Victoriaကိစ္စနှင့်ပတ်သတ်ပြီး ယုတ်မာစွာပြောဆိုတဲ့ ကျောင်းဆရာကို အရေးယူတော့မည်
အခုပဲ သူငယ်ချင်းတယောက်ဖုန်းဆက်လာပါတယ် ပညာရေးကောလိပ်မှာ အရေးယူမယ့်သူတွေ ရောက်နေပါပြီတဲ့ကျောင်းအုပ်ဆရာမကြီးကလည်း အရမ်းဒေါသထွက်နေပြီး ကျောင်းကထုတ်ပယ်မယ်တဲ့ ကျန်တဲ့ဥပဒေအရအရေးယူမှုကိုလည်း ထောက်ခံပါတယ်တဲ့
သူငယ်ချင်းရဲ့ ဆက်လက်ပြောကြားချက်ကတော့”ဒီလောက်ယုတ်မာတဲ့ပြောဆိုမှုကို ကျန်တဲ့ဆရာဆရာမတွေကလည်း ရွံရှာနေတယ်၊ ပါးဆွဲရိုက်ချင်သူ ၊ ပါးခွရိုက်ချင်သူ ၊ ပါးဖြတ်ရိုက်ချင်သူတွေကလည်း အစုနဲ့အဝေး ထုနဲ့ဒေးပါ ၊ အခုအချိန်က ကျောင်းနှစ်ဆယ့်ငါးကျောင်း ပြိုင်ပွဲကျင်းပနေချိန်မို့ လူတအားစုံနေတဲ့ရက်ပါ ၊ အားလုံးက ရွံရှာစက်ဆုပ်နေကြပါတယ် ၊ မိဘတွေကတော့ ရိုးရိုးအအတောင်သူတွေပါ ၊ ဒါပေမဲ့ သားသမီးလုပ်သမျှအပြစ်ကို မိဘတွေကနောက်ဆုံးမှသိပြီးရင်ဆိုင်ဖြေရှင်းပေးရတာ ဓမ္မတာပဲမဟုတ်လား..တဲ့
နောက်ဆုံးသူငယ်ချင်းဆရာမရဲ့ ကောက်ချက်က ဒီလိုပါ..”သူငယ်ချင်းရေ… ကလေးတွေကို သွန်သင်ဆုံးမလမ်းပြအုပ်ထိန်းရမယ့်ဆရာတယောက်မှာ ဒီလိုအတွေးအကြံအပြုအမူအပြောအဆိုရှိနေတာ ကလေးတွေအတွက် အန္တရာယ်များသလို ကလေးတွေအနာဂါတ်အတွက် စိတ်ပူစရာပါ…. ဒါကြောင့် သူဟာ မည်သူတဦးတယောက်ရဲ့ခွင့်လွှတ်ခြင်းကိုမှ မရထိုက်ပါဘူး”..တဲ့ ခင်ဗျာ
Credit \\ original