Latest Posts
ကလေးထိန်းရလို့ ပင်ပန်းနေတဲ့ မိန်းမဖြစ်သူကို နောက်ဆုံးပေါ် i phone ဝယ်ပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း
နန်းမြတ်ဖြိုးသင်းကတော့ “ဟီး သိပ်မပျော်ရှာပါဘူးလေ ပါးစပ်စိလို့မရရုံလေးပဲ🤪😁😆 သားကြောင့်အိပ်ရေးပျက်တာတွေများလို့ဆုချတာတဲ့ မျောက်မတယောက်အုန်းသီးရပီ 😂 ရမ်းချစ်တယ်ယောက်ျားရေ😘😘😘” ဆိုပြီး ကြည်နူးပျော်ရွှင်လွန်စွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
Unicode
အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သီချင်းဆိုလဲကောင်းသလို မော်ဒယ်လောကမှာလဲ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ လတ်တလောမှာ သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးထားတာဖြစ်ပြီး ချစ်စရာသားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီနေ့လေးမှာတော့ နန်းမြတ်ဖြိုးသင်းက ချစ်ရတဲ့ ခင်ပွန်းဆီက နောက်ဆုံးပေါ် i phone ကြီး လက်ဆောင်ရခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ပျော်ရွှင်စွာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကလေးထိန်းရတာ ပင်ပန်းနေတဲ့ မိန်းမကို i phone ဝယ်ပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းကတော့ အရမ်းကို ချစ်တတ်လွန်းသူပါပဲနော်
ချစ်ပရိသတ်တွေအတွက် ခင်ပွန်းဆီက နောက်ဆုံးပေါ် i phone ကြီး လက်ဆောင်ရလို့ ပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။နန်းမြတ်ဖြိုးသင်းကတော့ “ဟီး သိပ်မပျော်ရှာပါဘူးလေ ပါးစပ်စိလို့မရရုံလေးပဲ🤪😁😆 သားကြောင့်အိပ်ရေးပျက်တာတွေများလို့ဆုချတာတဲ့ မျောက်မတယောက်အုန်းသီးရပီ 😂 ရမ်းချစ်တယ်ယောကျ်ားရေ😘😘😘” ဆိုပြီး ကြည်နူးပျော်ရွှင်လွန်စွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ပါးစပ်မစိနိုင်အောင်ကို ပျော်ရွှင်နေတဲ့ နန်းမြတ်လေး…။
နန်းမြတ်ဖြိုးသင်းကတော့ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် သားဦးလေး ဂျက်ဂျက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာကောင်းတဲ့ သားသားလေးဂျက်ကိုရော ချစ်တတ်လွန်းတဲ့ ခင်ပွန်းကိုပါ ပိုင်ဆိုင်ရလို့ အရမ်းကိုပျော်ရွှင်နေမှာပါနော်။ပရိသတ်ကြီးလဲ ယောက်ျားရတာ ကံကောင်းတဲ့ နန်းမြတ်ဖြိုးသင်းကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-aungparsay