Latest Posts

မဟာ​ဗောဓိမြိုင်​ဆရာ​တော်ကြီးအား… သွားရောက်ဖူးမြှော်ခဲ့ကြတဲ့ …လွင်မိုးတို့ ဇနီးမောင်နှံရဲ့ ဗီဒီယို

ပ ရိ သတ်ကြီးရေ လွင်မိုးကတော့ ငယ်စဉ်အရွယ်တုန်းက ခန့်ညားချောမောပြီး တည်ကြည်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်ခဲ့ရပါတယ်နော်။လွင်မိုးက ဇာတ်ကားတိုင်းကို ပီပြင်ပိုင်နိုင်တဲ့ အိုင်တင်တွေထုတ်ပြီး သရုပ်ဆောင်တာကြောင့် သူ့ရဲ့ ဇာတ်ကားများဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်နော်။
လွင်မိုးက ချစ်ရတဲ့သူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီး ဇနီးမောင်နှံနှစ်ယောက်က နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းခဲ့ကြပါတယ်။ဇနီးသည်မေသူကလည်း ခင်ပွန်းအပေါ် သေချာဂရုစိုက်တတ်တဲ့ ဇနီးကောင်းတစ်ယောက်ပါနော်။အခုဆိုရင်တော့ သမီးကြီးကမွေးတဲ့ မြေးလေးကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်လို့ သာယာစိုပြေတဲ့ မိသားစုလေးဖြစ်ပါတယ်။



လွ င်မိုး တို့ ဇနီးမောင်နှံဟာ မကြာသေးမှီအချိန်က မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြှော်ခဲ့တာပဲဖြစ်ပါတယ်။ လွင်မိုးရဲ့ ဇနီးဖြစ်သူ မမေသူက ” ဆရာတော်ဘုရား ကြီး အပူဇော်ခံကြွတော်မူတဲ့၇ရက်မြောက်နေ့မှာ ဖူးမြှော်ပူဇော်ခွင့်ရခဲ့ပါတယ်။ သာယာတဲ့ တောရိပ်တောင်ရိပ်မှာ ကျေးငှက်သံလေးတွေပဲရှိပြီး အားလုံးစည်းကမ်းသေဝပ်စွာနဲ့ဆရာတော်ကြီးကြွလာစဉ်, ဆွမ်းအလှူခံချိန်, ပြန်ကြွသွားတော်မူတဲ့အချိန် တစ်လျှောက်လုံး သံဃာ့ဂုဏ်ကိုအာရုံပြုပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဖူးမြှော်ခဲ့ရတာ ကြည်နူးဖွယ်ကောင်းလှပါတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။