စစ်တပ်က ပေးတဲ့ စစ်ဝတ်စုံတွေ ညံ့တယ်ပြောလို့  ဒေါသအိုးပေါက်ကွဲခွဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း
“ဟေ့..”တာရာ” အပြင်က စကားပြောနေတဲ့ကောင်တွေ အကုန်လုံး ငါ့ဆီ အမြန်ဆုံး ခေါ်ခဲ့စမ်း..သွားစမ်း မြန်မြန်ကွ..”……
အော်ငေါက်ကာ ကျနော့ဘက်သို့ လှမ်း၍အမိန့်ပေး
လိုက်၏..
ပါးစပ်သရမ်း နေကြသော ဘသားချော များက သူတို့ခေါင်း မီးလောင်တော့မည့် အခြေအနေကို ခုထိ မရိပ်မိ (ပုံမကျ ပန်းမကျ)စစ်ဝတ်စုံများကို သာ ကြည့်ရင်း တစ်ဝါးဝါး တစ်ဟားဟား ပွဲကြနေ ကြတုန်း ပင်…
ကျနော် လည်း တစ်ချိုးထည်း သွားရောက်ကာ ဘသားချော အားလုံးကို (အရာရှိ အရာခံ အကြပ်တပ်သား ပါ မကျန်) ဗိုလ်ချုပ်အမိန့်အရ သူ့ရုံးခန်းထဲသို ခေါ်ယူခဲ့ရပေ၏…
အထဲရောက်သောအခါ …..
ကျနော် က စစ်ထုံးစံ အတိုင်း အားလုံးကို ခေါ်ဆောင်လာပြီး ပါကြောင်း သတင်းပို့ ကာ အလေးပြု လို့ပင် မဆုံးသေး……
“မင်းတို့ ..ဘာကောင်တွေတုန်းကွ…ဟင်…ဟေ့….ငါမေးတာ မကြားဘူးလား…”
စူးစူးဝါးဝါး မေးမြန်းလိုက်သည့် ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ် တစ်ခုလုံးကို လွှမ်းမိုးသွားပါတော့သည်….
သူတို့သည် ကြောင်၍နေကြပြီး မှင်သက်မိနေသူများ
ပမာ တစ်စုံတစ်ရာ အဖြေကို မပေးဝံ့ကြချေ ..သတိအနေနဲ့ ငြိမ်သက်စွာ ရပ်နေကြပါသည်…
“ပြောကြစမ်း…မင်းတို့ ဘာကောင်တွေ တုန်း..ငါမေးနေတာ မင်းတို့မကြားဘူးလား….ခုနတင် မင်းတို့ ရယ်လား မောလား နဲ့ ပြောနေကြတာတွေလေ…”
ဒုတိယအကြိမ် ဗိုလ်ချုပ်က စူးစူးဝါးဝါး အော်ဟစ်မေးမြန်း
လိုက်ပြန်ပါသည်…
အမေးခံရသူ အားလုံး မျက်နှာသေ ကလေးတွေနှင့်
ဣန္ဒြေ ပျက်ကာ တုန်နေကြလေပြီ…….
“ကျနော် တို့ ..စစ်ဝတ်စုံတွေ ညံ့တာနဲ့ ဝေဘန်မိပါတယ် ဗိုလ်ချုပ်…”
ဗိုလ်ကြီးအဆင့် ရှိသူ တာဝန်ခံတစ်ယောက်က အရဲ့စွန့်ကာ ဖြေကြား သတင်းပို့လိုက်ပါသည်…
“ဘာကွ….စစ်ဝတ်စုံတွေ ညံ့တယ် ကြမ်းတယ်..လက်တောင် မသုတ်ချင်ဘူး ဟုတ်လား…..ငါအကုန်ကြား
တယ် မင်းတို့ပြောနေတာတွေ…….”
ကျယ်လောင်စွာ ပြောလိုက်ပြီး ဗိုလ်ချုပ်သည် ကုလားထိုင်မှ ဗြုန်းကနဲ ထရပ်ရင်း တန်းစီးထားသူများရှေ့သို ရုတ်ခနဲ တက်လာကာ….
“မင်းတို့…ငါအုပ်ချုပ်နေတဲ့ တပ်ထဲက ထွက်…ခုထွက်ကြ..အလကားကောင်တွေ..မင်းတို့ကို ငါနဲနဲမ အထင်မကြီးတော့ဘူး…..အလကား..နွားတွေ…….
