Latest Posts

ကမ္ဘာ့အဆင့် (၇၃) အထိမြင့်တက်လာခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ


 ကြက်တောင်အားကစားနည်းနဲ့ မြန်မာပြည်ရဲ့ဂုဏ်ကို ဆောင်ပြီးရင်ဆောင်နေတဲ့ ကြက်တောင်မယ်သက်ထားသူဇာကတော့ အခုအခါမှာလည်း မြန်မာတွေအတွက် ထပ်မံဂုဏ်တက်စေခဲ့ပြန်ပါပြီ။ အဲဒါကတော့ သက်ထားသူဇာဟာသ ဂြုတ်လ (၁၃) ရက်နေ့က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် (၇၃) နေရာအထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။
သက်ထားသူဇာဟာ ဂရိနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက်တောင်ပြိုင်ပွဲမှာ မလေးရှားကြက်တောင်မယ်ကို အံအားသင့်ဖွယ် (၂) ပွဲပြတ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲဒီလိုရှုံးနိမ့်ခဲ့ပေမယ့် သက်ထားသူဇာဟာ ပြိုင်ပွဲတစ်လျှောက်စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း အမှတ်ကွာဟချက် သိပ်မရှိသလို့ အခုဆိုကမ္ဘာ့အဆင့်မှာ (၁၀) ဆင့်အထိ ခုန်တက်လာခဲ့တာပဲဖြစ်ပါတယ်။


သက်ထားသူဇာဟာ အရင်က ကမ္ဘာ့အဆင့် (၈၃) ရရှိထားတာပဲဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိပြီး မြန်မာတွေအတွက် မကြာခဏ ဆိုသလို ဂုဏ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သက်ထားသူဇာဟာ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ အားကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ နောက်လာမယ့်ပြိုင်ပွဲတွေမှာလည်း သူ့အနေနဲ့ အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ သက်ထားသူဇာက ဆိုခဲ့ပါတယ်။Credit -original