Latest Posts

ျမန္မာလူမ်ိဳးေတြ ဘာေၾကာင့္ အသက္တိုတာလဲ .. ?


စာဖတ္ပ်င္းၿပီး အေထြေထြဗဟုသုတ အားနည္း၍ အစားအေသာက္ က်ိန္စာ သင့္ေနေသာေ႐ႊျမန္မာမ်ားေ႐ႊျမန္မာေတြရဲ႕ ပ်မ္းမွ်သက္တမ္းက ၅၇ ႏွစ္
အာရွမွာ အနိမ့္ဆုံးဘဲ အသက္ ရွင္သန္ဖို႔အတြက္ ေနစဥ္စားေသာက္ေနရတဲ့ အစားအေသာက္ေတြကို က်န္းမာေရးအသိနဲ႔ မခ်င့္ခ်ိန္ဘဲ
စားေသာက္ရင္ ကိုယ့္ရဲ႕ က်န္းမာေရးထိခိုက္႐ုံမွ် မကဘဲ ကိုယ့္ရဲ႕ရင္ေသြးေတြ ၊ ကေလးငယ္ေတြရဲ႕ အနာဂတ္ပါ
အၫြန႔္က်ိဳးသြားႏိုင္ပါတယ္



ေဈးသက္သာလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ မေပးပါနဲ႔ က်န္းမာေရးအသိ မရွိဘဲ လွ်ာနဲ႔စိတ္ကို အလိုလိုက္တာပါ

အခုဆိုအသက္ ၄၀ နဲ႔ အထက္ ေတြကို ၾကည့္လိုက္ ေမးလိုက္ရင္ ဟိုဟာက မတည့္ ဒီဟာက စားလိုမရ နဲ႔ အရွင္လက္လက္ ၿပိတၱာေရာဂါ ေတြျဖစ္တဲ့ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ၊ ေသြးတိုး ၊ ႏွလုံးေသြးေၾကာက်ဥ္း စတဲ့ေရာဂါေတြ မရွိတဲ့သူ ေတာ္ေတာ္ကို ရွားလာတယ္

တဆင့္တက္ အဲ့ဒီထက္ပိုဆိုးတဲ့ အသဲကင္ဆာ ၊ အဆုပ္ကင္ဆာ ၊ ေက်ာက္ကပ္ကင္ဆာေရာဂါေတြ အျဖစ္ အရမ္းမ်ားလာတယ္

အသက္ ၆၀ ေက်ာ္ေတြၾကည့္လိုက္ေတာ့ အ႐ိုးပါး အ႐ိုးပြ နဲ႔ သတိေမ့တဲ့ ေရာဂါေတြ ျဖစ္ေနၾကတယ္



ကေလးေလးေတြၾကည့္ေတာ့လည္း
အေရာင္စုံ အရသာစုံ အနံ႔စုံ နဲ႔ လက္လီေဈး …. ၅၀ က်ပ္တန္ လကၠားေဈး ……၃၀ က်ပ္ နဲ႔ ထုပ္လုပ္စားရိပ္..၂၀ က်ပ္ ေလာက္ဘဲရွိတဲ့ အခ်ိဳရည္မ်ိဳးစုံ ၊ ဂ်ယ္လီခြက္ႀကီးမ်ိဳးစုံ နဲ႔ အခ်ိဳမူန႔္ နဲ႔ ၾကက္သားမႈန႔္ ေရာေမြထားတဲ့ေလေဖာင္းမူန႔္အစုံ အေရာင္စုံ အရသာစုံ အနံစုံ နဲ႔ ခ်ိဳခ်ဥ္အစုံ ပီေကအစုံ ႏိုခဲအစုံ

ၿပီးေတာ့ အသားပုပ္ေပါင္းစုံ ၾကာရွည္ခံဓါတုေဆးေပါင္းစုံ နဲ႔လုပ္တဲ့ ပင္လယ္စာလို႔ေခၚတဲ့ အသားတုေပါင္းစုံ ၊ အကင္ေပါင္းစုံ ေတြရဲေကာင္းမူေၾကာင့္ ပိန္လွီလွီ ေညႇာင့္နာနာ နဲ႔ ရွဴနာ ရႈိက္ကုံးေလးေတြျဖစ္လို႔ တခ်ိဳ ေငြေၾကးခ်မ္းသာၿပီး က်န္းမာေရးအသိမရွိတဲ့ မိသားစုကကေလးေတြဆို ပိုဆိုးတယ္

ေက်ာင္းကို မုန႔္ဖိုးအမ်ားႀကီးေပး ထားေတာ့ေတြ႕သမွ် အသစ္ေပၚတိုင္းဝယ္စားတယ္
ေတြသမွ် မေသာက္ဖူးေသးတဲ့ အခ်ိဳရည္အစုံ ေသာက္ၿပီးေနာက္ဆုံး ၁၂ ႏွစ္ ၁၃ ႏွစ္သားေလးကို
ေက်ာက္ကပ္ပ်က္ၿပီး ေက်ာက္ကပ္အလႉရွင္ မရွိေသးလို တပတ္ တခါ အေၾကာေဖာက္ၿပီး ေက်ာက္ကပ္ေဆးေနရတဲ့ ကေလးေတြ အမ်ားႀကီးေတြ႕ ေနရတယ္

