Latest Posts

“သမၼတ အိပ္မက္ အရ တည္တ့ဲ ေရွးေဟာင္းေစတီေတာ္”


သမၼတ အိပ္မက္ အရ တည္တ့ဲ ေရွးေဟာင္းေစတီေတာ္

~~~~~~~~<<<>>>~~~~~~~

ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်းရြာ ေတာင္ၿပိဳတ့ဲေနရာမွာ အ့ံၾသဖြယ္ရာ မတိမ္းမေစာင္း တည္ရွိေနခ့ဲ ေစတီေတာ္ျမတ္ကို ဓာတ္ပုံေတြထဲမွာ ဖူးျမင္ၿပီးၾက ျဖစ္ပါလိမ့္မယ္။

အ့ဲဒီ ေစတီေတာ္ဟာ သမၼတေဟာင္း စိန္လြင္၏ အိပ္မက္အရ ေရွးေဟာင္း ေစတီတစ္ဆူကို ျပန္လည္မြမ္းမံကာ သမၼတေဟာင္း ဦးစိန္လြင္ ဒါယကာျပဳတည္ထားခ့ဲေသာ ေစတီေတာ္ျဖစ္သည္ဟု မွတ္တမ္းမ်ားအရ သိရွိရပါတယ္။


ေတာင္ၿပိဳက်မႈတြင္ ပ်ံေတာ္မူသြားေသာ ဦးဇင္းႀကီးသည္ သမၼတေဟာင္း ဦးစိန္လြင္၏ ညီဝမ္းကြဲ ေတာ္စပ္သည္ဟုလည္း သိရပါတယ္။

ဥတၱရာ ရာမ ေက်ာင္းတိုက္အတြင္း ေတာင္ၿပိဳက်မႈ ေဘးအႏၲရာယ္မွ လြတ္ေျမာက္ခ့ဲေသာ္လည္း ခႏၶာကိုယ္ အႏွ႕ံအျပား ဒဏ္ရာေတြနဲ႔ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး အမ်ိဳးသားခြဲစိတ္ေဆာင္ အခန္း (၂) တြင္ တက္ေရာက္ကုသေနေသာ ဥတၱရာရာမ ေက်ာင္းတိုက္၏ ဒုတိယ ပဓာန နာယက ဦးဓမၼသာရ ကို အားေပး သတင္းေမးရင္း သြားေရာက္ခ့ဲပါတယ္။


ဦးဓမၼသာရသည္ ေမာ္လၿမိဳင္ၿမိဳ႕ ျမေစတီ (ရဲ)ေက်ာင္းစာသင္တိုက္ႀကီးတြင္ ဓမၼာစရိယ စာေပမ်ားကို သင္ယူၿပီး ဘာသာ လူမ်ိဳးျခားမ်ားအားႀကီးေသာ ေက်းရြာတြင္ ဘာသာ သာသနာအတြက္ ခက္ခက္ခဲခဲ ဖခင္ျဖစ္ေသာ ေက်ာင္းထိုင္ ဦးဇင္းႀကီးႏွင့္ အတူ သာသနာျပဳေနခ့ဲေနတာျဖစ္ပါတယ္။

စာေရးသူက ဒဏ္ရာဗလပြနဲ႔ သူငယ္ခ်င္းကို ဓာတ္ပုံေတြျ့မင္မွ သူငယ္ခ်င္းႀကီးျဖစ္ေနလို႔ အေျပးအလႊာ ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံးႀကီးကို သတင္းေမးသြားခ့ဲရပါတယ္။


႐ိုး႐ိုးေအးေအးႀကီး ေနတတ္တ့ဲ သူငယ္ခ်င္းႀကီး ဦးဓမၼသာရကို အားေပးစကားေတြ အမ်ားႀကီးေျပာခ့ဲပါတယ္။

ေနစရာေက်ာင္းေတြလည္း ေတာင္ၿပိဳတ့ဲ အထဲ ပါသြားလို႔ ေဆး႐ုံးက ဆင္းတ့ဲအခါ အကိုေတာ္တ့ဲ ဦးစႏၵာသိရီ သံျဖဴဇရပ္ၿမိဳ႕နယ္။ က်ဳံကဒတ္ ေညာင္ငါးပင္ေက်ာင္း မွာ သီတင္းသုံးမယ္လို႔လည္း သိခ့ဲပါတယ္။


ဥတၱရာရာမ ေက်ာင္းတိုက္ကို ျပန္လည္ထူးေထာင္ဖို႔ဆိုသည္မွာ အခက္အခဲမ်ားစြာ ရွိေနဦးမည္ျဖစ္ေသာ္လည္း သာသနာျပဳ ရဟန္းေကာင္း သူငယ္ခ်င္းႀကီးအတြက္ အသက္ခႏၶာ အႏၲရာယ္ေသေဘးကေတာင္ လြတ္ေျမာက္ခ့ဲေသးတာ ကံေကာင္းျခင္းေတြ ေရာက္ရွိပါေစလို႔ ဆုေတာင္းရင္း ဦးဓမၼသာရ အျမန္ဆုံးက်န္းမာပါေစ။


{ ဥတၱရာရာမ ေက်ာင္းတိုက္ ျပန္လည္ထူးေထာင္ေရး အတြက္ လွဴဒါန္းလိုပါက ဦးစႏၵာသိရီ ေညာင္ငါးပင္ဆရာေတာ္။ 09691094510 ဆက္သြယ္လွဴဒါန္းႏိုင္ၾကပါသည္}

ဒါယဇၨ ဓမၼ { ေစာဒါယဇ္ }

12-8-2019

Credit- စာခ်ြန္ေတာ္

Unicode

သမ္မတ အိပ်မက် အရ တည်တဲ့ ရှေးဟောင်းစေတီတော်

