Latest Posts

ရိုက်မယ့်ရုပ်ရှင်တိုင်း ကော်ပီဟုတ်မဟုတ် စစ်ဖို့ ခက်တယ်ဆိုတဲ့ ကျော်ကျော်ဗို



2018 ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို မုန်းစွဲ ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိထားနေတဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်ကတော့ မဟူရာ ရုပ်ရှင်ဇာတ်ကားကြီးကို ကော်ပီလို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ကော်ပီဖြစ်ဖို့ မဖြစ်ဖို့ဆိုတာက တိုက်ဆိုင်စစ်ဆေးဖို့ ခက်ခဲတယ်ဆိုပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။



ကျော်ကျော်ဗိုလ်က “ဇာတ်ရွေးတယ်ဆိုတာထက် ကျွန်တော်က ပရိသတ်အတွက် တင်ပြဖို့ကိုပဲအာရုံစိုက်တာပါ။ ဇာတ်ကိုအများကြီးစိစစ်ပြီး ရွေးတာမဟုတ်ဘူး။ ကျွန်တော်တို့က ပရိတ်သတ်ကိုတင်ပြမှုနဲ့ presentation မှာတကယ်ကို ထိရောက်မယ်ဆိုရင် ရိုက်ကူးပါတယ်။ နောက်ပြီးတော့ တင့်တောင့်တင့်တယ်နဲ့ တင်ပြမှုကောင်းတစ်ခုဖြစ်ဖို့ပဲလိုတာပါ။ ကျန်တာကတော့အများကြီးစိစစ်တာမျိုးတော့မရှိပါဘူး။”လို့ပြောသွားခဲ့ပါတယ်။

မဟူရာ ရုပ်ရှင်ကားကြီးကို ကော်ပီကားလို့ ပြောနေကျတာနဲ့ပတ်သက်ပြီးတော့လည်း “ကော်ပီတို့ဘာတို့ဆိုတာကတော့ ကျွန်တော်တို့လဲ သေချာကြီးစီစစ်ဖို့ကတော့ နည်းနည်းလေးခက်ခဲတယ်နော်။

ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ရုပ်ရှင်ကားပေါင်းမြောက်များစွာ ရိုက်ကူးနေတာဆိုတော့ ကျွန်တော်တို့က ဒီဥစ္စာကြီးကို ဘယ်ကားနဲ့တူနေလဲဆိုတာလိုက်တိုက်စစ်ဆေးပြီးတော့ ရိုက်ကူးဖို့ကျတော့ တော်တော်လေးခက်ပါတယ်။ ညီမလေးတို့ကြည့်ဖူးတဲ့ ကားကို ကိုကြံ့ကြည့်ဖူးချင်မှကြည့်ဖူးမယ်လေ။ အဲ့တော့ ကျွန်တော်တို့ကတော့ ဇာတ်ကားလေး presentation ကောင်းရင် လက်ခံလိုက်တာပါပဲ။

ဒီပေါ်မှာက ကော်ပီဖြစ်၏ မဖြစ်၏ဆိုတာကတော့ တိုက်ဆိုင်စစ်ဆေးဖို့ခက်တယ်။ တကယ်လို့ဒီကားမျိုးကလဲ ကော်ပီဖြစ်ဖို့တော့ ခက်ပါတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာတွေ လူငယ်တွေဖြစ်တယ် သူတို့ရဲ့ အနုပညာမာနတွေရှိကြတယ်ဆိုတော့ ကော်ပီဖြစ်ဖို့တော့မရှိပါဘူး။

အများဆုံး လွန်ရောကျွံရော ဖြစ်ရင်တောင် နိုင်ငံတကာကားတွေဆီကနေ နည်းနားလေး မှီငြမ်း တာလောက်ပဲဖြစ်ကောင်းဖြစ်မှာပါ။ ဖြစ်ခဲ့ရင်တောင် အဲ့လောက်ပဲဖြစ်ပါလိမ့်မယ်။ ကော်ပီတော့မဖြစ်နိုင်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။



ဒီကားနဲ့ပတ်သပ်ပြီး ပရိသတ်ကိုဘာများ ကြိုပြောထားချင်လဲလို့ မေးမြန်းရာ “ကြိုပြောထားချင်တယ်ဆိုတာထက် ကျွန်တော်တို့ဖန်တီးလိုက်တဲ့အနုပညာကိုတော့ ပရိသတ်ကိုများများအားပေးစေချင်တာပေါ့။ ကျွန်တော်တို့က တကယ်ပရိသတ်ကို ကြည့်စေချင်လို့ဖန်တီးတာဆိုတော့ ပရိသတ်များများကြည့်လေ ကျွန်တော်တို့အတွက် ပီတိဖြစ်ရလေပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

Credit  \\  original