Latest Posts

ဘေဘီတို့တုန်းက အလုံးလိုက်ကြီးထုတ်ပြမနေဘူးဆိုတဲ့ ဘေဘီမောင်


ဘေဘီမောင်ကတော့ တခေတ်တခါတုန်းက ပုရိသတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ခပ်မိုက်မိုက်ပုံလေးတွေ တင်လေ့ရှိသူတယောက်ပါ။ လက်ရှိချိန်မှာလည်း အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း အသက်အရွယ်နည်းနည်းရလာတာကြောင့် မြန်မာဆန်ဆန်လေးတွေပဲ အဝတ်များလာတာကိုတွေ့ရပါတယ်။

ဒါကြောင့် သူ့အနေနဲ့ အရင်က သူဆက်ဆီဆန်ဆန်ဝတ်ခဲ့တာဘာကြောင့်လဲဆိုတာ ပြောပြသွားပြီး ဒီလိုမျိုး ဝတ်စားတာတွေကို သူ့အမြင်နဲ့ ပြောကြသွားခဲ့ပါတယ်။



ဘေဘီမောင်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ ဆက်ဆီဆန်တဲ့ ပုံစံတွေ မတွေ့ရတော့တာနဲ့ ပတ်သက်ပြီး “အသက်ကြီးပြီလေ။ တော်ပြီပေါ့။ အသက်ကြီးမှ အဲ့လိုတွေ မဖြစ်ချင်ပါဘူး။ အသက်လည်းရပြီ ချစ်တဲ့သူတွေလည်း တွေ့ပြီးပါပြီ။ ဘေဘီတို့ အရင်တုန်းက ဆက်ဆီတွေ ဝတ်တယ်ဆိုပေမယ့်လည်း အလွန်အကျွံ မဝတ်ပါဘူး။ ရေကူးကန်မှာ ဝတ်တယ်။ ရင်ဘတ်ကတော့ ဟိုက်ကောင်းဟိုက်လိုက်မယ်။

အလုံးလိုက်ကြီးတွေ မလုပ်ပါဘူး။ ခုခေတ်မှာတော့လည်း ခေတ်မီလာတော့လည်း ဒါတွေကို ပြောလို့မရပါဘူး။ ကိုယ်တွေခေတ်မှာတော့ အရမ်းမလန်းခဲ့ပါဘူး။ ကိုယ်တွေခေတ်မှာကျတော့လည်း ကိုယ်တွေကလန်းတယ်ဆိုတော့လည်း လန်းတယ်ပေါ့။ အဲ့တော့ ဘေဘီကလည်း လန်းချင်လို့ လန်းတာမဟုတ်ပါဘူး။ ကိုယ့်အနုပညာကြောင့်ပါ။

.အမှန်ဆို ဘေဘီက အေးအေးချမ်းချမ်း နေချင်တာပေါ့။ အခုဆို ခန္ဓာကိုယ်နည်းနည်း ပြည့်လာတဲ့အချိန်မှာ မြန်မာဝတ်စုံလေးတွေပဲ ဝတ်တော့ ကိုယ့်ကိုယ်တောင် စိတ်ချမ်းသာတယ်။ နေရတာလည်းအေးချမ်းပါတယ်။

ပွဲလာတာတောင်မှ ဆင်ခြင်ပါတယ်။ နေရာတကာမှာ လိုက်ပြီးတော့ အရမ်းဖော်နေရင်လည်း မကောင်းပါဘူး။ ချစ်သူကတော့ ဘေဘီအတွက် ဘုရားပေးတဲ့ ကုသိုလ်။ သူ့အတွက်လည်း ဘုရားပေးတဲ့ ကုသိုလ်ပါပဲ။ အနုပညာလှုပ်ရှားမှုကတော့ ဘုရားပေးတဲ့ ကံအတိုင်းပဲ မရိုက်ရသေးဘူးပေါ့။

ဒါပေမယ့်လည်း သားဂန်းနဲ့ တူတူတော့ အမ်တီဗီ ရိုက်ဖို့ရှိပါတယ်။ ပွဲတက်လေးတွေတော့ သွားရပါတယ်။ နယ်မှာတော့ ပုံမှန်သီချင်းဆိုဖြစ်ပါတယ်။ ပရဟိတလှုပ်ရှားမှုတွေကိုတော့ တွေ့ရမှာပါ။ တချို့အခက်ခဲဖြစ်နေတဲ့သူတွေကို ကူညီဖို့လည်း ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit  \\  original