~~~~~~~~<<<>>>~~~~~~~

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တောင်ပြိုတဲ့နေရာမှာ အ့ံသြဖွယ်ရာ မတိမ်းမစောင်း တည်ရှိနေခဲ့ စေတီတော်မြတ်ကို ဓာတ်ပုံတွေထဲမှာ ဖူးမြင်ပြီးကြ ဖြစ်ပါလိမ့်မယ်။

အဲ့ဒီ စေတီတော်ဟာ သမ္မတဟောင်း စိန်လွင်၏ အိပ်မက်အရ ရှေးဟောင်း စေတီတစ်ဆူကို ပြန်လည်မွမ်းမံကာ သမ္မတဟောင်း ဦးစိန်လွင် ဒါယကာပြုတည်ထားခဲ့သော စေတီတော်ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိရပါတယ်။

တောင်ပြိုကျမှုတွင် ပျံတော်မူသွားသော ဦးဇင်းကြီးသည် သမ္မတဟောင်း ဦးစိန်လွင်၏ ညီဝမ်းကွဲ တော်စပ်သည်ဟုလည်း သိရပါတယ်။

ဥတ္တရာ ရာမ ကျောင်းတိုက်အတွင်း တောင်ပြိုကျမှု ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း ခန္ဓာကိုယ် အနှ့ံအပြား ဒဏ်ရာတွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင် အခန်း (၂) တွင် တက်ရောက်ကုသနေသော ဥတ္တရာရာမ ကျောင်းတိုက်၏ ဒုတိယ ပဓာန နာယက ဦးဓမ္မသာရ ကို အားပေး သတင်းမေးရင်း သွားရောက်ခဲ့ပါတယ်။

ဦးဓမ္မသာရသည် မော်လမြိုင်မြို့ မြစေတီ (ရဲ)ကျောင်းစာသင်တိုက်ကြီးတွင် ဓမ္မာစရိယ စာပေများကို သင်ယူပြီး ဘာသာ လူမျိုးခြားများအားကြီးသော ကျေးရွာတွင် ဘာသာ သာသနာအတွက် ခက်ခက်ခဲခဲ ဖခင်ဖြစ်သော ကျောင်းထိုင် ဦးဇင်းကြီးနှင့် အတူ သာသနာပြုနေခဲ့နေတာဖြစ်ပါတယ်။

စာရေးသူက ဒဏ်ရာဗလပွနဲ့ သူငယ်ချင်းကို ဓာတ်ပုံတြွေ့မင်မှ သူငယ်ချင်းကြီးဖြစ်နေလို့ အပြေးအလွှာ မော်လမြိုင် ပြည်သူ့ဆေးရုံးကြီးကို သတင်းမေးသွားခဲ့ရပါတယ်။

ရိုးရိုးအေးအေးကြီး နေတတ်တဲ့ သူငယ်ချင်းကြီး ဦးဓမ္မသာရကို အားပေးစကားတွေ အများကြီးပြောခဲ့ပါတယ်။

နေစရာကျောင်းတွေလည်း တောင်ပြိုတဲ့ အထဲ ပါသွားလို့ ဆေးရုံးက ဆင်းတဲ့အခါ အကိုတော်တဲ့ ဦးစန္ဒာသိရီ သံဖြူဇရပ်မြို့နယ်။ ကျုံကဒတ် ညောင်ငါးပင်ကျောင်း မှာ သီတင်းသုံးမယ်လို့လည်း သိခဲ့ပါတယ်။

ဥတ္တရာရာမ ကျောင်းတိုက်ကို ပြန်လည်ထူးထောင်ဖို့ဆိုသည်မှာ အခက်အခဲများစွာ ရှိနေဦးမည်ဖြစ်သော်လည်း သာသနာပြု ရဟန်းကောင်း သူငယ်ချင်းကြီးအတွက် အသက်ခန္ဓာ အန္တရာယ်သေဘေးကတောင် လွတ်မြောက်ခဲ့သေးတာ ကံကောင်းခြင်းတွေ ရောက်ရှိပါစေလို့ ဆုတောင်းရင်း ဦးဓမ္မသာရ အမြန်ဆုံးကျန်းမာပါစေ။

{ ဥတ္တရာရာမ ကျောင်းတိုက် ပြန်လည်ထူးထောင်ရေး အတွက် လှူဒါန်းလိုပါက ဦးစန္ဒာသိရီ ညောင်ငါးပင်ဆရာတော်။ 09691094510 ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်}

ဒါယဇ္ဇ ဓမ္မ { စောဒါယဇ် }