“ကိုယ့္ခ်စ္သူက ဂရုမစိုက္ဘူးဆိုရင္ မိန္းကေလးေတြ လုပ္တတ္ၾကတဲ့ အခ်က္(၅)ခု”
“ကိုယ့္ခ်စ္သူက ဂရုမစိုက္ဘူးဆိုရင္ မိန္းကေလးေတြ လုပ္တတ္ၾကတဲ့ အခ်က္(၅)ခု”
မိန္းကေလးဆိုတာ ဘယ္ေလာက္ပဲ စိတ္ဓာတ္ႀကံ့ခိုင္ေနပါေစ၊ ကိုယ္ခ်စ္တဲ့သူေတြရဲ႕ ဂရုစိုက္မႈကို လိုခ်င္ၾကတာခ်ည္းပါပဲ။
ကိုယ့္ခ်စ္သူက ဂရုမစိုက္ဘူးဆိုရင္ အလြန္ကို ဝမ္းနည္းတတ္ပါတယ္။ ဒါတင္မကေသးပါဘူး၊ ေနာက္ဆက္တြဲ ဒီလိုအရာေတြ ျဖစ္လာပါေတာ့တယ္ေနာ္..
(၁) သူကိုယ့္ကိုယ္ မခ်စ္ေတာ့ဘူးလို႕ထင္လာတယ္
တခ်ိဳ႕ ေယာက်ာ္းေလးေတြက ခ်စ္သူျဖစ္တာၾကာလာရင္ အရင္ကေလာက္ ဂရုမစိုက္တတ္ေတာ့သလို၊ ဂရုစိုက္ဖို႕လည္း သိပ္မလိုဘူး၊ ငါတို႕နွစ္ေယာက္က ျပတ္ေတာ့မွာမဟုတ္ဘူးလို႕ ေတြးတတ္ၾကပါတယ္။
မိန္းကေလးေတြကေတာ့ ဂရုမ စိုက္ေတာ့တာဟာ မခ်စ္ေတာ့တာပဲလို႕ သတ္မွတ္ၾကပါတယ္။ ဒီေတာ့ ခ်စ္တဲ့သူက ဂရုမစိုက္တာဟာ သူ႕ကိုမ ခ်စ္ေတာ့တာပဲလို႕ ယူဆသြားနိုင္ပါတယ္။
(၂) အေတြးလြန္လာတယ္
သူ ငါ့ကိုဘာလို႕ ဂရုမစိုက္ေတာ့တာလဲ၊ အသစ္တစ္ေယာက္ေတြ႕ေနလို႕လား၊ ငါ့ကိုစိတ္ကုန္ေနတာလား၊ ငါ့ကိုထား သြားဖို႕ႀကံစည္ေနတာလား၊ ဒါဆို ငါဘာလုပ္ရမလဲ စသျဖင့္ အမ်ိဳးမ်ိဳးေတြေတြၿပီး စိုးရိမ္ေသာကေရာက္ေနပါလိမ့္မယ္။ အရင္က အဲ့ေလာက္မေတြးတတ္ရင္ေတာင္ အခု အလြန္အကြ်ံေတြ ေတြးတတ္ေနပါျပီ။
(၃) သံသယေတြဝင္လာတယ္
မိန္းကေလးေတြက ကိုယ့္ခ်စ္သူကိုယ့္အေပၚ ဂရုစိုက္မႈေတြေလ်ာ့နည္းလာတာ၊ စိတ္ဝင္စားမႈ ေလ်ာ့နည္းလာတာေတြကို မေျပာရင္သာေနမယ္၊ ေကာင္းေကာင္းရိပ္မိၾကပါတယ္။ ဒီလိုျဖစ္လာတာဟာလည္း အသစ္တစ္ေယာ က္ေတြ႕ေန လို႕ လားဆိုၿပီး ခ်စ္သူေကာင္ေလးဘာလုပ္လုပ္၊ဘယ္သြားသြား သံသယေတြဝင္ေနတတ္ပါတယ္။
(၄) ကိုယ့္ကိုယ္ကို ေမးခြန္းေတြထုတ္လာတယ္
ကိုယ့္ဘက္က ဘာအားနည္းခ်က္၊ ခ်ိဳ႕ယြင္းခ်က္ေတြရွိေနလို႕လဲ၊ ဘာအမွားေတြလုပ္မိလို႕လဲ၊ ဘာလို႕မ်ား သူေျပာင္း လဲသြားတာလဲဆိုျပီး ကိုယ့္ကိုယ္ကို ေမးခြန္းေတြထုတ္ေနတတ္ပါတယ္။
(၅) ထြက္သြားဖို႔ႀကံစည္လာတယ္
ခ်စ္သူေကာင္ေလးက ဂရုမစိုက္ေတာ့တဲ့အခါ၊ စစခ်င္းမွာ သူ႕ကိုဂရုစိုက္လာေအာင္ၾကိဳးစားမယ္၊ ဘယ္လိုမွႀကိဳးစား လုိ႕မရေတာ့တဲ့အခါ ထြက္သြားဖို႕တိတ္တဆိတ္ၾကံစည္လာၿပီး ေနာက္ဆံုးမွာ သူ႕ခ်စ္သူရဲ႕အနားကေန အၿပီးထြက္ သြားပါလိမ့္မယ္။