လူႀကီးမ်ား ေလ့လာပါ သတိထားပါ ဆင္ခ်င္ပါ ၿပီးရင္ ကေလးေတြကို အက်ိဳးအေၾကာင္းေျပာျပၿပီး သင္ေပးပါ

ခက္တာက လူႀကီးေတြ ကိုယ္တိုင္က မသိတာဘဲ တခ်ိဳ အသိတရားနည္းတဲ့ လူႀကီးေတြ ေျပာေသးတယ္

” တသက္လုံး စားလာတာ အခုမွေတာ့ မစားဘဲ မေနႏိုင္ေပါင္ ေသမွေသေရာဘဲ ” ဆိုတဲ့ လူႀကီးေတြ အမ်ားႀကီးဘဲ တ႐ုတ္ႀကီးတေယာက္ေျပာတာ သြားသတိရတယ္



” နိတို႔ျမန္မာေတြ က်န္းမာေရးအသိကိုမရွိဘူး
ဘိုင္းကနဲ႔ လဲၿပီးမေသရင္ၿပီးေရာ အကုန္စားတယ္တဲ့ ”ေနစဥ္စားေသာက္ေနတဲ့ အစားအေသာက္ေတြမွာ အဆိပ္ေတြ အဆိပ္ေတြ

အိမ္ရွင္မေတြ ဟင္းခ်ိဳမူန႔္ ၾကက္သားမႈန႔္ေတြထည့္ ဆီအညံေတြနဲ႔
ဆီျပန္ဟင္းေတြခ်က္ၿပီး ကိုယ္အရမ္းခ်စ္ရတဲ့ ကိုယ့္ေယာက်ၤား နဲ႔ သားသမီးေတြကို
အိမ္က မီးဖိုေခ်ာင္ထဲမွာ အဆိပ္ခတ္ေနၾကတယ္

ခ်က္ခ်င္း မေသေပမယ့္ တျဖည္းျဖည္း က်န္းမာေရး ခ်ိဳ႕တဲ့ က်န္းမာေရး မေကာင္းေတာ့ က်န္းမာေရးစရိပ္ေတြေၾကာင့္ စီးပြားေရးေတြ လုံးပါးပါးၿပီး ေနာက္ဆုံး မိသားစုတစုလုံး ဘဝပ်တ္ သားသမီးေတြပါ အၫႊန္တုန္းကုန္ပါလိပ္မယ္

ၿပီးေတာ့ ထုပ္လုပ္တဲ့သူေတြကို ဘယ္လို အေရးယူပါ ဘာညာနဲ႔ အစိုးရ ကိုခ်ည္းဘဲ အျပစ္ မေျပာပါနဲ႔  အစိုးရက တင္းတင္းၾကပ္ၾကပ္ အေရးယူမူေတြလုပ္ထားတဲ့ မူးယစ္ေဆး ဆိုတာေတြကိုေတာင္မွ အသိတရား နည္းပါးသူေတြက မရမကရွာဝယ္ၿပီး သုံးစြဲေနၾကေသးတာဘဲ အသိတရားမရွိ သုံးစြဲသူေတြရွိေနသေ႐ြ႕ ထုပ္လုပ္ေရာင္းခ်သူေတြရွိေနမွာပါဘဲ

ဟင္းခ်ိဳ မူန႔္ေလး ၾကက္သားမႈန႔္ေလးမွ မပါရင္ စားမေကာင္းဘူး လွ်ာထဲမစြဲဘူး အသားဟင္းခ်က္ရင္ ဆီျမဳပ္ေနမွ ေကာင္းတာ ဟင္းခ်က္ရင္ အေရာင္ ရဲရဲေလးမွ လွတာ

အဲ့ဒီေတာ့ စားေကာင္းၿပီး လွ်ာထဲစြဲခ်င္တယ္ ဆီျမဳပ္ၿပီး အေရာင္လွခ်င္တယ္ေဈးက်ေတာ့ ေပါေလာ ေရွာေလာ သုံးခ်င္တယ္ ဆိုေတာ့ အခ်ိဳမူန႔္ မ်ားမ်ားျပည့္ဝဆီ အညံစားေတြနဲ႔ ေဆးဆိုးထားတဲ့ အေရာင္တင္မူန႔္ေတြဘဲ စားရေတာ့မွာေပါ့

အစိုးရက ထုတ္လုပ္သူေတြကို ဘယ္လိုဘဲ အေရးယူ အျပစ္ေပးေနေပမယ့္ က်န္းမာေရး အသိတရားမရွိ စားသုံးသူေတြရွိေနသေ႐ြ႕ ထုတ္လုပ္ေရာင္းခ်သူေတြရွိေနမွာပါဘဲ

မွားတာပါရင္လည္း ေစတနာအမွားမို႔ ခြင့္လြတ္ပါ…..
လိုတာရွိရင္လည္း ေအာက္ကျဖည့္ေပးပါ…….

