သိပ္ပံပညာရှင် ပေါင်း ၁၅၀၀၀ လောက်က သတိပေးနေတဲ့ အနာဂတ်မှာ လူသားတွေကြုံတွေ့လာရမယ့် ကံကြမ္မာဆိုးကြီးများ
အရမ်းနောက်ကျမသွားခင် လူတွေ ဒါကို သတိထားသင့်ပြီ…..တကယ်ပြောတာ ။
သိပ္ပံပညာရှင် ပေါင်း ၁၅၀၀၀ လောက် လူသား တွေရဲ့ အနာဂတ် ကို စိုးရိမ်ဖို့သတိပေးလိုက်ပြီ ။
သိပ္ပံပညာရှင် တွေ ဆိုတာဟာ လူတော်တွေဖြစ်ပြီးတော့ သူတို့ပြောတဲ့အကြောင်းအရာကိုသေချာသိတဲ့အတွက် ဒီကိစ္စဟာ တကယ်ဖြစ်လာနိုင်ချေရှိတယ်ဆိုတာသိထားသင့်တယ် ။
သိပ္ပံပညာရှင်အဖွဲ့အစည်းက လူသားတွေအနာဂတ်မှာရင်ဆိုင်လာရမယ့် အန္တရာယ် တွေအကြောင်းကို စာတမ်း ထုတ်ပြန်ခဲ့တယ် ။
ဒီစာတမ်းဟာ ၁၉၉၂ ခုနှစ်မှာ သိပ္ပံပညာရှင်ပေါင်း ၁၇၀၀ က စတင်ပြီးရေးသားခဲ့တာဖြစ်တယ် ။
လူသားတွေရဲ့ကံကြမ္မာ ကို သိပ္ပံပညာရှင်ပေါင်း ၁၅၀၀၀ က သတိပေးနေပါပြီ ။
ယခုခေတ်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေဟာ လျော့ကျမသွားပဲ ပိုပြီးတိုးလာပါတယ် ။
အိုဇုန်းလွှာပေါက်နေတာရယ် အခြား အန္တရာယ် များတဲ့ကိစ္စတွေဟာ အနာဂတ်မှာ ပိုဆိုးလာနိုင်ပါတယ် ။
သိပ္ပံပညာရှင်တွေရဲ့စာတမ်းမှာ လွန်ခဲ့တဲ့၂၅ နှစ်အတွင်းဖြစ်လာခဲ့အကြောင်းအရာတွေကိုလည်းဖော်ပြထားပါတယ် ။
အဲ့ဒါတွေကတော့…
၁. တစ်ကမ္ဘာလုံးမှာ ရေချို ၂၆ ရာခိုင်နှုန်းလျော့ကျလာတယ် ။
၂. အောက်ဆီဂျင်ပြတ်လပ်ပြီး လေထုညစ်ညမ်းနေတဲ့ သက်ရှိတွေမရှင်သန်နိုင်တဲ့ Dead Zone တွေဟာ ရ၅ ရာခိုင်နှုန်းပိုတိုးလာတယ် ။
၃. သစ်တောပြုန်းတီးမှု ဧက သန်း ၃၀၀ရှိလာခဲ့တယ် ။
၎. ကာဘွန်ထုတ်လွှင့်မှုများပြားလာပြီး ကမ္ဘာ့အပူချိန်သိသိသာသာတိုးလာတယ် ။
၅. ကမ္ဘာ့ လူဦးရေ ၃၅ ရာခိုင်နှုန်း မြင့်တက်လာတယ် ။
၆. နို့တိုက်သတ္တဝါတွေ ၊ တွားသွားကောင်တွေ ၊ ကုန်းနေရေနေ သတ္တဝါတွေနဲ့ ငှက်တွေ ငါးတွေ ၂၉ ရာခိုင်နှုန်းလျော့ကျလာတယ် ။
သိပ္ပံပညာရှင်တွေ မီဒီယာတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပြဿနာကိုဖြေရှင်းနိုင်လောက်အောင် မတတ်နိုင်ကြသေးဘူး ။
ကျွန်တော်တို့ဒီအခြေအေနေတွေကလွတ်မြောက်နိုင်အောင်လို့ အခုချက်ချင်းစတင်လုပ်ဆောင်မှဖြစ်မယ် ။
သူတို့စာထဲမှာရေးသားထားတာကတော့ ။
“သိပ်မကြာခင်အချိန်အတွင်းမှာ ဒီအခြေအနေတွေကို ပြုပြင်ဖို့အရမ်းနောက်ကျသွားတဲ့အချိန်တစ်ခုရောက်လာလိမ့်မယ်
ကျွန်တော်တို့ နေထိုင်တဲ့ ဒီကမ္ဘာကြီးဆက်လက်ရှင်သန်နေအောင်လို့ ကျွန်တော်တို့ ယနေ့ကစပြီးတော့ လုပ်ဆောင်သွားမှဖြစ်လိမ့်မယ်”
ဒါဟာ သိပ္ပံပညာရှင်အဖွဲ့အစည်းက လူသားတွေအတွက် ဒုတိယအကြိမ်သတိပေးတာပဲဖြစ်တယ် ။
“ဒီသတိပေးချက်ကိုထုတ်ပြန်လိုက်တဲ့သူတွေဟာ မဟုတ်မှန်ပြောဆိုနေတာမဟုတ်ပါဘူး ။
သူတို့ဟာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သေချာသိတဲ့သူတွေပဲ ။
သိပ္ပံနဲ့နည်းပညာဂျာနယ်တစ်ခုမှာ အော်ရီဂွန်တက္ကသိုလ် သိပ္ပံဌာနရဲ့ ပရော်ဖက်ဆာ William Ripple ကတော့ အခုလိုပဲပြောကြားခဲ့ပါတယ် ။
“လူသားတွေကို ဒုတိယအကြိမ်သတိပေးလိုက်ပါပြီ….ကျွန်တော်တို့အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်အခြေအနေတွေနဲ့ သယံဇာတတွေဟာ တိုးပွားလာတဲ့လူဦးရေအတွက် အဆင်ပြေမှာမဟုတ်တော့ဘူး ။
လူဦးရေတိုးပွားမှုထိန်းသိမ်းတာကလည်း မအောင်မြင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျရှုံးမှု ၊ ဖန်လုံအိမ်အာနိသင် ၊ စွမ်းအင်သယံဇာတလျော့နည်းလာမှု
ဇီဝစနစ်ပျက်ဆီးမှု ၊ ပြီးတော့ ဂြိုလ်သားတွေရဲ့ကျူးကျော်မှုအန္တရာယ်တွေလည်းရှိလာနိုင်ပါတယ် ။
ဒီတော့ လူသားတွေအနေနဲ့ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းကို စလှမ်းသင့်နေပါပြီ” ။
“ဒီစာတမ်းကို ကမ္ဘာအနှံ့ကို ပျံနှံ့သွားစေပြီးတော့ ကမ္ဘာတစ်ဝှမ်းကလူတွေ ပတ်ဝန်းကျင် နဲ့ ရာသီဥတုကိုထိန်းသိမ်းဖို့ပူးပေါင်းလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ပရော်ဖက်ဆာ Ripple ကပြောကြားခဲ့ပါတယ် ။
Credit \\ original