Latest Posts
ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင် သူ လရိပ်နဲ့ စံပယ်တို့ကို အမာခံများနဲ့ အသွင်ယူပြီး ဖမ်းဆီး
Unicode
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အမှတ်(၁) စက်မှုကွက်သစ်ရပ်နေ ဒေါ်သန်းတင် နေအိမ်ဝိုင်း အတွင်းရှိ တဲအတွင်းမှ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင် သူအမျိုးသမီးနှစ်ဦးအား ကြိုတင်မိတ္တူဆွဲမှတ်ထား သောငွေစက္ကူများနှင့်အတုတွေ့ရှိ၍ ဖမ်းဆီးအရေးယူ ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ(၂၈)ရက်နေ့ ညနေ(၅)နာရီခန့် မိတ္တီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးဦးစီး(၁)ဌာနစိတ် ရဲအုပ် အောင်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ ဝမ်းတွင်းမြို့မရဲ စခန်းနယ်ထိန်းတပ်ဖွဲ့ဝင်များမှသက်သေရာအိမ်မှူး များနှင့်အတူ ဝမ်းတွင်းမြို့အမှတ်(၁)စက်မှုကွက်သစ် ရပ်နေဒေါ်သန်းတင်နေအိမ်ဝိုင်းအတွင်း တဲများ ဆောက်လုပ်၍ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေ ကြောင်း သတင်းအရ
ခရိုင်ရဲတပ်ဖွဲ့မှူး၏ ရှာဖွေဖမ်းဆီး ခွင့်ဝရမ်းအမှတ်(၇/၂၀၁၉)ဖြင့် ဝင်ရောက်ရှာဖွေရာ မိတ္တူဆွဲမှတ်ထားသော၅၀၀၀/-ငွေစက္ကူများဖြင့် ပြည့်တန်ဆာကိစ္စ အလို့ငှာပျော်ပါးရန်စေလွှတ်ခဲ့ သည့် အမာခံသတင်းပေးများအားပေးအပ်လိုက် သော မိတ္တူဆွဲမှတ်ထားသည့် ငွေစက္ကူ(၅၀၀၀/-) တစ်ရွက်အားတဲအတွင်းတွေ့ရှိသူ မလရိပ်မန္တလေး မြို့နေသူထံမှလည်းကောင်း၊ သုံးခွမြို့နယ်နေမစံပါယ် ထံမှမိတ္တူဆွဲမှတ်ထားသော(၅၀၀၀/-)တန်ငွေစက္ကူ တစ်ရွက်တို့အားတွေ့ရှိ၍ သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်အရ ပြည့်တန်ဆာကိစ္စအလို့ငှာပျော်ပါးရန် အတွက်မြှူဆွယ်သွေးဆောင်အခကြေးငွေလက်ခံရ ယူခြင်းပြုလုပ်သူ မလရိပ်(၂၆)နှစ် စက်မှု(၁)ရပ်ကွက် မန္တလေးမြို့နေသူနှင့် မစံပါယ်(၂၄)နှစ်ဒေါင်းကြီးကျေး ရွာသုံးခွမြို့နယ်နေသူတို့အား အရေးယူပေးရန်ရဲအုပ် အောင်ဝင်းလှိုင်၏ တိုင်တန်းချက် အရ ဝမ်းတွင်းမြို့မ ရဲစခန်း(ပ)၈၈၃/၂၀၁၉ ပြည့်တန်ဆာဥပဒေပုဒ်မ ၃(က)ဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်းသိရသည်။Credit-aungparsay