Latest Posts

ပြန်မလာနိုင်တော့တဲ့ သူမရဲ့ဖခင်ကို ခရီးထွက်သွားတယ်ဆိုတဲ့စိတ်နဲ့ စောင့်မျှော်နေတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

သ႐ုပ္ေဆာင္ မင္းသမီးေလး ပိုးၾကာျဖဴခင္ကေတာ့ လတ္တေလာမွာ ေရပန္းစားေအာင္ျမင္လာတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ MRTV-4 ဇာတ္လမ္းတြဲေလးေတြနဲ႕ လူသိမ်ားလာတဲ့ သူမက အခုေနာက္ပိုင္းမွာေတာ့ ဇာတ္လမ္းတြဲေတြအျပင္ ေၾကာ္ျငာနဲ႕ဇာတ္ကားေတြပါ ရိုက္ကူးေနရၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုးက “မိုးေကာင္းကင္ အိပ္မက္” ဇာတ္လမ္းတြဲေလးမွာ ဆိုင္းမိုင္ဆိုတဲ့ ေကာင္မေလးအျဖစ္ပါဝင္ခဲ့ရာကေန ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာပါ ယေန႕တိုင္ေရပန္းစားေစခဲ့တာ ျဖစ္ပါတယ္။

ဒီေန႕မွာေတာ့ ပိုးက ဆုံးပါးသြားတဲ့ သူမရဲ႕ဖခင္နဲ႕ပတ္သတ္တဲ့အေၾကာင္းေတြကို ပရိသတ္ေတြဆီ ရင္ဖြင့္ေျပာျပလာတာ ေတြ႕ရပါတယ္။ လြန္ခဲ့တဲ့ (၁) လခန႔္က ကြယ္လြန္သြားတဲ့ ဖခင္အတြက္ ပိုးက အၿမဲလိုလို ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္။ ပိုးက မိသားစုအေပၚ တာဝန္ေက်ခ်င္တဲ့စိတ္နဲ႕ အလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနရေပမယ့္ ဖခင္ကိုေတာ့ အခုထိျပန္လာမယ္လို႔ ယုံၾကည္ၿပီး ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။


အခုလည္း ပိုးက ” ၁လ ေတာင္ရွိသြားၿပီ အခုခ်ိန္ထိ စိတ္ထဲမွာ ခရီးခဏ ထြက္သြားသလိုပဲ ျပန္လာမဲ့အခ်ိန္ကို ေစာင့္ေနမိတုန္းပဲ ” ဆိုၿပီး ရင္ဖြင့္ေျပာျပထားတာ ျဖစ္ပါတယ္။ ဖခင္အတြက္ (၃) လျပည့္အလႉေလးကိုေတာ့ ပိုးက မိဘမဲ့ေဂဟာက ကေလးငယ္ေလးေတြကို အာဟာရဒါန လႉဒါန္းၿပီး ကုသိုလ္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ဆုံးပါးသြားတဲ့ဖခင္အတြက္ အလႉျပဳေပးတဲ့ ပိုးၾကာျဖဴခင္ရဲ႕ အလႉပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။Credit-aungparsay
Unicode
သရုပ်ဆောင် မင်းသမီးလေး ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ရေပန်းစားအောင်မြင်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများလာတဲ့ သူမက အခုနောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာနဲ့ဇာတ်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုးက “မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲလေးမှာ ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေးအဖြစ်ပါဝင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာပါ ယနေ့တိုင်ရေပန်းစားစေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုးက ဆုံးပါးသွားတဲ့ သူမရဲ့ဖခင်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို ပရိသတ်တွေဆီ ရင်ဖွင့်ပြောပြလာတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ (၃) လခန့်က ကွယ်လွန်သွားတဲ့ ဖခင်အတွက် ပိုးက အမြဲလိုလို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ပိုးက မိသားစုအပေါ် တာဝန်ကျေချင်တဲ့စိတ်နဲ့ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပေမယ့် ဖခင်ကိုတော့ အခုထိပြန်လာမယ်လို့ ယုံကြည်ပြီး မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

အခုလည်း ပိုးက ” ၃လ တောင်ရှိသွားပြီ အခုချိန်ထိ စိတ်ထဲမှာ ခရီးခဏ ထွက်သွားသလိုပဲ ပြန်လာမဲ့အချိန်ကို စောင့်နေမိတုန်းပဲ ” ဆိုပြီး ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ်။ ဖခင်အတွက် (၃) လပြည့်အလှူလေးကိုတော့ ပိုးက မိဘမဲ့ဂေဟာက ကလေးငယ်လေးတွေကို အာဟာရဒါန လှူဒါန်းပြီး ကုသိုလ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆုံးပါးသွားတဲ့ဖခင်အတွက် အလှူပြုပေးတဲ့ ပိုးကြာဖြူခင်ရဲ့ အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Credit-aungparsay