လည်ပင်းကင်ဆာ ဖြစ်နေတဲ့ အမေဒေါ်ခင်မေသက်ကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တဲ့ Sinon Loresca
Unicode
Sinon Loresca က မြန်မာ ပရိသတ်တွေက သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရိသတ်တွေရဲ့ ရင်းနှီးစေခဲ့သူလေးပါ။သူက မြန်မာနိုင်ငံမှာ ပရဟိတများစွာကိုလည်း လုပ်ကိုင်းနေတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် Sinon Loresca က လည်ပင်းကင်ဆာ ဖြစ်နေတဲ့ အမေဒေါ်ခင်မေသက်ကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ နွေးထွေးကြိုဆိုမှုကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်က ပြန်သွားတဲ့အချိန်မှာလည်း သူပြန်လာမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မြန်မာပြည်ကို နောက်ထပ်တစ်ခေါက် ပြန်ရောက်လာပါပြီး ပရဟိတများနဲ့ အနုပညာအလုပ်တစ်ချို့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။
ဒီတစ်ခါမှာတော့ Sinon Loresca က လည်ပင်းကင်ဆာ ဖြစ်နေတဲ့ အမေဒေါ်ခင်မေသက်ဆီသွားရောက်ပြီး တတ်နိုင်သလောက်အလှူငွေလေးလှူဒါန်းပြီး သွားရောက်အားပေးခဲ့တာပါ။Sinon Loresca က အမေဒေါ်ခင်မေသက် ရဲ့ အခက်အခဲတွေကို အမေ့ကိုချစ်တဲ့သူများက သူ့ရဲ့ Post ကို မြင်ပြီး ကူညီနိုင်ကြဖို့ ရည်ရွယ်တာပါလို့လည်း သိရပါတယ်။
ပရိသတ်ကြီးကလည်း Sinon Loresca နဲ့ အမေဒေါ်ခင်မေသက် တို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit-aungparsay