Latest Posts


မူလွန်ကျောင်းသူလေးကိုလက်ညှိုးနှင့်အဓမ္မပြုကျင့်တဲ့ကျောင်းသား
                   ***********************************

အမှုဖြစ်စဉ်မှာ၂၁.၂.၂၀၂၀ရက်ည၁၀နာရီ၃၀မိနစ်အချိန်ခန့်ကတနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းရဲစခန်းတွင်ဒုရဲအုပ်ရာဇာမင်းတင်တာဝန်ထမ်းဆောင်နေစဉ်မ.......(၂၇)နှစ်၊ကျဘမ်းလုပ်ကိုင်၊မ....၊.......လမ်း၊........ရပ်ကွက်၊ကော့သောင်းမြို့နေသူက၎င်းသည်၂၀.၂.၂၀၂၀ရက်ည၇နာရီအချိန်ခန့်က၎င်း၏မိခင်ဖြစ်သူဒေါ်......မှ'အရေးကြီးကိစ္စရှိနေတယ်၊အမြန်ပြန်ခဲ့ပါရန်"ဖုန်းဆက်သွယ်အကြောင်းကြားလာသောကြောင့်၂၁.၂.၂၀၂၀ရက်နံနက်၇နာရီအချိန်နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်မိခင်ဖြစ်သူဒေါ်.....ကတရားလို၏သမီးဖြစ်သူမ.......(၇)နှစ်၊၅လကို၊အမကမူလွန်(..........)ကျောင်းတွင်အဓမ္မပြုကျင့်ခံရကြောင်းပြောကြားခဲ့သဖြင့်သမီးဖြစ်သူမ......ကိုချော့မော့မေးမြန်းခဲ့ရာမ......သည်ကြောက်လန့်ပြီးခန္ဓာကိုယ်တုန်ရင်နေသဖြင့်တရားလိုနှင့်အတူမိခင်ဖြစ်သူဒေါ်......ကထပ်မံချော့မော့မေးမြန်းခဲ့ရာ၁၉.၂.၂၀၂၀ရက်နေ့လည်၂နာရီ၅၀မိနစ်အချိန်ခန့်ကကျောင်းဆင်းကာနီးအချိန်အလေးသွားချင်သဖြင့်ဆရာမကိုပြောကာအတန်းဖော်သူငယ်ချင်းမ.....နှင့်အတူအိမ်သာသို့သွားစဉ်ကျောင်းသားကျောင်းသူများအသုံးပြုသောအိမ်သာအခန်း(၇)ရှေ့အရောက်တွင်အရပ်ပိန်ပိန်ရှည်ရှည်အဖြူ/အစိမ်းဝတ်ကျောင်းသားက၎င်းကိုခြေလက်တို့နှင့်အိမ်သာအတွင်းတွန်ူးထိုးခေါ်ခဲ့ကြောင်း၊၎င်းနောက်မ....၏ပါးစပ်ကိုပိတ်ပြီး"မအော်နဲ့၊အော်ရင်သတ်ပစ်မယ်"ဟုပြောဆိုကာဘောင်းဘီကိုဆွဲချွတ်ကာမိန်းမအင်္ဂါသို့လက်ညှိုးနှင့်ပြုကျင့်ကြောင်းပြောပြသိရှိရသဖြင့်ကျောင်းသို့သွားရောက်ကာကျောင်းအုပ်ဆရာမကြီးကိုအကျိုးအကြောင်းရှင်းပြကာတရားလိုမ.....ကမိမိ၏ကလေးငယ်ကိုသားမယားပြုကျင့်ရန်ကြံစည်အားထုတ်ကာဓမ္မတာနှင့်ဆန်ကျင်ပြုလုပ်သူကိုစုံစမ်းဖမ်းဆီးအရေးယုပေးပါရန်တရားလိုပြုလုပ်အမှုဖွင့်တိုင်တန်းခဲ့ရာကော့သောင်းမြို့မရဲစခန်း(ပ)၃၃၅/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၅၁၁/၅၀၆အရအမှုရေးဖွင့်ကာအမှုစစ်ဒုရဲအုပ်ရာဇာမင်းတင်ကအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ကျူးလွန်ခံရသူမ....၏အဝတ်အစားအချို့သိမ်းဆည်းကာရဲဆေးစာပေးပို့စစ်ဆေးခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊ကျောင်းအုပ်ဆရာကြီးနှင့်ကျုးလွန်သူဖမ်းဆီးရမိစေရေးစုံစမ်းခဲ့ရာကျူးလွန်သူကျောင်းသားမောင်*****(၁၂/၁၃)နှစ်ခန့်၊(၇)တန်းကျောင်းသားကိုညနေပိုင်းအချိန်ဖမ်းဆီးရမိကာစစ်ဆေးနေကြောင်းသိရသည်။

#credit


                   ***********************************


#credit