မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် သက်ငယ်မုဒိန်းမှုဖြစ်ပွား
ကျိုက်မရောမြို့နယ် လက်ပံကျေးရွာ ဦးဖလုံ လယ်တဲအတွင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလကျေးရွာမှ ရွှေ့ပြောင်းလုပ်ကိုင်ရန်ရောက်ရှိလာသော ဖခင်ဖြစ်သူ ဦးစိန်သောင်း အသက် (၅၃)နှစ် သည် သမီးအရင်းဖြစ်သူ မတင် . . (ခ)မအိ . ၊ အသက် (၁၄) နှစ်(၄)လ အား ယမန်နေ့ည ဇူလိုင်လ ၉ရက်အထိ (၅)ကြိမ်တိုင်တိုင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သမီးအကြီးဖြစ်သူမှ တိုင်တန်းသဖြင့် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ထားသောအဖွဲ့မှ ဗိုလ်မှူးကြီး အောင်ပိုင် (ခ) နိုင်ဗျင်း အဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့သည် ၁၀ ရက် ၇လ ၂၀၁၉ နံနက် ၉ နာရီတွင် ပူပေါင်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
Credit \\ original