ငါတို့ ယိုးဒယားကနေ ဒီအထိ…ရန်သူကို ရင်ဆိုင်တိုက်ခိုက်လာတာ…ဘာတွေဝတ်ပြီး တိုက်ခဲ့ကြလည်း…”ပြောကြစမ်း…”
စိတ်လိုက်မာန်ပါ လက်သီးလက်မောင်းတန်း ကာ မေးလိုက်ပြန်ပါသည်..”…
“မင်းတိုက …ခုမှ…ယူနီဖောင်းလေး….စစ်ဝတ်စုံလေး..ဘာလေး နဲ့ ရေးကြီးခွင်ကျယ် လုပ်လို့…ဟေ့..
တိုင်းပြည်နဲ့ လူထုအတွက်.ဆိုရင် စစ်ဝတ်စုံမရှိလို့ …ခါးတောင်းကျိုက်ပြီး တိုက်ရရော..ဘာဖြစ်..သေးသလဲကွာ..
ဟေ့..တိုင်းပြည်နဲ့…လွတ်လပ်ရေးအတွက်…ကိုယ်တုံးလုံး ချွတ် တိုက်ရရော….ရီးဖြစ်လား…ပြောစမ်း…စစ်တိုက် နိုင်ဘို့သာ အဓိက..ကွ……..ခုတော့..မင်းတို့က..
ကြီးကြီးကျယ်ကျယ် စကားတွေ ပြောလို့….”…
ဗိုလ်ချုပ်က ..တန်းစီရပ်နေသူအားလုံး ကို တစ်ယောက်ချင်း စေ့စေ့ကြည့် ကာ ဝေဘန်ရင်း အော်ငေါက်နေ၏…
“ခုတော့… မင်းတို့ ပြောနေတဲ့ စကားတွေ က ..
တိုက်ပွဲမှာ ကျဆုံး ခဲ့ရတဲ့ ရဲဘော်တွေကို ..သစ္စာဖောက်
နေသလို ပဲကွ….အလကား သစ္စာ ဖောက်တွေ…မင်း တို့ကို ငါ့တပ်ထဲမှာ မထားဘူး…ထုတ်ကို ထုတ်ပြစ်ရမယ်…အချောင်သမားတွေ…”
ကြိမ်းဝါး လိုက်ပြန် ပါသည်…
အကြိမ်းခံရသူ ..အားလုံးမှာ..မျက်ရည်ကျ သူကကျ.
.ဒူးချင်းရိုက်ခတ်သူ ရိုက်ခတ် နှင့် အတော်ပင် စိတ်ထိခိုက် ..နေကြပေပြီ
ဗိုလ်ချုပ်သည် ခေါက်တုံ့ ခေါက်ပြန် လမ်းလျောက်ရင်း..
“ဘာလည်းကွ..မင်းတို့က ဂျပန်တွေကားစီးပြီး..အဝတ်ကောင်းဝတ်နေတာ ကို အားကျတာလား…ဟေ့….မင်း တို့မှတ်ထား..ငါတို့တပ်မတော်သား ဆိုတာ ပြည်သူ လူထု ရဲ့ သားသမီးတွေကွ…..ခုကြည့်စမ်း…ပြည်သူတွေဘဝကို…စစ်ဘေးစစ်ဒဏ်က တစ်ဘက်..ဖက်ဆစ်ငပုတွေ ရဲ့ အနိုင်ကျင့် ဗိုလ်ကျခံနေရတာ ကတစ်ဖက်…
ဒါကို …မင်းတို့လို..ကောင်တွေက ဇိမ်ခံချင်နေကြတယ်..
အဝတ်ကောင်းတွေဝတ်ချင်တယ်…ကာသစ်တွေ စီးချင်တယ်……
ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေ မျက်နှာကို မှ မထောက်
မင်းတို့ က အခွင့်အရေးတွေ ပိုယူချင်နေကြတယ်..
မှတ်ထား..အဲ့လိုအမြင်မျိုး အတွေးမျိုး အကျင့်မျိုးတွေ ရှိနေသမျှ ….ငါ…မျှော်မှန်းလာတဲ့ “ပြည်သူ့တပ်မတော်” နဲ့တော့ ဝေးပါသေးတယ် ကွာ…..သိပ်ရှက်စရာကောင်း
တယ်……..
မင်းတို့ …ပြည်သူလူထု အတွက်..စစ်တိုက်နေတယ်ဆိုတာ..အလကားပဲ…လုံးဝ အဓိပ္ပါယ် မရှိဘူး….”