အန္တီေမ
Credit \\ original
Unicode
“ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေ လုပ်တတ်ကြတဲ့ အချက်(၅)ခု”
မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။
ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းတတ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ်နော်..
(၁) သူကိုယ့်ကိုယ် မချစ်တော့ဘူးလို့ထင်လာတယ်
တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက် ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ ငါတို့နှစ်ယောက်က ပြတ်တော့မှာမဟုတ်ဘူးလို့ တွေးတတ်ကြပါတယ်။
မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကိုမ ချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ်။
(၂) အတွေးလွန်လာတယ်
သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊ ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကိုထား သွားဖို့ကြံစည်နေတာလား၊ ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့် အမျိုးမျိုးတွေတွေပြီး စိုးရိမ်သောကရောက်နေပါလိမ့်မယ်။ အရင်က အဲ့လောက်မတွေးတတ်ရင်တောင် အခု အလွန်အကျွံတွေ တွေးတတ်နေပါပြီ။
(၃) သံသယတွေဝင်လာတယ်
မိန်းကလေးတွေက ကိုယ့်ချစ်သူကိုယ့်အပေါ် ဂရုစိုက်မှုတွေလျော့နည်းလာတာ၊ စိတ်ဝင်စားမှု လျော့နည်းလာတာတွေကို မပြောရင်သာနေမယ်၊ ကောင်းကောင်းရိပ်မိကြပါတယ်။ ဒီလိုဖြစ်လာတာဟာလည်း အသစ်တစ်ယော က်တွေ့နေ လို့ လားဆိုပြီး ချစ်သူကောင်လေးဘာလုပ်လုပ်၊ဘယ်သွားသွား သံသယတွေဝင်နေတတ်ပါတယ်။
(၄) ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်လာတယ်
ကိုယ့်ဘက်က ဘာအားနည်းချက်၊ ချို့ယွင်းချက်တွေရှိနေလို့လဲ၊ ဘာအမှားတွေလုပ်မိလို့လဲ၊ ဘာလို့များ သူပြောင်း လဲသွားတာလဲဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်နေတတ်ပါတယ်။
(၅) ထွက်သွားဖို့ကြံစည်လာတယ်
ချစ်သူကောင်လေးက ဂရုမစိုက်တော့တဲ့အခါ၊ စစချင်းမှာ သူ့ကိုဂရုစိုက်လာအောင်ကြိုးစားမယ်၊ ဘယ်လိုမှကြိုးစား လို့မရတော့တဲ့အခါ ထွက်သွားဖို့တိတ်တဆိတ်ကြံစည်လာပြီး နောက်ဆုံးမှာ သူ့ချစ်သူရဲ့အနားကနေ အပြီးထွက် သွားပါလိမ့်မယ်။
အန်တီမေ
Credit \\ original