မြန်မာနိုင်ငံက လူတွေက တုံးတယ်ဆိုတဲ့ ရွှေအိမ်စည်
ရွှေအိမ်စည်ဟာ ပြတ်သားရဲရင့်တဲ့ဟန်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံစံတွေနဲ့ ပရိသတ်တွေကြားမှာကျော်ကြားပြီး Indepent Woman တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အတုယူမှုကိုခံရတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ရွှေအိမ်စည်က မကြာသေးမီက facebook မှာ ဓာတ်ပုံလှလှလေးတွေနဲ့ I don’t need no man, I can do it myself လို့တင်ထားခဲ့ပြီး အဲဒါကို Grammar မှားနေတယ်လို့ဝိုင်းပြီးဖောင်းထုတဲ့သူတွေ၊ ပြင်ပေးချင်တဲ့သူတွေနဲ့ ဝေဖန်တဲ့သူတွေက comment မှာဝင်ရောက်ရေးသားကြပြီး တော်တော်လေးကို ဂယက်ထသွားခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အိမ်စည်က Popular နဲ့ Interview မှာ ဖြေကြားသွားခဲ့ပါတယ်။
ရွှေအိမ်စည်က အဲဒီပို့စ်အောက်မှာ လူတွေကအမျိုးမျိုးရောက်နေခဲ့ကြောင်းကို “နင်ကမိန်းမဖြစ်နေတာ ယောက်ျားတွေထက်ပိုသာတယ်လို့ထင်တာလား။ မိန်းမတွေဟာ ယောက်ျားတွေထက် Superior ဖြစ်တယ်လို့ထင်တာလား။ နောက်တစ်သုတ်ရှိသေးတယ်။ Grammar ကို correct လုပ်တဲ့သူတွေပေါ့။
အင်္ဂလန်သွားတယ်လည်းပြောသေးတယ်
ဟုတ်ရောဟုတ်ရဲ့လားတို့ဘာတို့။ရယ်ချင်တယ်”လို့ ပြောသွားထားပါတယ်။အိမ်စည်က မြန်မာနိုင်ငံကလူတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း “မြန်မာနိုင်ငံကလူတွေက ရိုးသားတယ်လို့ပြောရမလားတုန်းတယ်လို့ပြောရမလား။ နည်းနည်း အ တာပေါ့နော်။ သူများတွေကိုဆရာလုပ်ချင်တဲ့စိတ်နည်းနည်းများတယ်ပေါ့နော်။ အဲဒီအချိန်မှာ အိမ်စည်သိလိုက်ရတာ လူတစ်ယောက် တကယ်မှားနေရင်တောင်မှ ဖိဖို့အတွက် လူတွေများတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။
အဲဒီလို Grammar ကို လာပြင်ချင်ကြတဲ့လူတွေနဲ့ပတ်သက်ပြီးအိမ်စည်က “ဘာဖြစ်လဲလို့ Negative နှစ်ခုသုံးလို့ရတယ်ဆိုတာမသိဘူးလား။ Slang ဆိုတာမသိဘူးလားလို့။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အေးပေါ့ဟယ် သူတို့အခြေအနေလေးတွေနဲ့ဆိုတော့လို့ ကိုယ့်ကို correct လုပ်ရတဲ့အခွင့်အရေးဆိုတာ ဒါလေးပဲရှိတာ။ နောက်လည်းရှိလာမှာမဟုတ်ဘူးလို့။
လုပ်ပါစေဆိုပြီး ထားလိုက်တာ”လို့ ရယ်မောရင်းဖြေကြားထားသလို ဒါက အမှားမဟုတ်တဲ့အကြောင်းကိုလည်း “ကိုယ့်ဟာကိုယ်သုံးချင်သလိုသုံးလို့ရတယ်လေ။ You are ကို အပျင်းကြီးပြီးတော့ U နဲ့ R နဲ့ပဲသုံးကြတာပဲ။ အိမ်စည်တို့ writing မှာရေးရင်တော့ Full Grammar articulate ဖြစ်အောင်ပြောတယ်။ Articulate ဖြစ်အောင်ရေးတယ်။ တကယ်နားမလည်တဲ့သူတွေကိုအိမ်စည်ပြောချင်တာက အရေးအသားဆိုတာရှိသလို Speaking ဆိုတာလည်းရှိသေးတယ်။
ကိုယ်ဘယ်လိုပြောပြောအချို့ကျတော့လည်း အချို့စကားလုံးကို တကယ့် spelling အတိုင်းမပေါင်းပဲနဲ့ ကိုယ်အသံထွက်သလိုပေါင်းလို့ရှိရင် (exp: girl and gurl) expressive ဖြစ်အောင်လို့ expressive ဖြစ်ချင်တာပေါ့နော်။ I don’t need anyman ဆိုရင်ကျ အရမ်းကို formal ကျသွားမယ်လေ။ အဲ့လိုမျိုး Different types တွေရှိတယ်ဆိုတာ သိစေချင်တယ်”လို့ရှင်းပြသွားပါတယ်။
အိမ်စည်က ပျော်ပျော်ကြီးဖောင်းထုနေကြတဲ့လူတွေကိုတော့ “ဖောင်းထုတဲ့လူတွေကတော့ ထုပါစေ။ သူတို့မှာတော့ အိမ်စည်မှားတယ် အိမ်စည်မှားတယ် ပျော်လိုက်တာ။ အဲ့လိုလူတွေရှိတယ်သိလား။ ငါတို့တော့ဂွင်ပဲဂွင်ပဲဆိုပြီး သြော်သနားလိုက်တာလို့ သူတို့ဘဝမှာ ကျွန်မရဲ့ Grammar mistake လို့ထင်တဲ့ဟာလေးကိုကြည့်ပြီးသူတို့ပျော်နေတာ ငါ လူတစ်ယောက်ကိုပျော်အောင်လုပ်ပေးနိုင်လိုက်တယ်။ပျော်ပါစေလို့”ဆိုပြီး ရယ်မောရင်း ဖြေကြားသွားပါသေးတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေအိမ်စည်ကိုချစ်ကြလား။ ထက်မြက်လှပပြီးချစ်ဖို့ကောင်းသလို ဟာသညဏ်လည်းရှိပြီး ပညာတတ်တစ်ဦးလည်းဖြစ်တဲ့ ရွှေအိမ်စည်ကို အားပေးကြလား။ အိမ်စည်ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit \\ original