ဘန်းစကားတွေက သဘာဝ ဘေးအန္တရယ်တို့ နှင့် ဆက်စပ်မှုရှိသော နိမိတ်စကား ဖြစ်လေ သလား
Zawgyi
မြန်မာနိုင်ငံဟာဆိုရင်..ကျွန်းကြီးလေးကျွန်းရှိတဲ့အနက်က ဇမ္ဗူဒီယာ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းဆိုတဲ့ စကားအတိုင်း အတိတ်နမိတ် ကြီးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ကောင်းတဲ့စကားတွေပဲပြောကြပါစို့…နိမိတ်မရှိတဲ့စကားမပြောကြပါနဲ့..တိုက်တွန်းချင်ပါတယ်..။
ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လားခင်ဗျာ..Credit – original
Unicode
ချစ်ခင်ရတဲ့ စာရှုသူတို့ခင်ဗျာ..
မြန်မာနိုင်ငံဟာဆိုရင်..ကျွန်းကြီးလေးကျွန်းရှိတဲ့အနက်က ဇမ္ဗူဒီယာ လကျ်ာတောင်ကျွန်း သြဘာနိမိတ်ထွန်းဆိုတဲ့ စကားအတိုင်း အတိတ်နမိတ် ကြီးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ရှေးပညာရှိ ကဝိ အဆူဆူတို့က မဟုတ်သော စကား ၊ မကောင်းသောအာကံတွေကိုဆိုရင် မိဘမောင်ဘွားတွေက အစ..နမိတ်မရှိ နမာမရှိ စကားတွေလို့ ဆိုကြလေ့ ရှိကြတာဖြစ်ပါတယ်။
ဒါပေမယ့် ခေတ်ကာလတွေ ကြာညောင်းရွေ့ရှားလာတော့.. အမှားကို အမှန်ထင်ပြီးအမှန်ပြင်ပေးမယ့် သူတွေလည်း အမုန်းမခံကြတော့ပါဘူး။ ဒါကြောင့် ယခင်က ပြောတဲ့ နမိတ်မရှိ နမာ မရှိဆိုတဲ့ စကားတွေဟာ
အခုခေတ်မှာ ဘန်းစကားလို့တောင် လူငယ်တွေရပ်ဝန်းမှာ ရေပန်းစားလာခဲ့ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ သုံးခဲ့တဲ့ စကားတွေ များစွာထဲက ..ပြန်လည်ကောက်နှုတ်ပြရရင် နာဂစ်မဖြစ်ခင်တုန်းကလူငယ်တွေသုံးခဲ့တဲ့ဘန်းစကားက
”လန်ထွက်နေတာပဲ”နာဂစ်ဖြစ်တော့အကုန်လန်ထွက်ကုန်တာပဲ၊။ခုလူငယ်တွေသုံးနေတဲ့ဘန်းစကားတွေ့နေရတယ်”စောက်ရမ်းလမ်းတွေပျောက်နေပါပြီနော်” တဲ့
ခုနေရာအချို့မှာရေတွေကြီးပြီးကားလမ်းပေါ်ရေတွေကျော်နေပါပြီ..လမ်းတွေပျက်ပြီးလမ်းတောင်ပျောက်နေပါပြီ….၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက နိုင်ငံရေးရပ်ဝန်းမှာ ပြောခဲ့တဲ့ ဗန်းစကားက သောင်ပြို ကမ်းပြို တဲ့
အခုတော့ သောင်တွေရော တောင်တွေပါ ပြိုနေတာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ရပြန်ပါတယ်။
ဒီတော့.. ခေတ်မီတာလည်း ခေတ်မှီတာပေါ့…လူငယ်တွေကို မေတ္တာရပ်ခံချင်တာက
ကောင်းတဲ့စကားတွေပဲပြောကြပါစို့…နိမိတ်မရှိတဲ့စကားမပြောကြပါနဲ့..တိုက်တွွန်းချင်ပါတယ်..။
ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လားခင်ဗျာ..Credit – original
source-ဓမ္မပါရမီ အရှင်ခေမာစာရ