မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ခမ်းနားတဲ့ အလှတရားတွေနဲ့ ရှိုးလျှောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်
ထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမခံယူထားတဲ့ လမ်းကြောင်းအတိုင်း အနုပညာလောကမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနေတဲ့ စိတ်ဓါတ်ခိုင်မာသူတစ်ဦးပါ။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ရှိတဲ့ သင်ဇာကတော့ လတ်တလောမှာလည်း မြန်မာအမျိုးသမီးတစ်ဦးရဲ့နှစ်လိုဖွယ်ကောင်းတဲ့ အလှတရားတွေပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ Show လျှောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
သင်ဇာကတော့ ဒီဇိုင်နာ ငြိမ်းကိုရဲ့Chic & chic အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြီးမှာ သင်ဇာ့ရဲ့အလှတရားတွေက အရမ်းကို ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက် စင်မြင့်ထက်မှာ ဘုရင်မတစ်ပါးလို ခမ်းနားတောက်ပနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်ဇာကတော့ “ဂုဏ်ယူပါတယ်အကိုရေ… ဒီထက်လဲအများကြီးပိုအောင်မြင်ပါစေ … အစစအရာရာအဆင်ပြေအောင်ဝိုင်းဝန်းကူညီကြသူအားလုံးကိုလဲ big thanks ပါ 🙏🏼🙏🏼🙏🏼👏🏼👏🏼👏🏼🎉🎈🎊🍾❤️ Nyein Ko ” ဆိုပြီး ဒီဇိုင်နာငြိမ်းကိုကို ဂုဏ်ပြုစကား ပြောထားတာပါ။
အမှောင်ချလိုက်ရင် မီးလင်းနေတဲ့ သင်ဇာ့ရဲ့ဝတ်စုံလေးကတော့ သေသေချာချာကို အသေးစိတ်ပြင်ဆင်ထားတာ တွေ့ရပါတယ်နော်။
သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုရယ်၊ ပရိသတ်တွေရယ်အတွက်ကိုပဲ ဦးစားပေးပြီး အလုပ်တွေလုပ်တော့မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခမ်းနားလွန်းတဲ့ ဖက်ရှင်နဲ့ show လျှောက်ခဲ့တဲ့ သင်ဇာ့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Thinzar Wint Kyaw’s Facebook
Photo;Nay Min Tun
Credit \\ original