ငါအုပ်ချုပ်နေတဲ့စစ်တပ်မှာမင်းတို့ဟာ
ပြည်သူလူထုနဲ့တသားထဲဖြစ်နေရမယ်…အခုဟာက…တောက်”ငါကွာ
လုပ်ထည့်လိုက်ရ….”
အလကား ခွေးကောင်တွေ…ဘာမှ အသုံးမကျတဲ့ကောင်တွေ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ကို ထုတ်ရမယ်…
ဒေါနဲ့ …မောနဲ့..ကြိမ်းဝါးလိုက်ပြန်ပါသည်….
“မှားပါပြီ ဗိုလ်ချုပ်..ကျနော်တို့.နောင်တရပါပြီ..ဗိုလ်ချုပ်.”
ငိုသံများဖြင့် အရာရှိ နှစ်ဦးက ကတုန်ကရင် တောင်းပန် တိုးလျိုးလိုက်ပါသည်..
“ငါ..ဘယ်လို ဝတ်ထားသလဲ..ကြည့်ကြစမ်း…မင်းတို့ နဲ့ ဘာခြားလည်း…မင်းတို့ က ကြီးကြီးကျယ်ကျယ် လုပ်လို့..ကွာ”…
ဗိုလ်ချုပ်သည် သူ၏ စစ်ဝတ်စုံ အနွမ်းကို ပုတ်၍ ပုတ်၍ ပြလိုက်ပြန်ပါသည်…..
“မှားပါပြီ….ဗိုလ်ချုပ်…ကျနော် တိုအမှားကို သိပါပြီ….”
မျက်ရည် ဖြိုင်ဖြိုင်ဖြင့် ဝိုင်း၍တောင်းပန်ကာ အသနား ခံ
လိုက်ကြပြန်သည်..
ဗိုလ်ချုပ်သည်..ဒေါသထွက်နေသော မျက်လုံးကြီးများဖြင့်.တောင်းပန်နေသူများကို ဝင့်ကြည့်လိုက်ရင်း….
“မှတ်ထား…ငါ့တပ်ထဲမှာ…အခွင့်အရေး ယူချင်တဲ့ အကောင် တစ်ကောင်မှ မရှိစေရဘူး..လူထုငတ်ရင် အားလုံး ငတ်ရမယ် ..လူထုဆင်းရဲရင် အားလုံး ဆင်းရဲ ရမယ်.ငါလဲဆင်းရဲ ရမယ်…
ခုတော့ …မင်းတို့ကောင်တွေကွာ….ငါလိုက်ပြီး..ကန်ထုတ်လိုက် ရရင်…
သွားကြစမ်း…မြန်မြန် ထွက်သွား..အကောင်ရှုပ်တွေ
ကြာကြာနေရင် ငါဆော်မိ လိမ့်မယ်….”
ဗိုလ်ချုပ်က ကြိမ်းဝါးကာ အားလုံးကို မောင်းနှင်ထုတ်
လိုက်သည်…
ပါးစပ်သရမ်းမိသူ အားလုံး လည်း…အရေးတကြီး
ဗိုလ်ချုပ် ကို အလေးပြု ကာ..ကြောက်ကြောက် ရွံ့ရွံနှင့်
သုတ်ချေတင် ကြလေပြီ….
ကျနော် သည်လည်း ညာလက်ကို မြှောက်ကာ ဦးထုပ် နုတ်ခမ်းတွင် တင်းတင်းကပ်လျက် အလေးပြု ခြင်းအားလုံး တို့ထက် သာလွန်၍…..
သူ၏ ခေါင်းဆောင်ပီသမှု့ …ပြည်သူလူထု အပေါ် ညှာတာမှု့…ရဲဘော်ရဲဘက် စိတ်ဓာတ် ရှိမှု့အတွက်..
ရောင်ပြန်ဟပ် လာသော ရိုသေလေးစားမှု့ စိတ်ဓာတ် အပြည့်ဖြင့် တစ်ကယ့် ခေါင်းဆောင်….စစ်သေနာပတိကောင်း ပီသလှသည့် ဗိုလ်ချုပ်ကို နုတ်ဆက် အလေးပြု လိုက်ရပေတော့ သတည်း……..
ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
★ အမှတ်တယဗိုလ်ချုပ်အောင်ဆန်း
စာအုပ်မှ တင်ြပပါသည်။
Credit \\ original



