Latest Posts

၁ မိနစ် အိပ်ပြီး ၁ မိနစ် လူနာကြည့်တဲ့ “အထူးကုဆရာဝန်ကြီး”(ကြည့်လုပ်ကြပါဦး ဆရာတို့ရယ်)



ဒီဆရာကြီးကတစ်မျိုးဗျ… အဆန်းကြီး ည ၉:၀၀နာရီခေါ်တယ် ။ သူရောက်ချိန်က ည (၁)နာရီ။ ဟိုဘက်ဆေးရုံက လူနာ ၆၀ ကြည့်ပြီး ချက်ချင်းကူးလာတာပါတဲ့။ ကိုယ့်အဒေါ် ဝင်ပြရချိန်က ည ၁:၂၅ မိနစ် လူနာကြည့်တာ(၃) မိနစ် မဟုတ်ဘူး။ (၆) မိနစ် ခြောက်မိနစ် လူနာကြည့်တယ်ဗျ။

ပြသနာက အဲ (၆) မိနစ်မှာစတာ ကြည့်နေရင်း ပထမ ၁ မိနစ် အိပ်ပျော်သွားတယ် …နောက် ၁ မိနစ် history ယူတယ်။ ၁ မိနစ် အိပ်ပျော်သွားလိုက် ၁ မိနစ် refer letter ချ ရေးလိုက် ၁ မိနစ် အိပ်ပျော်သွားလိုက် ၁ မိနစ် ချရေးလိုက် လား…လား အားလုံးကတော့ မတ်တပ်ကလေးတွေရပ်လို့… မျက်စိရှေ့တင် ဘောပင်ကြီးကိုင်ပြီးသူအိပ်သွားလိုက် …

ဆရာမလေး နှစ်ယောက်က ဘောပင်နဲ့ စားပွဲကိုခေါက်ပြီး နှိုးလိုက် -စာရေးရင်းအိပ်ပျော်သွားလိုက် ခြေလေးဆောင့်လိုက်/ချောင်းဟန့် လိုက် … -နောက်တစ်ခါ အိပ်ပျော်သွားလိုက် ဘောပင်လေးနဲ့စားပွဲကို ဂျစ်ဂျစ်မြည်အောင်ခြစ်လိုက်…သူလန့်နိုးပြီး ရေးပြီးသား စာတွေဖျက်လိုက် ဟန်မပျက်ရေးလိုက် သူ့အရပ်နဲ့ သူ့ဇာတ်တော့ဟုတ်နေတာပဲ။ ဆရာက စေတနာထား ကြည့်ရှာပါတယ်။


ဒါပေမဲ့ မညှာမတာ ဝေဖန်ရရင် ဆရာဝန်မဟုတ်သူ အခြားလူ ဘေးအမြင်ကတော့ တော်တော် ရှက်စရာကြီးပါ။ ကြောက်လည်း ကြောက်စရာကြီးပါ။

ကိုယ့် နှလုံးသွေးကြောတွေနဲ့ အသက်ကိုပေးထားရတဲ့ဆရာကြီးက အိပ်ငိုက်ရင်း ၅ ခါထက် မနည်း စာတွေ ဖျက်လိုက်ရေးလိုက် လုပ်နေတာ မျက်စိရှေ့ မြင်ရသူ ယုံကြည်မှု သံသယဖြစ်မယ်ဆိုတာ မငြင်းနိုင် ပါဘူး။ စာတစ်မျက်နှာလုံး ဖျက်ရာတွေဆိုတာ ပွလို့။ Physician က Surgical intervention ဝင်ဖို့ မဝင်ဖို့ Decision Making တောင်းတာပါ။

သေချာတာက အဲဒီနေ့က ဆရာ ဘာ Decision မှသူမပေးနိုင်ခဲ့ပါဘူး။ နောက်နှစ်ပတ် နေရင်ပြန်လာပါတဲ့။ TCA -2week Consultant Fees ကတော့ အပြည့်ယူပါတယ် ။ ဆရာကြီးတို့ အိပ်ရေးဝကြပါစေ… လူနာတွေ မနိုင်မနင်းကြည့်နေရရင် လည်း ကိုယ့် Assistant လက်ထောက်လေးများကို ပညာ ဒါနအဖြစ် မျှဝေ ကုသိုလ်ယူနိုင်ကြပါစေ… ည ၃:၀၅ မိနစ် (၁၀.၇.၂၀၁၉)

Myo Winhtay ၏ ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြပါသည်။ (လေးစားမှုဖြင့် ခရက်ဒစ်)