Latest Posts

ခွေးချစ်တတ်ရုံနဲ့ တစ်နာရီကို တစ်သိန်းခြောက်သောင်း ရမယ့် ထူးထူးဆန်းဆန်းအလုပ်အကိုင်



အမေရိကန်၊ တက္ကဆက်ပြည်နယ်က အရက်ဘားနဲ့ စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ MUTTS Canine Cantina ဟာ ဝန်ထမ်းအလုပ်သင်နေရာတစ်ခုကို အခုလက်ရှိခေါ်ယူနေတာဖြစ်ပြီး အလုပ်တာဝန်ကတော့ ခွေးနဲ့ကစားပေးရုံနဲ့ တစ်နာရီကို ဒေါ်လာ ၁၀၀ ရရှိမှာဖြစ်ပါတယ်။ ခွေးချစ်သူတွေအတွက်တော့ ပြောစရာမလိုအောင် ပြည့်စုံလွန်းလို့ ပြေးတောင်လျှောက်လိုက်ချင်စရာကောင်းပါတယ်။ ခွေးတွေကိုထိန်းသိမ်းစောင့်ရှောက်ပေးရုံနဲ့ နာရီကြေးအပြင် အစားအသောက် ပါ ဖရီးစားသောက်ခွင့်ရမှာဖြစ်ပါတယ်။

ဒီဘားစာသောက်ဆိုင်ဟာ စားသောက်ဆိုင်ရဲ့ အမာခံဖောက်သည်တွေအတွက် အိမ်မွေးခွေးတွေကိုပါ ဆိုင်ကိုခေါ်ယူလာခွင့်ပြုလိုက်တာကြောင့် စားသောက်ဆိုင်မှာ ခွေးခြံလေးတွေကိုလုပ်ပေးမှာဖြစ်ပြီး အလုပ်သင်ဝန်ထမ်းတွေအနေနဲ့ ခွေးခြံထဲက ခွေးကလေးတွေကို ပျော်ရွှင်အောင် ဆော့ကစားပေးရုံသာဖြစ်ပါတယ်။ ခွေးချစ်သူတွေအတွက် ဝင်ငွေကောင်းစေမှာဖြစ်သလို တခြားထပ်ယူစရာတာဝန်မရှိတဲ့အပြင် ဒီခေတ်မှာတော့ ရှားပါးလှတဲ့အလုပ်မျိုးပါပဲ။



အလုပ်လျှောက်ဖို့အတွက် MUTTS Canine Cantina ဆိုတဲ့ အင်စတေဂရမ်အကောင့်ကို Follow လုပ်ရမှာဖြစ်ပြီး မိမိရဲ့ကိုယ်ပိုင်အကောင့်ကနေ ဘာကြောင့် ဒီအလုပ်ကို မိမိရသင့်သလဲဆိုတဲ့အကြောင်းကို ပျော်ရွှင်ဖွယ် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတင်ပေးရမှာဖြစ်ပာတယ်။ ၁၈ နှစ်ပြည်ပြီးသူတွေသာ ခွင့်ပြုမှာဖြစ်ပြီး ခွေးနဲ့ဆိုင်တဲ့ ဓာတ်မတည့်တဲ့ အလာ့ဂျစ်ဖြစ်တတ်တာမျိုး ကင်းရှင်းရပါမယ်တဲ့။ စားသောက်ဆိုင်နဲ့ သွားရေးလာရေး လွယ်ကူသူတွေကို ဦးစားပေးသွားမှာပါတဲ့။




credit  \\  original