Latest Posts

မိသားစုဆီ ပြန်ရင်း လေဆိပ်မှာလာကြိုတဲ့ သားသားမီးမီးလေးတွေကြောင့် အပျော်လွန်ခဲ့ရတဲ့ နိုင်းနိုင်

အိမ်ထောင်သက်တမ်း ဆယ်နှစ်ခန့်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ သားသား၊မီးမီးလေး ၄ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မြန်မာပြည်မှာပဲချစ်ရတဲ့ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ နိုင်းနိုင်းကတော့ နယူးယောက်မြို့မှာပဲ နေထိုင်ကြတဲ့ ဇနီးနဲ့ ကလေးတွေဆီကို ဖုန်းနဲ့ပဲ အမြဲ အဆက်အသွယ် လုပ်နေရပေမယ့် မိသားစုဆီပြန်ရောက်တိုင်းမှာတော့ ဖခင်ကောင်းတစ်ယောက်ရဲ့တာဝန်ကို အပြည့်အဝကျေပြွန်သူတစ်ဦးပါ။ လတ်​တလာမှာ​တော့ နိုင်းနိုင်းက မိသားစုဆီသို့ပြန်​ရင်း၊ ချစ်​ရတဲ့ သားသမီး​တွေက လာကြိုတာ​ကြောင့်​ အ​ပျော်​ကြီး​ပျော်​​နေတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။
ချစ်ပရိသတ်တွေအတွက် အ​ဖေကို အရမ်းချစ်​တတ်​လွန်းတဲ့ နိုင်းနိုင်းရဲ့ သားသားမီးမီး​လေး​တွေအ​ကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
ဖေဖေနိုင်းနိုင်းကတော့ “ကျွန်​​တော့်​ကို ​စောင့်​​မျှော်​​နေ​သော ကျွန်​​တော်​၏​ကလေးများ..😁😁😁😁😁” ဆိုပြီး ချစ်​စရာသားသမီး​တွေရဲ့ အ​ကြောင်းကို ​ဝေမျှ​ပေးထားတာပါ။
အရမ်းလှတဲ့ ဇနီး​ချော​လေးရယ်​၊ ချစ်​စရာသားသမီး​တွေနဲ့ ​​ပျော်​​နေတဲ့ နိုင်းနိုင်း
အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးသုံးဦးနဲ့ သားလေး တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲစိတ်ချမ်းသာမှုတွေ အပြည့်ရှိနေကြတာပါ။ ဖေဖေကြီးနိုင်းနိုင်းကတော့ လတ်တလောမှာ မိသားစုကိုပဲ အချိန်အပြည့်အဝပေးဖို့ မိသားစုရှိတဲ့ နယူး​ယောခ်​သို့ ​ရောက်​ရှိ​နေတာမို့ အ​ပျော်​ကြီး ​ပျော်​​နေတာပါ။ ချစ်ပရိသတ်တွေလည်း ပျော်စရာတွေ ပြည့်နှက်နေတဲ့ နိုင်းနိုင်းတို့မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Source:Actor 99’s Facebook,CRD-MOMOLAY