စူပုပ်ပုပ်မျက်နှာလေးနဲ့ အသည်းယားစရာကောင်းလောက်အောင်လှနေတဲ့ အိချောပို
Unicode
စွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်အချိုးအစားနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး အိချောပိုက အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အိချောပိုက ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်တဲ့နေရာမှာလည်း ပြောစရာမလိုအောင် သရုပ်ဆောင်ကောင်းတာကြောင့် ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေလျက်ရှိပါတယ်။ အိချောပိုက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
အိချောပိုက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် အိချောပိုရဲ့ ရှုတင်ပေါ်မှ ပုံရိပ်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။အိချောပိုကတော့ ရှုတင်မှာ ကလေးလေးတစ်ယောက်လို စူပုပ်ပုပ်နဲ့ အရမ်းကို ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။
ရှုတင်မှာ အစားသောင်းကြမ်းနေတဲ့ အိချောပိုလေး 😍😍😍.
အိချောပိုကတော့ စူပုပ်ပုပ်မျက်နှာလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ အသည်းယားဖွယ်ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-aungparsay