စိတ္သေဘာထားခ်င္းတိုက္ဆိုင္ရင္ Share ေပးပါ….

မူရင္းတင္သူကို ေလးစားစြာ credit ေပးပါတယ္

လိုင္းေပၚေတြ႕လို႔ က်န္းမာေရးအတြက္ share ေပးတာျဖစ္ပါတယ္

Unicode
စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍ အစားအသောက် ကျိန်စာ သင့်နေသောရွှေမြန်မာများရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ်
အာရှမှာ အနိမ့်ဆုံးဘဲ အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့ အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲ
စားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲ ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါ
အညွန့်ကျိုးသွားနိုင်ပါတယ်

ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့ ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ

အခုဆိုအသက် ၄၀ နဲ့ အထက် တွေကို ကြည့်လိုက် မေးလိုက်ရင် ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့ အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့ ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်

တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့ အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာရောဂါတွေ အဖြစ် အရမ်းများလာတယ်

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့ အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်
ကလေးလေးတွေကြည့်တော့လည်း
အရောင်စုံ အရသာစုံ အနံ့စုံ နဲ့ လက်လီဈေး …. ၅၀ ကျပ်တန် လက္ကားဈေး ……၃၀ ကျပ် နဲ့ ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့ အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့ အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့လေဖောင်းမူန့်အစုံ အရောင်စုံ အရသာစုံ အနံစုံ နဲ့ ချိုချဉ်အစုံ ပီကေအစုံ နိုခဲအစုံ

ပြီးတော့ အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ ပင်လယ်စာလို့ခေါ်တဲ့ အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့် ပိန်လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့ တချို ငွေကြေးချမ်းသာပြီး ကျန်းမာရေးအသိမရှိတဲ့ မိသားစုကကလေးတွေဆို ပိုဆိုးတယ်

ကျောင်းကို မုန့်ဖိုးအများကြီးပေး ထားတော့တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်
တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီးနောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို
ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့ ကလေးတွေ အများကြီးတွေ့ နေရတယ်

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင် ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ

ခက်တာက လူကြီးတွေ ကိုယ်တိုင်က မသိတာဘဲ တချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်

” တသက်လုံး စားလာတာ အခုမှတော့ မစားဘဲ မနေနိုင်ပေါင် သေမှသေရောဘဲ ” ဆိုတဲ့ လူကြီးတွေ အများကြီးဘဲ တရုတ်ကြီးတယောက်ပြောတာ သွားသတိရတယ်



” နိတို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူး
ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ ”နေစဉ်စားသောက်နေတဲ့ အစားအသောက်တွေမှာ အဆိပ်တွေ အဆိပ်တွေ

အိမ်ရှင်မတွေ ဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့
ဆီပြန်ဟင်းတွေချက်ပြီး ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကို
အိမ်က မီးဖိုချောင်ထဲမှာ အဆိပ်ခတ်နေကြတယ်

ချက်ချင်း မသေပေမယ့် တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့ ကျန်းမာရေး မကောင်းတော့ ကျန်းမာရေးစရိပ်တွေကြောင့် စီးပွားရေးတွေ လုံးပါးပါးပြီး နောက်ဆုံး မိသားစုတစုလုံး ဘဝပျတ် သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်

ပြီးတော့ ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့ အစိုးရ ကိုချည်းဘဲ အပြစ် မပြောပါနဲ့  အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့ မူးယစ်ဆေး ဆိုတာတွေကိုတောင်မှ အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီး သုံးစွဲနေကြသေးတာဘဲ အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

ဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင် စားမကောင်းဘူး လျှာထဲမစွဲဘူး အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာ ဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ

အဲ့ဒီတော့ စားကောင်းပြီး လျှာထဲစွဲချင်တယ် ဆီမြုပ်ပြီး အရောင်လှချင်တယ်ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့ အချိုမူန့် များများပြည့်ဝဆီ အညံစားတွေနဲ့ ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ စားရတော့မှာပေါ့

အစိုးရက ထုတ်လုပ်သူတွေကို ဘယ်လိုဘဲ အရေးယူ အပြစ်ပေးနေပေမယ့် ကျန်းမာရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့ ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ…..
လိုတာရှိရင်လည်း အောက်ကဖြည့်ပေးပါ…….

စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ….

မူရင်းတင်သူကို လေးစားစွာ credit ပေးပါတယ်

လိုင်းပေါ်တွေ့လို့ ကျန်းမာရေးအတွက် share ပေးတာဖြစ်ပါတယ်