Latest Posts
“အခမ်းနားဆုံးမေတ္တာ” အတူကြည့်ပြီး Crush နေတဲ့သူလေးကိုအကြည့်တွေနဲ့ချုပ်ဖို့ မြှောက်ထိုးပင့်ကော်လုပ်လိုက်တဲ့ နေခြည်ဦး
Unicode
သွက်လက်ထက်မြက်ပြီးချစ်စရာကောင်းတဲ့နေခြည်ဦးကို လူတော်တော်များများသိကြမှာပါ။ မိမိပင်ကိုယ်အလှကိုထုတ်ပြရဲသလို အမိုက်စားအပြင်အဆင်တွေနဲ့ အရမ်းလန်းတဲ့ ချီချီဟာ Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။ချီချီကို မင်းသမီးအဖြစ်အချိန်တိုတိုအတွင်း တစ်ရှိန်ထိုးအောင်မြင်လာသူတစ်ယောက်လို့လည်းဆိုရမှာပါ။
အခုဆိုရင်ချီချီဟာ ပွဲအခမ်းအနားတွေဆက်တိုက်တက်နေရသူဖြစ်ပြီး ရုပ်ရှင်ကားတွေလည်း တစ်ကားပြီးတစ်ကားရိုက်ကူးနေရပါတယ်။ရုပ်ရှင်ဇာတ်ကားကြီး (၃) ကားမှာပါဝင်ခဲ့ဖူးပြီး အခုဆိုရင်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုမြင့်တက်နေတဲ့ “အခမ်းနားဆုံးမေတ္တာ” ဇာတ်ကားမှာပါဝင်ထားတာပါ။မင်းသမီးကိုအသားပေးတဲ့ဇာတ်ရုပ်တစ်ခုဖြစ်ပြီး လက်ရှိမှာရုံတင်ပြသနေတာပါ။ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့နေတိုးနဲ့အတူ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပြီး ပရိသတ်အချစ်တော် တိုင်ရွန်၊မေဘရဏီသော်၊သူရိယတို့ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
ချီချီကတော့ မကြာခဏဆိုသလိုအရွှန်းဖောက်ပြီး ပိုစ့်လေးတွေတင်လေ့ရှိသူပါ။အခုလည်း ရုံတင်ပြသနေတဲ့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး“Reviews တွေအရပြောရရင်တော့“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်သွားကြည့်ဖို့သူငယ်ချင်းလေးပါဘဲ ဖြစ်ဖြစ်Crush နေရသူပါဘဲဖြစ်ဖြစ်ချစ်သူလေးဘဲဖြစ်ဖြစ်ပါသွားမှအဆင်ပြေမယ်နော်။ရိုနေတဲ့ scene တွေရောက်လာလို့ကတော့သားကြီးရေ… လုပ်မနေနဲအသဲယားနေတဲ့ ကောင်မလေးကိုအကြည့်တွေပစ်ကျွေးပြီးသာချုပ်” လို့ရေးထားတာကြောင့် ပရိသတ်တွေကသဘောကျနေကြတာပါ။ဒီဇာတ်ကားဟာ Romance အမျိုးအစားဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးချီချီကတော့ ပိုးဆိုးနဲ့ပက်စက်ကို “ရို” မယ်လို့လည်းပြောထားတာပါ။Cele Gabar ပရိသတ်ကြီးထဲမှာ Crush လေးနဲ့အတူကြည့်ချင်သွားတဲ့သူတွေရှိလားနော်…။Credit-original