘဲ မှတ်စုရေးသားရာမှာလဲ ထိမိတဲ့စကားလုံးတွေ စာသားတွေကြောင့် သူမရဲ့ စာသားတွေက အနက်အဓိပ္ပာယ် ပြည့်စုံလို့နေပါတယ်။
ယခုအခါသူရေးသားခဲ့တာကတော့ ညဘက်တွေမှာ အထီးကျန်ဆန်သလို ခံစားရပြီး သူမအနေနဲ့ ဒီ ခံစားချက်တွေက လွတ်မြောက်ခြင်တယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။သူရေးသားခဲ့တာတွေကတော့ “ ရံဖန်ရံခါ မဟုတ်သော အထီးကျန်ခြင်း ဒီညရော ဘယ်လိုများအိပ်ရမလဲတွေးနေမိတယ်။
အခုအချိန်အတောင်းတဆုံးက အဲ့ခံစားချက်တွေကနေလွတ်မြောက်ခွင့်ရယ်ပါ လူတစ်ဦး တစ်ယောက်ကို သတိရနေတာမျိူးမဟုတ်ပဲ ကိုယ့်ကိုကို အားငယ်နေတာမျိူး တိတ်ဆိတ်နေတာမျိူး စိတ်တွေပျံ့နေတာမျိူးပါလေ ကောင်းသောညပါ❣️” လို့ ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။
အဲ့ဒီနောက် သူမရဲ့ စာသားတွေကြောင့် ပရိသတ်တွေက စိတ်ပူခဲ့ကြပြီး သူမကို ခွန်အားဖြစ်စေမယ့်စကား၊ ကျန်းမာရေးဂရုစိုက်ဖို့တွေနဲ့ ၊ စိတ်ကို အကောင်းဆုံးပြန်လည်ပြုပြင်နိုင်ဖို့တွေအတွက် စိတ်ခွန်အားပေးတဲ့ ကွန်းမန့်တွေ ရေးသားဖော်ပြလာပါတယ်။ အဲ့ဒီရေးသားလာတဲ့ ပရိသတ်တွေကို သူမ တကယ့်ရင်ထဲကခံစားချက်တွေကို ထပ်မံရင်ဖွင့်လာခဲ့ပါတယ်။
သူမပြောခဲ့တာကတော့ “ ရင်ဘက်တွေအောင့် ခေါင်းတွေမူး ဘာတွေဖြစ်နေမှန်းမသိပါဘူး Irene တကယ်အရမ်း ပဲအားငယ်နေတယ်ရှင်၊ စိတ်ထဲမပျော်လို့ငိုချလိုက်မိတယ်၊ အခုတလော အရမ်းအားငယ်တာပဲ” လို့ ဆိုပြီး ထပ်မံရေးသားခဲ့ပါတယ်။ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-May Phyo(MML);Source – Irene Zin Mar Myint




