Latest Posts

ကေလးငယ္တစ္ဦးကို ၀ိုင္းကိုက္ခဲ့တဲ့ ေခြး ၅ေကာင္ကို ဖမ္းၿပီးေသာ္လည္းေခြးပိုင္ရွင္မရွိ၍ အေရးယူမရ



Zawgyicode

ဗဟန္းၿမိဳ႕နယ္ သာသနာ့ရိပ္သာရပ္ကြက္မွာ ဇူလိုင္ ၂၄ရက္ေန႕က တစ္ႏွစ္ေက်ာ္အ႐ြယ္ကေလးငယ္ တစ္ဦး ကို ၀ိုင္းကိုက္ခဲ့တဲ့ ေလလြင့္ေခြး ၅ေကာင္ကို ဗဟန္စည္ပင္အဖြဲ႕က သြားေရာက္ဖမ္းဆီးခဲ့ၿပီး လွည္းကူး ၿမိဳ႕နယ္ သစ္နီပင္ မင္းကုန္းပရဟိတေခြးေဂဟာကိုသြားေရာက္ပို႔ေဆာင္ခဲ့တယ္လို႔ ဗဟန္းၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္(၁) ဦးျမင့္သန္းက ဘီဘီစီကိုေျပာပါတယ္။

‘‘ ေခြး ၄ေကာင္ကိုေတာ့ ၂၅ရက္ေန႕မွာဖမ္းမိတယ္။ ထြက္ေျပးသြားတဲ့ တစ္ေကာင္ကိုေတာ့ မေန႕က ထပ္ ဖမ္းမိတယ္။ ေခြးေတြကိုေတာ့ ေဂဟာသြားပို႔လိုက္ၿပီ။ ပိုင္ရွင္မရွိဘဲ ဟိုလူကေကြၽးဒီလူကေကြၽးနဲ႕ ေမြးထား တဲ့ လမ္းေဘးေခြးေတြ၊ ၿခံနဲ႕ဝန္းနဲ႕ ေမြးထားတဲ့ေခြးေတြမဟုတ္ေတာ့ ဘယ္သူမွ အေရးယူလို႔မရဘူး’’ လို႔ ဦးျမင့္သန္းကေျပာျပပါတယ္။



အကိုက္ခံရတဲ့ ကေလးငယ္ကို ရန္ကင္းကေလးေဆး႐ုံကို အခ်ိန္မီပို႔ေဆာင္နိုင္ခဲ့တဲ့အတြက္ ကေလးငယ္မွာ သက္သာလာၿပီလို႔လည္း သိရပါတယ္။ရန္ကုန္တိုင္းေဒသႀကီးမွာ ေလလြင့္ေခြးအေရအတြက္ သိန္းနဲ႕ခ်ီရွိေနၿပီး ဒီေခြးေတြကို ေမ့ေဆးပစ္ ဖမ္းဆီး ကာ ေခြးေဂဟာပို႔ေဆာင္တာေတြကို ၿမိဳ႕ေတာ္စည္ပင္ကေန လုပ္ေဆာင္ေနပါတယ္။
Source_BBC
Credit  \\  original
Unicode

ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်မှာ ဇူလိုင် ၂၄ရက်နေ့က တစ်နှစ်ကျော်အရွယ်ကလေးငယ် တစ်ဦး ကို ၀ိုင်းကိုက်ခဲ့တဲ့ လေလွင့်ခွေး ၅ကောင်ကို ဗဟန်စည်ပင်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး လှည်းကူး မြို့နယ် သစ်နီပင် မင်းကုန်းပရဟိတခွေးဂေဟာကိုသွားရောက်ပို့ဆောင်ခဲ့တယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦးမြင့်သန်းက ဘီဘီစီကိုပြောပါတယ်။

‘‘ ခွေး ၄ကောင်ကိုတော့ ၂၅ရက်နေ့မှာဖမ်းမိတယ်။ ထွက်ပြေးသွားတဲ့ တစ်ကောင်ကိုတော့ မနေ့က ထပ် ဖမ်းမိတယ်။ ခွေးတွေကိုတော့ ဂေဟာသွားပို့လိုက်ပြီ။ ပိုင်ရှင်မရှိဘဲ ဟိုလူကကျွေးဒီလူကကျွေးနဲ့ မွေးထား တဲ့ လမ်းဘေးခွေးတွေ၊ ခြံနဲ့ဝန်းနဲ့ မွေးထားတဲ့ခွေးတွေမဟုတ်တော့ ဘယ်သူမှ အရေးယူလို့မရဘူး’’ လို့ ဦးမြင့်သန်းကပြောပြပါတယ်။

အကိုက်ခံရတဲ့ ကလေးငယ်ကို ရန်ကင်းကလေးဆေးရုံကို အချိန်မီပို့ဆောင်နိုင်ခဲ့တဲ့အတွက် ကလေးငယ်မှာ သက်သာလာပြီလို့လည်း သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ လေလွင့်ခွေးအရေအတွက် သိန်းနဲ့ချီရှိနေပြီး ဒီခွေးတွေကို မေ့ဆေးပစ် ဖမ်းဆီး ကာ ခွေးဂေဟာပို့ဆောင်တာတွေကို မြို့တော်စည်ပင်ကနေ လုပ်ဆောင်နေပါတယ်။
Source_BBC

Credit  \\  original