ဇာတ်ပို့သရုပ်ဆောင် ရဲလေးမကို မျက်ရည်ကျအောင် Surprise လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ
ပရဟိတအလုပ်တွေလုပ်နေရရင်ကို ပျော်နေသူလေးဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အမြဲလိုလို ချို့တဲ့သူတွေကို ပျော်ရွှင်အောင် တတ်နိုင်တဲ့ဘက်က ကူညီပေးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခိုင်နှင်းဝေက ဇာတ်ပို့သရုပ်ဆောင် ရဲလေးမရဲ့မုန့်ဟင်းခါးဆိုင်လေးကို ကောင်းကောင်းမွန်မွန်လေးဖြစ်အောင် ပြင်ဆင်ပြီး Surprise လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ရဲလေးမကတော့ ချစ်ရတဲ့ မခိုင်နှင်းဝေရဲ့မထင်မှတ်ထားတဲ့ Surprise ကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ရတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခိုင်နှင်းဝေကတော့ “ကျမတို့ အနုပညာ လောက ဇာတ်ပို့ အလွှာမှ သရုပ်ဆောင် ရဲလေးမ ရဲ့ ယခုလက်ရှိ စားဝတ်နေရေး အင်တာဗျူး လေးတွေ ကြည့်ပြီး လှူချင်တဲ့စိတ် ပျင်းပျ နေခဲ့တာ ဒီနေ့တော့ ဆန္ဒ လေးပြည့်ပါပြီရှင် သရုပ်ဆောင် ရဲလေးမ လက်ရှိရောင်းချနေတဲ့ 2နာရီ မုန့်ဟင်းခါး ဆိုင်လေးက မုန့်ဟင်းခါး ပိသာချိန် ၃၀ စာ (ငွေကျပ်4သိန်း) ကို အော်ဒါမှာပြီး စက်ဆန်း မီးရထား ရဲဓမ္မာရုံ မှာ အိုးဘဲဥအကြော်များဖြင့် စတုဒီတာ ကျွေးမွေး ခဲ့ပါတယ်ရှင် ရဲလေးမ ကလည်း သူရရှိခဲ့တဲ့ အမြတ်ငွေထဲက ပိသာချိန် ၂၀ ခန့် ထပ်မံ လှူဒါန်း ကျွေးမွေး ခဲ့လို့ စုစုပေါင်း ပိသာချိန် ၅၀ စာခန့်ကျွေးမွေးနိုင်ခဲ့ပါတယ်ရှင်
ဒီအလှူလေးကို အမေရိကန်နိုင်ငံ လော့အိန်းဂျလိစ်မြို့ တွင် ကွယ်လွန်သူ Jeremy Lye (ခ) ကိုအောင်ထွန်းဦး ရက်လည် အတွက် ကျမနဲ့ တူတူပါဝင်လှူဒါန်းခဲ့တဲ့ အလှူ ရှင်များကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ဒီနေ့လေးမှာ ဝတ်ဖို့ ဝတ်စုံ လှလှလေးချုပ်ပေးတဲ့ မောင်လေး Zippy ကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ် အလှူလေးတွေ လှူနေရရင် ဘယ်လောက် ပင်ပန်းနေပါစေ ပျော်နေတတ်သူ ကျမကို အလှူပွဲတိုင်းလိုလို ဘေးက အပင်ပန်းခံ အမြဲသတင်းတွေ လိုက်လံရိုက်ကူးပေးကြတဲ့ ချစ်သော မီဒီယာ မောင်နှမတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ခိုင်နှင်းဝေ” ဆိုပြီး မနေ့ကတစ်နေ့တည်းမှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ကုသိုလ်တွေကို ဝေမျှပေးထားတာပါ။
ခိုင်နှင်းဝေကတော့ သရုပ်ဆောင် ရဲလေးမရဲ့မုန့်ဟင်းခါး ပိသာချိန် ၃၀ စာ (ငွေကျပ်4သိန်း) ဖိုးကို အော်ဒါမှာပြီး၊ စက်ဆန်း မီးရထား ရဲဓမ္မာရုံ မှာ အိုးဘဲဥအကြော်တွေနဲ့ စတုဒီတာ ကျွေးမွေး ခဲ့ပါသေးတယ်နော်။
ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ အခုဆိုရင် မိဘမဲ့ကလေးတွေကို မိခင်အမည်ခံပြီး မွေးစားထားတာ ကလေးတွေကိုလည်း တာဝန်ယူထားတာလည်း တွေ့ရပါတယ်။ မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပါ။ ချစ်ပရိသတ်တွေလည်း ချစ်စရါစိတ်ဓါတ်ပိုင်ရှင်လေး ခိုင်နှင်းဝေရဲ့ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။
credit –original





