သက်ငယ်မုဒိမ်းမှုအတွက် ကိုယ်တိုင်ရေးစပ် သီဆိုလိုက်တဲ့ ပိုပို ရဲ့ danger
အချစ်သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး နားထောင်သူတွေရဲ့ ခံစားချက်နဲ့ ထပ်တူကြခဲ့တဲ့ အဆိုတော်တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမက အချစ်အတွက် ကံမကောင်းသူဖြစ်ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေကြောင့် သူမအမြဲတမ်းခွန်အား တွေဖြစ်စေခဲ့ကာ ပရိသတ်ကြီးအတွက် လဲ သူမအမြဲကြိုးစားနေခဲ့ပါတယ်။ ယခုအခါမှာလဲ ပရိသတ်တွေအတွက် တကယ့်ကို လိုအပ်နေတဲ့ သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်တဲ့ ကလေးလေးတွေကိုအကာအကွယ်ဖြစ်စေမယ့် သီချင်းတစ်ပုဒ်ကို သူမကိုယ်တိုင် ရေးစပ်သီဆိုကာ MV အဖြစ်ရိုက်ကူးပုံဖော်ထားပါတယ်။
သီချင်းထဲမှာတော့ ကလေးတွေအနေနဲ့ သူတို့ကို မထိရ၊ မကိုင်ရ၊ မနမ်းရ တဲ့နေရာတွေနဲ့ ပတ်သက်ပြီး သီချင်းအဖြစ်ဖန်တီးကာ ကလေးလေးတွေမှတ်လွယ်စေဖို့အတွက် ရေးစပ်သီဆိုထားတာဘဲ ဖြစ်ပါတယ်။
လက်ရှိမှာလဲ သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များနေတာကြောင့် မိဘတွေမှာ သောကတွေ စိုးရိမ်ပူပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ဒီပြဿနာတွေကို တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေမယ်လို့ ထင်မိပါတယ်။
သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး အတွက် ပိုပိုရေးစပ်ထားတဲ့ Danger
ကြည့်ရှု့ပေးကြလို့ ကျေးဇူးတင်ပါတယ်။ မျှဝေပေးသွားဖို့လဲ မမေ့ပါနဲ့နော်။
May Phyo(MML)Source – po po
Credit \\ original


