အဆင်လေးတစ်ယောက်ကြောင့် သင်္ကြန်မှာငိုရတဲ့အကြောင်း ပြောပြတဲ့ မထက်
မထက်ဟာဆိုရင် အောင်ရဲလင်းရဲ့လက်စွဲမိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်သလို Transgender တစ်ဦးဖြစ်ပြီး ရယူထားတဲ့အမျိုးသမီးဘဝကို တန်ဖိုးထားကာ အေးအေးဆေးဆေးနေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။
မထက်က အခြားမိတ်ကပ်ပညာရှင်တွေနဲ့တွဲပြီး မကြာသေးမီကပဲ ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ မထက်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သင်္ကြန်အမှတ်တရလေးတွေကိုပြောပြပေးသွားပါတယ်။
မထက်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “လတ်တလောတော့ ရုပ်ရှင်ရိုက်တာတို့ video ရိုက်တာမျိုးတို့တော့မရှိပါဘူး။ အစ်မက cosmetics တွေနဲ့ပတ်သက်ရင် Demonstration လုပ်တာမျိုးတွေအဲ့လိုမျိုးတွေပဲလုပ်ဖြစ်နေပါတယ်။ အရမ်းထူးထူးခြားခြားကြီးတော့ ဘာမှမရှိပါဘူး။ ကြော်ငြာရိုက်တယ်ဆိုတာလည်း အတိအကျတော့မရှိသေးဘူး။ရှိတော့ရှိတယ်။ ပြောထားတာလေးတွေရှိတယ်” လို့ပြောပြထားပါတယ်။
မီဒီယာတွေက အချစ်ရေးအကြောင်းပဲမေးနေကြလို့ ပရိသတ်က တစ်မျိုးအမြင်ခံနေရကြောင်းကို “အချစ်ရေးအကြောင်းကလည်းခဏခဏဖြေရတယ်။ ဒါတွေကလည်း ဒီမီဒီယာတွေဆိုတာက ကိုယ့်ညီအစ်ကိုမောင်နှမတွေဆိုတော့ ဖြေမိနေတာပေါ့နော်။ အများအမြင်မှာကျတော့ လင်တရူးမကြီးဖြစ်နေတာပေါ့။
အမေကတောင်ပြောတယ်။ အဲဒါတွေမဖြေပါနဲ့တော့တဲ့။ သူငယ်ချင်းတစ်ယောက်ကလည်း ပြောတယ်။ အစ်မက အားနေဒါပဲဖြေနေတာပဲတဲ့။ ဟယ် သူတို့ကမေးတာကိုးလို့ မဖြေချင်ပါဘူးလို့ အခုလည်း မဖြေတော့မဖြေဘူးပေါ့နော်။ ဒီလိုပါပဲ။ အစ်မလင်တမရူးပါဘူးလို့”ဆိုပြီး ရယ်မောရင်းရှင်းပြသွားပါတယ်။
သင်္ကြန်အစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်း မထက်က ပြောပြသွားပါသေးတယ်။ “အစ်မလေ သင်္ကြန်ကိုအရမ်းရင်ခုန်တယ်။ နှစ်စဉ်နှစ်တိုင်း ဘယ်မှမသွားဘူး။ အိမ်မှာပဲနေတာ ခေါက်ဆွဲတွေပြုတ်စားလိုက်၊ TV တွေကြည့်လိုက်နဲ့ပဲ အမှန်တော့အစ်မက သင်္ကြန်ကိုအရမ်းကိုပျော်ချင်တယ်။
ကဲချင်တာ။ သူများတွေ Bangkok သွားကြတယ်။ အစ်မအရမ်းသွားချင်တယ်။ ဒါပေမယ့်အစ်မသွားတဲ့ BKK သင်္ကြန်ကလည်း အစ်မနဲ့မလိုက်ဘူးလို့ခံစားရတယ်။ ရန်ကုန်သင်္ကြန်ကျတော့လည်း နည်းနည်းပျင်းဖို့ကောင်းတယ်။ သူငယ်ချင်းအုပ်စုတောင့်မှလေ။ အဲဒါကြောင့် အစ်မက အိမ်မှာ ဘာမှမလုပ်ဘူး။ ခေါက်ဆွဲပြုတ်ပဲစားပြီးတော့ ဇာတ်လမ်းတွဲပဲကြည့်တာပဲ”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် သင်္ကြန်မှာ ကောင်လေးတစ်ယောက်ကြောင့်ငိုခဲ့ရတဲ့အကြောင်း “သင်္ကြန်အမှတ်တရကရှိတယ်။ အစ်မက အဲဒီအချိန်မှာရည်းစားလည်းမရှိဘူး။ ကောင်လေးတစ်ယောက်ကလည်း ကြည့်လိုက်တော့အရမ်းမိုက်တယ်။ အဲဒီဘေးက ကောင်မလေးကလည်း ဒါသမီးအစ်ကိုတဲ့ မိတ်ဆက်ပေးတော့။
အေးအေးဆိုပြီး ကတာပေါ့။ သူ့အစ်ကိုဆိုတဲ့ဟာကလည်း အကြီးအကျယ်ကိုယ့်ကိုတွဲတွဲပြီးကတာ။ ပျော်တာပေါ့။ချောချောလေး။ ဖော်ရိန်နာလေးကျနေတာပဲ။ ကိုယ့်အဆင်ပေါ့။ နောက်ဆုံးရက်မှသိတယ်။ အဲဒီကောင်မလေးရဲ့ဘဲတဲ့။ ကိုယ့်မှာလေ ဆောင်းဘောက်နောက်ကြီးမှာထိုင်ပြီး ငိုရတာ။
ဘာလို့ငိုလဲဆိုတော့ ငါဒီလိုဘဝမို့လို့ ငါ့ကိုဒီလိုစော်ကားခံလိုက်ရသလိုခံစားရတယ်။ ဒါ ငါပြုတဲ့ဟာပဲပေါ့နော်။ ဒါဘယ်သူမပြုမိမိမှု။အစ်မသွားပြီးနန့်ကြောဆွဲလို့ဖြစ်တာဆိုတော့ ခံသာပါတယ်။ ငိုတော့ငိုလိုက်ရတယ်။ မှတ်မှတ်ရရပဲပေါ့နော်”လို့ အမှတ်တရတွေကို ရင်ဖွင့်ပြောပြသွားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော မထက်လိုမျိုး သင်္ကြန်မှာ မေ့မရနိုင်တဲ့အမှတ်တရတွေရှိကြလား။ မထက်ကိုရောအားပေးကြလား။ မထက်ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာရင်ရောသွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit \\ original