CRD-CELE GABAR
UNICODE
“ရခိုင်ဒေသ မြောက်ဦးကိုလည်း ပုဂံလိုအသိအမှတ်ပြုခံစေချင်တယ်ဆိုတဲ့ ရခိုင်တိုင်းရင်းသားလေး နေတိုး”
နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ တည်ကြည်မှု၊ရိုးရိုးအေးအေးပဲ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ။အေးအေးဆေးဆေးပဲ နေတတ် သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုးကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။
အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။လတ်တလောမှာအနုပညာလှုပ်ရှားမှုအနေနဲ့ ရွှေကစ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ နှစ်ပါးသွားUpdate ရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်ပြသတော့မှာဖြစ်တာကြောင့် ပရိသတ်တွေအားပေးဖို့ပြောပြခဲ့ပါတယ်။
ရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်ဝနေတဲ့ ပုဂံက ကမ္ဘာအမွေအနှစ်စာရင်းဝင်ခဲ့ပုံနဲ့ပတ်သက်ပြီး အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဖြေကြားခဲ့ပါတယ်။”ကျွန်တော်ကြိုက်တဲ့ဒေသ ကျွန်တော်သွားချင်တဲ့နေရာတွေထဲမှာ အခုလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့နေရာတွေ ကိုသွားဖြစ်ပြီး ပုဂံရဲ့အေ ငွ့အသက်တွေက အလိုလိုအင်အားဖြစ်ပေါ်စေတာမို့ ပုဂံကိုအရမ်းနှစ်သက်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ဦးဒေသကိုလည်းကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်စေချင်တဲ့အကြောင်းကို “ရခိုင်ဘုရားရခိုင်လက်ရာတွေကလည်း တော်တော်လေးအနုပညာမြောက်ပြီး သက်တမ်းအရလည်း သတ်မှတ်သင့်တယ်လို့ ထင်မိပါတယ်လို့ “သူ့ရဲ့အယူအဆကိုပြောပြခဲ့ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေ စေတီပုထိုးတွေကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ထိမ်းသိမ်းသင့်ပါတဲ့အပြင်ကမ္ဘာစာရင်းဝင်ထိမ်းသိန်းရင်အကောင်းဆုံးဖြစ်ပြီးပြု ပြင်ပြောင်းလဲမှုနဲ့ပတ်သက်ရင်တော့ လက်ရာကို ပြု ပြင်ပြောင်းလဲတာမျိုးတော့အားမပေးချင်ဘူးလို့ သူရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရော နေတိုးနဲ့အမြင်လေးတူလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။
CRD-CELE GABAR