ရိုးရိုးယဉ်ယဉ်လေးနဲ့ ပွဲလာသူပရိသတ်တွေကို ရင်အေးစေခဲ့တဲ့ သက်မွန်မြင့်ရဲ့ အလှ
Unicode
ချစ်စရာကောင်းပြီး ရိုးရှင်းလွန်းတဲ့ ချင်းတိုင်းရင်းသူ မင်းသမီးချောလေး သက်မွန်မြင့်က အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ ရင်ကို အေးမြစေသူလေး ဖြစ်ပါတယ်။ သက်မွန်မြင့်က အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်ခဲ့ပြီး ကောင်းသတင်းတွေနဲ့သာ ကျော်ကြားခဲ့သူလေး ဖြစ်ပါတယ်။ သက်မွန်မြင့်က လက်ရှိမှာတော့ သား၊သမီး နှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ အိမ်ထောင်ရှင် အမျိုးသမီးလေး ဖြစ်လို့နေပါပြီ။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀) ရက်နေ့မှာတော့ သက်မွန်မြင့်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ “သခင်ကြီးနဲ့ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီး နမူနာမိတ်ဆက်ပြသပွဲကို ပြည်သူ့ရင်ပြင်မှာ တက်ရောက်ပေးခဲ့တာ ဖြစ်ပါတယ်။သက်မွန်မြင့်က အဖြူရောင်ရင်ဖုံးအင်္ကျီလေးနဲ့ လုံခြည်လေးကိုသာ ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်လာပြီး ပွဲလာသူ ပရိသတ်တွေတိုင်းကို မျက်စိအေးစေခဲ့ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် သက်မွန်မြင့်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။“သခင်ကြီးနဲ့ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်ထားပြီး သက်မွန်မြင့်၊ ထွန်းကိုကို၊ နေရဲ၊ ရွေသမီး၊ မင်းခ၊ သိန်းလင်း၊ ဇင်ဝိုင်း၊ နိုင်လူနဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ သရုပ်ဆောင်ထားကြပါတယ်။သက်မွန်မြင့်ကတော့ ဘယ်အချိန်ကြည့်ကြည့် အေးအေးချမ်းချမ်းနဲ့ လှနေတာပဲနော်။ ပရိသတ်ကြီးလည်း သက်မံန်မြင့်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။Credit-aungparsay