Latest Posts

ပရိသတ်တွေက ကြည့်တတ်လာတော့ ရုပ်ရှင်ဖန်တီးရတာ ပိုခက်ခဲလာတယ်ဆိုတဲ့ ခရစ္စတီးနားခီ



မန်မာနိုင်ငံက ရုပ်ရှင်ချစ် ပရိသတ်တွေအများကြီးရဲ့ အားပေးမှုကို ထိုက်ထိုက်တန်တန်ရယူခဲ့နိုင်တဲ့ ဒါရိုက်တာခရစ္စတီးနားခီကတော့ 8Days မီဒီယာနဲ့ အင်တာဗျူးမှာ အခုလက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ ခံစားမှုတိုးတက်လာတဲ့အကြောင်းတွေကို ပြောပြထားပါတယ်။ သူပြောပြထားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။

သူစိမ်းအိမ် ဇာတ်ကားနဲ့ပတ်သက်ပြီး တော့ ခရစ္စတီးနားခီက “ပရိသတ်ကိုဘာပြောပြချင်လည်းဆိုတော့ ဆက်ဆက်လာကြည့်ပါ အရမ်းကောင်းတဲ့ကားလေး တစ်ခုဖြစ်ပါတယ် ။ ပရိသတ်အနေနဲ့ဝန်းရံဖို့အများကြီးလိုအပ်တယ် ။ အစ်မတို့ရုပ်ရှင်တွေကို ကြိုးကြိုးစားစား အားရှိသွားအောင် ပရိသတ်ကလည်း လာပြီးတော့ ဝန်းရံမှသာပဲ ဒီလိုရုပ်ရှင်တွေ ဆက်ရိုက်လို့ဖြစ်လာမယ် ။ အားတစ်ခုဖြစ်အောင်လိုတယ်ပေါ့နော် အစ်မကတော့ အရမ်းကြိုက်တဲ့အတွက်ကြောင့် အစ်မရဲ့ ပရိသတ်တွေရော တခြားဆက်ဆက်လာကြည့်ပါလို့ဖိတ်ခေါ်ပါတယ် ။ သူတို့ကတော့ မြန်မာပြည်မှာ အနေနဲ့ဆိုရင် Twist လေးတွေ အမျာကြီးပါတယ် ။ထူးပိုင်ရဲ့ အကျွမ်းကျင်ဆုံးလို့လည်း ထင်တယ် ။ ညတုန်းကလိုပဲ စိတ်လှုပ်ရှားစရာလည်းကောင်းတယ် ဆိုတော့ အစ်မကတော့ ကြိုက်တယ် ။



ကြည့်နေကျ အစ်မတို့အရင်က ဆူညံသံအရမ်းများတဲ့ဟာကို အရမ်းအသားကျသွားတာလည်း ဖြစ်ပါလိမ့်မယ် ။နားက အသားကျသွားတဲ့အခါကျတော့ အရမ်းရှင်းရှင်းလင်းကြီးကြားတဲ့အချိန်မှာ တမျိုးဖြစ်တာလည်း ဖြစ်ပါလိမ့်မယ် တကယ်လိုနိုင်ငံခြားကားတွေ အရမ်းကြည့်ဖူးကြတဲ့ လူတွေဆိုရင်တော့ ကြည့်တတ်မယ်ထင်တယ် အစ်မတို့တော့ ကြိုက်တယ် ။


အစ်မကတော့ အရမ်းဆူညံနေတဲ့ အသံတွေကို သိပ်တော့မကြိုက်ဖူးပေါ့နော် ။ အစ်မတို့ကားဆိုရင် အသက်ရှူသံ သက်ပြင်းချသံက အစ အစ်မအကုန်ပြန်သွင်းတယ် ၊ ငိုရတယ် ၊ မင်းသား မင်းသမီးသမီးရော အရန်တွေရောက ဟိုမှာတုန်းက ရန်ဖြစ်ထားတယ်ဆိုရင် ။ အဲ့ဒီအတိုင်းရန်ပြန်ဖြစ်ရတဲ့ ပုံစံမျိုးမှာလုပ်ရတယ်။ ငိုရတယ်ဆိုရင် အခန်းတိုင်းပြန်ငိုခိုင်းတယ် ။ တကယ့်အငို အစစ်ပေါ့ ဟန်လုပ်နေတဲ့ အငိုမဟုတ်ဘူး ။ အဲ့ဒီအတွက်ကြောင့်သူတို့ တကားစာပြန်ရိုက်ရတယ်လို့လည်း အစ်မကိုပြောကြတယ် ။” ဆိုပြီးပြောပြသွားပါတယ် ။

Credit  \\  original